ကားငှားတဲ့အခါ “တစ်ရက်ဘယ်လောက်လဲ?” ဆိုတာက အရေးကြီးပါတယ်။ ဒါပေမယ့် အဲဒါတစ်ခုတည်းနဲ့ ဆုံးဖြတ်ဖို့တော့ မလုံလောက်ပါဘူး။
ကားရဲ့အခြေအနေကောင်းရဲ့လား။ ကိုယ့်ခရီးစဉ်နဲ့ သင့်တော်ရဲ့လား။ အစီအစဉ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ။ လမ်းပေါ်မှာ အကူအညီလိုလာရင် ဘယ်သူ့ကို ဆက်သွယ်ရမလဲ။
ကားငှားမယ့်အခါ ဒီမေးခွန်းလေးတွေကို ကြိုတင်စဉ်းစားထားရင် ပိုမိုအဆင်ပြေတဲ့ ခရီးစဉ်တစ်ခုကို စီစဉ်နိုင်ပါတယ်။
၁။ ကားအခြေအနေ
သန့်ရှင်းပြီး ကြည့်ကောင်းတာတစ်ခုတည်းနဲ့ ကားကောင်းတစ်စီးလို့ ပြောလို့ရပါသလား?
အထူးသဖြင့် ခရီးရှည်သွားမယ်ဆိုရင် တာယာ၊ ဘရိတ်၊ အဲကွန်းနဲ့ အခြားအရေးကြီးတဲ့ ယာဉ်စနစ်တွေကို စနစ်တကျ စစ်ဆေးထားခြင်းရှိ၊ မရှိ သိထားသင့်ပါတယ်။
၂။ ကိုယ့်ခရီးစဉ်နဲ့ ကိုက်ညီတဲ့ကား
ခရီးတိုင်းက မတူပါဘူး။
မြို့တွင်းလုပ်ငန်းကိစ္စတွေအတွက် Sedan တစ်စီးက သင့်တော်နိုင်သလို မိသားစုနဲ့ ခရီးထွက်တဲ့အခါ SUV တစ်စီးက ပိုအဆင်ပြေနိုင်ပါတယ်။
ဒါကြောင့် “ဘယ်ကားက အကောင်းဆုံးလဲ?” ထက် “ကိုယ့်ခရီးအတွက် ဘယ်ကားက အသင့်တော်ဆုံးလဲ?” ဆိုတာကို စဉ်းစားကြည့်ပါ။
၃။ Terms & Conditions
ကားငှားမယ့်အခါ ငှားရမ်းချိန်နဲ့ အသုံးပြုမှုစည်းမျဉ်းတွေကို ကြိုတင်သိထားဖို့ အရေးကြီးပါတယ်။
အထူးသဖြင့် ခရီးစဉ်အချိန်ဇယားက ပြောင်းလဲနိုင်တယ်ဆိုရင် Flexible Rental Terms ရှိ၊ မရှိကို သေချာစစ်ဆေးကြည့်ပါ။
အစီအစဉ်တွေက အမြဲတမ်း ကိုယ်မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာနိုင်တာကြောင့် လိုက်လျောညီထွေရှိတဲ့ ရွေးချယ်ခွင့်တွေက တကယ်အသုံးဝင်ပါတယ်။
၄။ အကူအညီလိုလာရင်?
ကားငှားပြီး လမ်းပေါ်ရောက်တဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုခု ဖြစ်လာရင် ဘယ်သူ့ကို ဆက်သွယ်ရမလဲ?
ဒါက ကားမငှားခင်ကတည်းက သိထားသင့်တဲ့ အချက်တစ်ခုပါ။
Yoma Car Share မှာ 24/7 Hotline Customer Support ရှိတာကြောင့် ကားအသုံးပြုနေစဉ် လိုအပ်တဲ့အချိန်မှာ အကူအညီရယူနိုင်ပါတယ်။
၄။ စျေးနှုန်းအပြင် ဘာတွေပါဝင်လဲ?
“တစ်ရက်ဘယ်လောက်လဲ?” ဆိုတာအပြင် “ဒီစျေးနှုန်းထဲမှာ ဘာတွေပါဝင်လဲ?” လို့ပါ မေးကြည့်ပါ။
Rental Terms၊ အသုံးပြုနိုင်တဲ့အချိန်၊ ဆီနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေနဲ့ အပိုကုန်ကျစရိတ်တွေ ရှိ၊ မရှိကို ကြိုတင်သိထားခြင်းက နောက်ပိုင်းမှာ မမျှော်လင့်ထားတဲ့ အဆင်မပြေမှုတွေကို ရှောင်ရှားနိုင်စေပါတယ်။
ကားတစ်စီးထက် ပိုတဲ့ ရွေးချယ်မှု
ကားငှားရမ်းတဲ့အခါ အရေးကြီးတာက ကားတစ်စီးရရှိဖို့သက်သက် မဟုတ်ပါဘူး။
ကိုယ့်ခရီးစဉ်နဲ့ သင့်တော်တဲ့ကား၊ ကိုယ့်အစီအစဉ်နဲ့ လိုက်လျောညီထွေရှိတဲ့ Rental Terms နဲ့ လိုအပ်တဲ့အချိန်မှာ အကူအညီရရှိနိုင်မှု — ဒီအချက်တွေက ပိုကောင်းတဲ့ ကားငှားရမ်းမှုအတွေ့အကြုံကို ဖန်တီးပေးပါတယ်။
ဒါကြောင့် နောက်တစ်ကြိမ် ကားငှားတဲ့အခါ စျေးနှုန်းတစ်ခုတည်းကို မကြည့်ဘဲ ကိုယ့်ခရီးစဉ်အတွက် တကယ်အဆင်ပြေပြီး ယုံကြည်စိတ်ချရတဲ့ ရွေးချယ်မှုလား ဆိုတာကိုပါ စဉ်းစားကြည့်ပါ။
Yoma Car Share
Let’s Go Together!




