သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှုများ

တစ်နေရာတည်း၌ ရရှိနိုင်သော နည်းပညာကမ်းလှမ်းမှုများ

Car Share

ကိုယ်တိုင် မောင်းနှင်နိုင်သော စမတ်ကား အငှားဝန်ဆောင်မှု

PLUS+

ပိုလွယ်၊ ပိုမြန်၊ ပိုကောင်းတဲ့ PLUS+ နှင့်အတူ သင့်လိုအပ်ချက်တွေကို ဖြည့်ဆည်းလိုက်ပါ။

Yoma InnoSights

တစ်ဦးချင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် IoTဖြေရှင်းနိုင်စွမ်းများ

ကုမ္ပဏီယဉ်ကျေးမှု

ကျွန်ုပ်တို့သည် တီထွင်ကြံဆမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သမာဓိရှိမှုနှင့် ရိုသေလေးစားမှု ဆိုသည့် ကျင့်ဝတ်လေးချက်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားလျှက်ရှိသည်။ ကျွန်ုပ်တို့သည် ဖန်တီးမှုစွမ်းအားနှင့် စဥ်ဆက်မပြတ်တိုးတက်မှုများကို လက်ခံကျင့်သုံးပြီး၊ တူညီသောပန်းတိုင်များကို အောင်မြင်အောင် အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်ပါသည်။ ကွဲပြားမှုများကို တန်ဖိုးထားပြီး၊ မည်သူမဆို လေးစားခြင်းနှင့် တန်ဖိုးရှိကြောင်း ခံစားနိုင်စွမ်းရှိသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလျှက်ရှိသည်။ ဤကျင့်ဝတ်များသည် ကျွန်ုပ်တို့၏ အောင်မြင်မှုကို ဦးဆောင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို လမ်းညွှန်ပေးပါသည်။

...

ကျွန်ုပ်တို့၏ ကျင့်ဝတ်

တီထွင်ကြံဆမှု
...

ကျွန်ုပ်တို့၏ ကျင့်ဝတ်

ပူးပေါင်းဆောင်ရွက်မှု
...

ကျွန်ုပ်တို့၏ ကျင့်ဝတ်

သမာဓိရှိမှု
...

ကျွန်ုပ်တို့၏ ကျင့်ဝတ်

ရိုသေလေးစားမှု
Yoma Fleet Company’s Culture

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

တစ်နေရာတည်း၌ ပြီးပြည့်စုံသော သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကဏ္ဍများမှတဆင့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်သော နေထိုင်မှုဘဝကို တည်ဆောက်ရန်

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ

ကျွန်ုပ်တို့သည် လူကြီးမင်းတို့အတွက် လိုအပ်သော မော်တော်ယာဉ်အမျိုးမျိုး (သို့မဟုတ်) စက်လုပ်ငန်းသုံး ယန္တရားများကို မြန်မာနိုင်ငံတွင် ငှားရမ်းဝယ်ယူခြင်းနှင့် ရောင်းချခြင်း စသည်တို့ကို ဆောင်ရွက်လုပ်ကိုင်လျှက် ရှိသည်။ ကျွန်ုပ်တို့သည် လူကြီးမင်း၏ တစ်ဦးတစ်ယောက်ချင်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ၏ လုပ်ငန်းစဉ်များနှင့်အညီ အကြံပေးဆောင်ရွက်လျက် ရှိသည်။
Yoma Car Share

Yoma Car Share

Yoma Car Share သည် ပို့ဆောင်ရေး လိုအပ်ချက်များကို ဖြေရှင်းရန် နာရီပိုင်းမှစတင်ပြီး လပိုင်းအထိငှားရမ်းနိုင်သော ကားအငှား ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ Yoma Car Share သည် ကိုယ်တိုင်မောင်းစနစ်ဖြင့် မောင်းနှင်ရမည်ဖြစ်ပြီး နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုထားသည့်အတွက် ကားသော့မလိုအပ်ခြင်း၊ အခြားသူများနှင့် ထိတွေ့ဆက်ဆံစရာမလိုအပ်ခြင်း၊ ငွေသားဖြင့်ပေးချေစရာ မလိုအပ်ခြင်းနှင့် နိုင်ငံတစ်ဝန်းတွင် ငှားရမ်းရန် အချက်အချာကျသည့် နေရာများတွင် ဆက်လက်တိုးချဲ့လျက် ရှိသည်။
carsales

