Yoma Car share သည် ၂၀၁၈ ခုနှစ်မှ စတင်ကာ နိုင်ငံတစ်ဝန်းတွင် နာရီပိုင်းမှစတင်ပြီး လပိုင်းအထိ ကိုယ်တိုင်မောင်းစနစ်ဖြင့် ကားများကို အွန်လိုင်းမှတဆင့် ငှားရမ်းနိုင်တာကြောင့် အနာဂတ်မှာ သင့်ရဲ့ သယ်ယူပို့ဆောင်ရေးလိုအပ်ချက်နှင့်ပတ်သက်ပြီး အချိန်မကုန်ပဲ အဆင်ပြေ ချောမွေ့လွယ်ကူစေတဲ့ အတွေ့အကြုံကို ခံစားကြည့်လိုက်ပါ။ Yoma Car Share သည် ခေတ်မှီဆန်းသစ်သည့် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားပြီး ကားငှားရမ်းရာမှာ ဘေးကင်းလုံခြုံမှုနှင့်အတူအကောင်းဆုံးဝန်ဆောင်မှုကို ပေးလျက်ရှိပါသည်။ အချိန်မရွေးနေရာမရွေး ခရီးစဥ်ပေါ်မူတည်ပြီး မိမိတို့ နှင့်လိုအပ်ချက်နှင့် ကိုက်ညီမည့် ကားများကို ကျွန်ုပ်တို့၏ မိုဘိုင်းအက်ပ်လီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုက်မှ တဆင့် လွယ်ကူစွာဖြင့် ကားအမျိုးအစား မျိုးစုံ ကို ရွေးချယ်ကာ ငှားရမ်းနိုင်ပါသည်။ ခရီးတိုငှားရမ်းမှုဖြစ်စေ ရေရှည်ငှားရမ်းမှုများအတွက်ဖြစ်စေ သင်ဘယ်နေရာရောက်ရောက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အဆင်ပြေ ချောမွေ့လွယ်ကူစေရန် ခေတ်မီဆန်းသစ်သော ဝန်ဆောင်မှုကို ပြန်လည် မြှင့်တင်ပေးထားလျက် ရှိပါသည်။
ကားငှားပြီးသည်နှင့် လူကြီးမင်း၏ ကိုယ်ပိုင်ကားကဲ့သို့ ဘယ်အချိန် ဘယ်နေရာကိုမဆို စိတ်ကြိုက် မောင်းနှင်နိုင်ပါသည်။
မည်သည့်အချိန်တွင်မဆို Reservation တင်နိုင်ပြီး လူကြီးမင်းနှင့် အနီးဆုံး Rental Hub တွင် ကားရယူနိုင်သည်။
Yoma Car Share သည် သာမန်အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းများကဲ့သို့မဟုတ်ဘဲ အလိုအလျောက် နည်းပညာစနစ်ဖြင့် လွယ်ကူစွာ ကားငှားနိုင်သောကြောင့် လူကြီးမင်း အနေဖြင့် ကားသော့မလိုဘဲ ကားအတွင်း ဝင်ရောက်မောင်းနှင်နိုင်မည် ဖြစ်ပါသည်။
ကားငှားရမ်းခ ငွေပေးချေရာတွင်လည်း ကာစတန်မာများ အဆင်ပြေချောမွေ့လွယ်ကူစေရန် Credit/Debit Card သို့မဟုတ် အခြားသော ငွေပေးချေမှုစနစ်များဖြစ်သော MPU, WavePay, KBZPay နှင့် ပေးချေနိုင်သည်။
Yoma Car Share မှ သတ်မှတ်ထားသည့် ဆီဆိုင်များတွင် အခမဲ့ ဆီဖြည့်နိုင်ပြီး အခြားဆိုင်များတွင် ဖြည့်ခဲ့ပါက ပြေစာနှင့်တကွ ခရီးစဉ်မပြီးဆုံးမီ ပြန်လည်တောင်းခံနိုင်သည်။
