ခရီးစဉ်မပြီးဆုံးခင် စစ်ဆေးသင့်သည့်အချက်များ
လူကြီးမင်းတို့၏ ခရီးစဉ်အဆုံးသတ်မှာ အဆင်ပြေချောမွေ့စေရန်နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန်အတွက် အောက်ဖော်ပြပါအချက်များကို ခရီးစဉ်မပြီးဆုံးခင် ခဏတာ စစ်ဆေးပေးပါရန် တိုက်တွန်းလိုပါသည်။ မိမိ၏ ဖုန်း၊ ပိုက်ဆံအိတ်နှင့် အခြားတန်ဖိုးရှိ ပစ္စည်းများ ကားအတွင်း ကျန်ခဲ့ခြင်း ရှိ/မရှိ စစ်ဆေးပါ။ ဘက်ထရီအား မကုန်စေရန် ကားရှေ့မီးနှင့် အတွင်းမီးများ ပိတ်ထားခြင်း ရှိ/မရှိ စစ်ဆေးပါ။ လုံခြုံရေးအတွက် ကားမှန်များအားလုံးကို အပေါ်အထိ ပိတ်ပေးပါ။ ခရီးစဉ်အတွင်း မိမိအစီအစဉ်ဖြင့် ဆီဖြည့်ခဲ့ပါက End Trip မနှိပ်မီ Yoma Car Share App ရှိ Fuel Claim ကဏ္ဍတွင် ပြေစာဓာတ်ပုံရိုက်၍ တင်ပေးပါ။ သတ်မှတ်ထားသော Yoma...
Read More
နွေရာသီကာလ ယာဉ်မောင်းနှင်မှုဆိုင်ရာ လမ်းညွှန်ချက်များ
ယခုကဲ့သို့ အပူချိန်မြင့်မားသော နွေရာသီကာလတွင် ခရီးသွားလာခြင်းသည် ပုံမှန်ထက်ပိုမိုသော ဂရုပြုမှုနှင့် ပြင်ဆင်မှုများ လိုအပ်ပါသည်။ Yoma Car Share အနေဖြင့် မိမိတို့၏ မော်တော်ယာဉ်များကို ပုံမှန်စစ်ဆေးပြုပြင်မှုများ စနစ်တကျ လုပ်ဆောင်ထားသော်လည်း အလွန်အမင်း ပူပြင်းသည့် ရာသီဥတုဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သော စက်ပိုင်းဆိုင်ရာ ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန် ယာဉ်မောင်းသူများအနေဖြင့် အောက်ပါအချက်များကို သိရှိလိုက်နာရန် လိုအပ်ပါသည်။ နွေရာသီတွင် အဖြစ်များဆုံးသော ပြဿနာမှာ အင်ဂျင်အပူလွန်ကဲခြင်း ဖြစ်သည်။ ထို့ကြောင့် ခရီးစဉ်မစတင်မီ ကား၏ Coolant ခေါ် အအေးခံရည် ပမာဏနှင့် အင်ဂျင်ဝိုင် အခြေအနေများကို စနစ်တကျ စစ်ဆေးသင့်ပါသည်။ သတ်မှတ်ထားသော ပမာဏအတွင်းရှိပါက...
Read More
မိတ်ဖက်လုပ်ငန်းအဖွဲ့အစည်းများအား ဂုဏ်ယူစွာ ဖော်ပြခြင်း
InnoSights တွင် ဆန်းသစ်တီထွင်မှု၊ ထိရောက်မှုနှင့် ရေရှည်တည်တံ့စေမည့် တိုးတက်မှုများအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းကို အထူးပင်ဂုဏ်ယူမိပါသည်။ လုပ်ငန်းများအနေနှင့် Yoma InnoSights ၏ ဝန်ဆောင်မှုအား ယုံကြည်အားထားပေးခြင်းသည် ကျွန်ုပ်တို့အတွက် အဓိက အရေးအပါဆုံးအချက်ဖြစ်ပြီး ယုံကြည်စိတ်ချရသော၊ အချက်အလက်တိကျသော၊ ထိရောက်သော ဝန်ဆောင်မှု ဖြေရှင်းချက်များ ပံ့ပိုးပေးနိုင်ရန် လှုံ့ဆော်ပေးနေပါသည်။ လုပ်ငန်းကဏ္ဍအမျိုးမျိုးမှ စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီနိုင်ခဲ့ခြင်းသည် ကျွန်ုပ်တို့အတွက် အထူးဂုဏ်ယူစရာဖြစ်ပါသည်။ လုပ်ငန်းလည်ပတ်မှုများကို ပိုမိုထိရောက်စေရန်၊ တိကျသည့် အချက်အလက်များ ပံ့ပိုးပေးနိုင်ရန် နှင့် ဒစ်ဂျစ်တယ်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်နိုင်စေရန် Yoma InnoSights မှ အတူတကွ လက်တွဲလုပ်ဆောင်ပေးခဲ့ပါသည်။ ပူးပေါင်းလုပ်ဆောင်မှုတစ်ခုချင်းစီသည် တိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တန်ဖိုးဖန်တီးမှုများကို ကိုယ်စားပြုနေပါသည်။ အတူလက်တွဲပူပေါင်းလျက်ရှိသည့် မိတ်ဖက်လုပ်ငန်းများအား ဂုဏ်ယူစွာဖော်ပြလိုက်ပါသည်။ ...