Car Sales

Yoma Fleet မှ Car Sales သည် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် မော်တော်ကား အရောင်းအဝယ်ပြုသူများ ပါဝင်ရောက်ပြီး အင်တာနက်မှတဆင့် လေလံဆွဲနိုင်သော ကားလေလံ ဝက်ဘ်ဆိုဒ်ဖြစ်သည်။ Yoma Fleet ၏ လုပ်ငန်းတွင် အသုံးပြုပြီး ကျွန်ုပ်တို့ သတ်မှတ်ထားသော သက်တမ်းပြည့်သည်နှင့် ရောင်းချခြင်း ဖြစ်သည့်အပြင် အခြားကားကုမ္ပဏီများနှင့် တစ်ဦးချင်း ပြန်လည်ရောင်းချလိုသူများမှ ပါဝင်ရောင်းချခြင်းဖြစ်သည့် အတွက်ကြောင့် စိတ်ချယုံကြည်စွာဖြင့် အရည်အသွေးမြင့် မော်တော်ယာဥ်များကို အဆင်ပြေ ချောမွေ့လွယ်ကူစွာ လေလံ ဆွဲနိုင်ပါသည်။
Truck & Trailer

Truck & Trailer

လူကြီးမင်းလုပ်ငန်းအတွက် အရေးပေါ်လိုအပ်သော သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များကို Truck & Trailer မှ ကုန်သယ်ယာဉ်များဖြင့် ငှားရမ်းကာ ဖြည့်ဆည်းပေးလျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ကုန်သယ်ယာဉ်နှင့် တွဲများကို လူကြီးမင်းလုပ်ငန်း လိုအပ်ချက်များအတိုင်း သက်သာသောနှုန်းထားများဖြင့် ငှားရမ်းပေးလျှက် ရှိသည်။
Yomafleet Ferry Service

Ferry Service

Yoma Fleet သည် ရန်ကုန်နှင့် အနီးတဝိုက် မြို့နယ်များရှိ ကုမ္ပဏီများ၏ နေ့စဉ် သွားလာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့အပြင် အိမ်ရာများနှင့် စမတ်မြို့များသို့ ခေါက်တုံ့ခေါက်ပြန် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများကိုလည်း ပေးဆောင်ထားပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် အခက်ခဲမရှိစေရန် ပုံဖော်ထားပြီး ယာဉ်မောင်းများနှင့် လောင်စာဆီများ ပါရှိသောကြောင့် ကျွန်ုပ်တို့၏ ခရီးသည်များအတွက် သက်တောင့်သက်သာရှိပြီး ချောမွေ့သောခရီးကို သေချာစေပါသည်။
Lease to buy

Lease to Buy

ငှားရမ်းဝယ်ယူခြင်း ဆိုသည်မှာ မော်တော်ယာဥ်အသစ်များ (သို့) မရှိမဖြစ်လိုအပ်သော လုပ်ငန်းဆိုင်ရာ စက်ယန္တရားများ ဝယ်ယူရန်အတွက် ရိုးရှင်းသော ဖြေရှင်းချက်များဖြင့် ပံ့ပိုးဆောင်ရွက်လျှက် ရှိသည်။ မြန်ဆန်သော ဝန်ဆောင်မှု၊ နည်းပါးသော စာရွက်စာတမ်းနှင့် သင့်တင့်သော နှုန်းထားများ ဖြင့် ကားအသစ် (သို့မဟုတ်) လုပ်ငန်းသုံး ယာဉ်ယန္တရားများကို ကနဦးပေးချေရသည့် ပမာဏရာခိုင်နှုန်း နည်းသည့်အပြင် လစဉ်ကြေး ပေးချေခြင်းဖြင့် လူကြီးမင်း လုပ်ငန်းများကို လျှင်မြန်စွာ တိုးချဲ့စေနိုင်သည်။
Easy Lease

Easy Lease

Easy Lease သည် လူကြီးမင်းကိုယ်ပိုင် (သို့မဟုတ်) လုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ပို့ဆောင်ရေး လုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ပေးလျက် ရှိသည်။ ကားဝယ်သည်မှ လူကြီးမင်းလက်ဝယ်ရှိသည်အထိ လိုအပ်မှုအားလုံးကို ဆောင်ရွက်ပေးရုံသာမက ကားငှားရမ်းကာလအတွင်း ပြုပြင်ထိန်းသိမ်းမှု၊ အစားထိုးယာဉ်ပေးမှု အစရှိသည့် ဝန်ဆောင်မှုများကို သက်သာသင့်တင့်သော နှုန်းထားများနှင့် ဝန်ဆောင်ပေးလျက်ရှိသည်။
PLUS