Yoma Car Share hotline သည် လူကြီးမင်း ခရီးစဉ်တလျှောက် လိုအပ်သော အကူအညီများ ပေးနိုင်ရန် ၂၄ နာရီ ၇ ရက် ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
Compacts၊ Sedan၊ MPVs မှ SUVs၊ 10 Seaters နှင့် 14 Seaters အစရှိသော ကားများကိုငှားရမ်းနိုင်တာကြောင့် သင့်၏ သယ်ယူပို့ဆောင်ရေး လိုအပ်ချက်နှင့် ကိုက်ညီသော ကားမော်ဒယ်များကို ရွေးချယ်နိုင်မှာဖြစ်ပါသည်။
Yoma Car Share တွင် ငှားရမ်းသည့်အခါ အလုံးစုံ မော်တော်ယာဉ်အာမခံ ပါဝင်သည်။ အဖွဲ့ဝင်၏ ယာဉ်မောင်းလိုင်စင်အပေါ် မူတည်၍ အာမခံ အကျုံးဝင်မှု ကွဲပြားနိုင်သည်။ အာမခံမူဝါဒအသေးစိတ်များကိုသိနိုင်ဖို့ Yoma Car Share မှာကြည့်ရှုနိုင်ပါသည်။
လိုအပ်တဲ့ အချက်အလက်များကိုထည့်သွင်းခြင်းဖြင့် အခမဲ့စာရင်းပေးသွင်းနိုင်ခြင်း။
Yoma Car Share ၏ ဝက်ဘ်ဆိုဒ် (သို့) မိုဘိုင်း အပ်ပလီကေးရှင်းတွင် မိမိကြိုက်နှစ်သက်ရာ ကားမော်ဒယ်အမျိူးအစားကိုမဆို ရွေးချယ်ပြီး ငှားရမ်းနိုင်ခြင်း။
ကိုယ်တိုင်မောင်းနှင်ခြင်း (သို့မဟုတ်) အရံယာဉ်မောင်းတစ်ဦးပါ ထည့်သွင်းစာရင်းပေးနိုင်ခြင်း။
ပြန်လည်အပ်နှံရန် ရွေးချယ်ထားသော rental hub သို့ သွားရောက်အပ်နှံခြင်း (သို့မဟုတ်) ခရီးစဥ်တစ်ကြောင်းစာပေးချေခြင်းဖြင့် တခြား rental hubတွင် သွားရောက် အပ်နှံနိုင်ခြင်း။
ရန်ကုန်မြို့နှင့် အဓိကမြို့ကြီးများရှိ rental hub ၂၄ ခုတွင် ကိုယ်တိုင်မောင်း ကားအငှားဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ ရယူနိုင်ပါသည်။
Yoma Car Share တွင် ကားအမျိုးအစား မျိုးစုံကို တစ်ဦးချင်း (သို့) လုပ်ငန်းအဖွဲ့အစည်းများအတွက် မိမိတို့လိုအပ်ချက်များနှင့်ကိုက်ညီမည့်ကားကိုရွေးချယ်ကာ နာရီပိုင်းမှစပြီး လပိုင်းအထိ လိုအပ်သည့်အချိန်အတိုင်းအတာထိသာ ငှားနိုင်ဖို့ဖော်ဆောင်ထားပြီး နောက်ဆုံးပေါ်နည်းပညာများကိုအသုံးပြုထားတာကြောင့် ငှားရမ်းသူများအတွက် အတွေ့အကြုံကောင်းများကို ရရှိစေမှာဖြစ်ပါသည်။
Yoma Car Share ၏ နောက်ဆုံးပေါ် နည်းပညာ ပလက်ဖောင်းနဲ့အတူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ချိတ်ဆက်ပြီး သင်သွားလိုသော ခရီးစဉ် တစ်လျှောက်ကို အဆင်ပြေချောမွေ့စွာနဲ့ သက်တောင့်သက်သာရှိအောင် ဆောင်ရွက်ပေးသွားမှာပါ။ Yoma Car Share သည် သင့်ရဲ့ဘေးတွင် ရှိနေမှာပါ။
ကြိုတင်စာရင်းသွင်းရန်