Read More
၂၀၂၆ အပြည်ပြည်ဆိုင်ရာ ရိုးမ မာရသွန်ပြိုင်ပွဲ တွင် Yoma Fleet ၏ ပါဝင်ဆင်နွှဲခြင်း
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော Yoma Yangon International Marathon ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Yoma Fleet မှ ပါဝင်ကူညီခွင့်ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူမိပါသည်။ အဆိုပါ အခမ်းအနားတွင် Yoma Fleet အနေဖြင့် ပျော်ရွှင်စရာ Activity အစီအစဉ်များအပြင် ပိုမိုလုံခြုံစိတ်ချရပြီး ထိရောက်ကောင်းမွန်သော ခရီးသွားလာမှုများကို အထောက်အကူပြုနိုင်သည့် Smart Mobility နှင့် Fleet Solutions များကို Yoma Car Share၊ Yoma Innosights တို့နှင့်အတူ မျှဝေခဲ့ပါသည်။ Yoma...
Read More
-
သတင်းလွှာ
- Content Editor
- ဖေဖော်ဝါရီ 27, 2026
အပြည်ပြည်ဆိုင်ရာ ရိုးမ မာရသွန်ပြိုင်ပွဲတွင် Yoma InnoSights မှ ပါဝင်အားဖြည့်ခြင်း
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ Yoma International Marathon ကို ပါဝင်ဆင်နွှဲသူများ၊ မိသားစုဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ တစ်စုတစ်ဝေးတည်း စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ Yoma InnoSights အနေဖြင့် အဆိုပါအခမ်းအနားတွင် ပါဝင်အားဖြည့်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပြီး၊ On-ground လှုပ်ရှားမှုများ၊ ဝန်ဆောင်မှု မိတ်ဆက်ခြင်းများဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။ Yoma Car Share နှင့် Yoma Fleet တို့နှင့်အတူ ပိုမိုလုံခြုံပြီး ထိရောက်သော ခရီးသွားလာမှုများကို အထောက်အကူပြုနိုင်သည့် Smart Mobility နှင့် Fleet Solutions များကို မျှဝေခဲ့ပါသည်။ ပြိုင်ပွဲစတင်သည်မှ ပြီးဆုံးသည့်တိုင် အားမာန်အပြည့်၊ စိတ်အားထက်သန်မှုအပြည့်ဖြင့် ၅ ကီလိုမီတာ၊ ၁၀ ကီလိုမီတာ နှင့် ၂၁ ကီလိုမီတာ ပြိုင်ပွဲများကို ပါဝင်ဆင်နွှဲခဲ့ကြသူများကြောင့် Yoma International Marathon ပွဲကြီးမှာ ပိုမို အသက်ဝင်လာခဲ့ပါသည်။ ...
Read More
Assign Driver Feature ဖြင့် လုပ်ငန်းသုံးယာဉ်များကို ထိရောက်စွာ စီမံခန့်ခွဲပါ။
Yoma InnoSights Application တွင် Driver Assign Feature ဖြင့် လုပ်ငန်းသုံးယာဉ်များအား အသုံးပြုမောင်းနှင်နေသည့် ယာဉ်မောင်းများကို အတိအကျသိရှိနိုင်ပြီး ယာဉ်အသုံးပြုမှုကိုပါ အသေးစိတ် အချိန်မရွေး စောင့်ကြည့်နိုင်ပြီ ဖြစ်ပါသည်။ ယနေ့ခေတ်တွင် လုပ်ငန်းသုံးယာဉ်များကို စနစ်တကျစီမံဖို့ လိုအပ်လာပြီး ယာဉ်၏ လုပ်ဆောင်ချက်ကို ကြည့်ရှုစစ်ဆေးရုံတင် မဟုတ်ဘဲ ယာဉ်တစ်စီးချင်းစီတိုင်းကို မည်သူမောင်းနေသည်ကို သိထားခြင်းက ယာဉ်စီမံခန့်ခွဲခြင်း (Fleet Management) ကို ပိုမိုထိရောက်အောင် ကူညီပေးနိုင်ပါသည်။ Assign Driver Feature သည် စီးပွားရေး လုပ်ငန်းစဉ်များအတွက် အောက်ပါအတိုင်း ထောက်ပံ့ပေးပါသည်။ ✅ တိကျသောတာဝန်ရှိမှု – မည်သူသည် မည်သည့်ယာဉ်ကိုမောင်းနေသည့် အချက်အလက်ကို တိကျစွာ သိရှိနိုင်ခြင်း ✅ လုပ်ဆောင်မှုအခြေအနေစောင့်ကြည့်မှု – မောင်းနှင်ပုံစံနှင့် ယာဉ်အသုံးပြုပုံကို စနစ်တကျ စောင့်ကြည့်နိုင်ခြင်း ✅ လုံခြုံရေးမြှင့်တင်မှု – ခွင့်ပြုထားသော ယာဉ်မောင်းများသာ ယာဉ်ကို မောင်းနှင်အသုံးပြုနိုင်ခြင်း ✅ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်မှု – မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ယာဉ်မောင်း၏ လုပ်ဆောင်ချက်များကို ကြည့်ရှုနိုင်ခြင်း ✅ အစီရင်ခံမှု – ယာဉ်မောင်း၏ လုပ်ဆောင်မှုနှင့် ခရီးသွားမှတ်တမ်းများကို လွယ်ကူစွာ ပြန်လည်ကြည့်ရှုနိုင်ခြင်း အစရှိသည့် အချက်အလက်များဖြင့် သင့်လုပ်ငန်းလည်ပတ်မှုစနစ်ကို ပိုမိုထိရောက်စေပြီး လုံခြုံမှုကို မြှင့်တင်နိုင်ပါသည်။ Yoma InnoSights ၏ Assign Driver Feature သည် သင့်လုပ်ငန်းအတွက် ပိုမိုလုံခြုံပြီး ပိုမိုထိရောက်သော လုပ်ငန်းခွင် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
Read More