PLUS+

PLUS+သည် မြန်မာနိုင်ငံရှိ တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများရှိ ဝန်ထမ်းများ၏ ပျော်ရွှင်မှုနှင့် စိတ်ချမ်းသာမှုကို မြှင့်တင်ရန်အတွက် အတွက် ဦးစားပေးဆောင်ရွက်ထားပါသည်။ ဝန်ထမ်းများသည် နေ့စဉ်လူနေမှုဘဝတွင် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို လစဉ်လစာထဲမှ ပုံသေငွေသွင်းသည့်စနစ်ဖြင့် PLUS+ တွင်ဝယ်ယူနိုင်ပြီး လုပ်ငန်းရှင်များဘက်မှလည်း မည်သည့်ငွေကြေးမျှ စိုက်ထုတ်ရန် မလိုအပ်သောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး ရရှိစေပါသည်။
Yoma InnoSights

Yoma InnoSights

ကျွန်ုပ်တို့၏ ခေတ်မီပြည့်စုံသော ဝန်ဆောင်မှုများသည် အချိန်နှင့်တပြေးညီ အချက်အလက်များ၊ အဆင့်မြင့်သုံးသပ်ချက်များနှင့် ကောင်းမွန်သော ဆက်သွယ်မှုများ ပေါင်းစပ်ကာ စွမ်းဆောင်ရည်တိုးတက်စေရန်၊ လုံခြုံမှုနှင့် လုပ်ငန်းဆောင်တာများ ပိုမိုထိရောက်စေရန်နှင့် စီးပွားရေးကဏ္ဍ အမျိုးမျိုးတွင် ပံ့ပိုးပေးရန် ဦးတည်ဆောင်ရွက်နေပါသည်။ ကျွန်ုပ်တို့၏ အဆင့်မြင့် ကိရိယာများဖြင့် သင်သည် ပြိုင်ဆိုင်မှုအတွက် အမြဲတမ်း ဦးဆောင်နေပြီး သင့်လုပ်ငန်းတွင် ယှဥ်ပြိုင်မှုကင်းသော အောင်မြင်မှုကို ရရှိနိုင်ပါသည်။ သင့်လုပ်ငန်းကို နောက်တစ်ဆင့်တက်လှမ်းနိုင်စေရန် ကျွန်ုပ်တို့ကို ယုံကြည်လိုက်ပါ - ကျွန်ုပ်တို့၏ ဖြေရှင်းနည်းများသည် သင့်မျှော်လင့်ချက်များကို ကျော်လွန်မည်ဟု ယုံကြည်ပါသည်။
Yoma Link

Yoma Link

Yom Link သည် စီးပွားရေး လုပ်ငန်းများအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အရောင်းအဝယ် ပြုလုပ်သည့်နည်းလမ်းများကို ပိုမိုလျှင်မြန်ပြီး သက်သာသော ကုန်ကျစရိတ်များနှင့် ပိုမို အဆင်ပြေ လွယ်ကူစေပါသည်။ ဝယ်ယူသူများနှင့် ရောင်းချသူများအား တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး အဆင်ပြေချောမွေ့ လွယ်ကူစေပါသည်။

0

Brands

0

AUM

0

Fleets

0

Employees

0

Locations

ကျွန်ုပ်တို့အကြောင်း

Yoma Fleet တွင် လူကြီးမင်းတို့အား ၁၀ဝ% ကျေနပ်မှု ရရှိစေရန်အတွက် ကဏ္ဍအသီးသီး မှ ကျွမ်းကျင် ဝန်ထမ်းများက လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများ (သို့မဟုတ်) တစ်ဦးချင်းစီ၏ လုပ်ငန်းကို ထိရောက်မှုရှိစွာ ပုံမှန် လည်ပတ်နိုင်စေရန် ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် ထောက်ပံ့ပေးလျှက် ရှိပါသည်။ PLUS+ ဆိုသည်မှာ လုပ်ငန်းရှင်များအတွက် ၎င်းတို့၏ဝန်ထမ်းများ လုပ်ငန်းခွင်တွင် မြဲမြံစေရန်၊ စိတ်ပျော်ရွှင်မှုရှိစေရန်နှင့် ဝန်ထမ်းများ ငွေရေးကြေးရေး အဆင်ပြေစွာဖြင့် နေ့စဉ်လူနေမှုဘဝတွင် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူနိင်သည့် e-commerce အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ထို့အပြင် သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေး ထုတ်ကုန်များတွင် အဆင်ပြေပြေနှင့် ထိရောက်လွယ်ကူမှုကို ပြန်လည်သတ်မှတ်ရန် အတွက် နောက်ထပ်လာမည့် IoT ဆန်းသစ်တီထွင်မှုများနှင့် ပတ်သက်၍ စိတ်လှုပ်ရှားစေပါသည်။

မိတ်ဖက်ကုမ္ပဏီများ

century

Newsletter နှင့် Blog ရှိ နောက်ဆုံးရ အချက်အလက်များ

အသေးစိတ် ကြပ်မတ်စီမံခြင်းမရှိဘဲ ယာဉ်မောင်းများ၏ တာဝန်ယူစိတ်အား မြှင့်တင်ခြင်း
အသေးစိတ် ကြပ်မတ်စီမံခြင်းမရှိဘဲ ယာဉ်မောင်းများ၏ တာဝန်ယူစိတ်အား မြှင့်တင်ခြင်း

ယာဉ်မောင်းတစ်ဦး၏ တာဝန်ယူစိတ်ဆိုသည်မှာ ယာဉ်တစ်စီးအတွက် အလွန်အရေးပါသော အရာတစ်ခု ဖြစ်ပါသည်။ သို့သော် အသေးစိတ် ကြပ်မတ်စီမံခြင်းက...

မေလမှာ Chatrium Hotel Rental Hub ကိုရွေးချယ်ပြီး၁၀% လျှော့စျေးကိုယူ
မေလမှာ Chatrium Hotel Rental Hub ကိုရွေးချယ်ပြီး၁၀% လျှော့စျေးကိုယူ

အခုလို မေလရဲ့ နွေရက်တွေမှာ ဟိုနား ဒီနားကိုခရီးသွားလာဖို့အတွက် ကားငှားမယ်ဆိုရင်  Chatrium Hotel Rental...

Yoma Car Share အသုံးပြုနည်း လမ်းညွှန်ချက်
Yoma Car Share အသုံးပြုနည်း လမ်းညွှန်ချက်

ကိုယ်တိုင်မောင်းနှင်နိုင်သော ကားငှားရမ်းမှုများသည် လူများ၏ သယ်ယူပို့ဆောင်ရေး အလေ့အထများကို ပြောင်းလဲစေခဲ့ပါသည်။ Yoma Car Share...

Yoma Fleet ၏ ၁၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား
Yoma Fleet ၏ ၁၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

Yoma Fleet သည် ၂၀၂၅ ခုနှစ်တွင် ဆန်းသစ်တီထွင်မှု၊ အောင်မြင်မှုများစွာဖြင့် ၁၁ နှစ်တာ ခရီးတစ်ခုကို...

လူနေမှုဘဝအပေါ်  ဆိုလာ၊ အင်ဗာတာနှင့် ဘက်ထရီတို့ကဘယ်လိုအကျိုးပြုနေလဲ? 
လူနေမှုဘဝအပေါ်  ဆိုလာ၊ အင်ဗာတာနှင့် ဘက်ထရီတို့ကဘယ်လိုအကျိုးပြုနေလဲ? 

ကမ္ဘာကြီးဟာ နေ့စဉ်ပြောင်းလဲလာသည်နှင့်အမျှ ကျွန်ုပ်တို့၏နေထိုင်မှုပတ်ဝန်းကျင်လည်း ပြောင်းလဲလာပါသည်။ နည်းပညာတိုးတက်မှုများ၏ အရှိန်အဟုန်ကြောင့် လူများသည် ၎င်းတို့၏နေ့စဉ်ဘဝကို မြှင့်တင်ရန်...

Newsletter စာရင်းသွင်းခြင်း

ယနေ့ပဲ Newsletter ကို စာရင်းသွင်းပြီး သယ်ယူပို့ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ ငွေကြေးဆိုင်ရာများနှင့် နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ရယူလိုက်ပါ။