Yoma Fleet ၏ အောင်မြင်မှုတိုင်းကို Yoma Fleet တွင်ရှိသော ဌာနတိုင်း၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ဆောင်နေသည်။ ဌာနအသီးသီးမှ ကျွမ်းကျင်မှုများကို ပေါင်းစပ်ကာ ဆန်းသစ်သော မော်တော်ယာဥ် ဝန်ဆောင်မှု့ လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်။ ကျွန်ုပ်တို့၏ IT ဌာန သည်လည်း နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် အခြားသော ဌာနများ၏ ပူးပေါင်းကြိုးပမ်းမှုများကို ပေါင်းစပ်ကာ လုပ်ဆောင်ပေးနေပါသည်။
လက်တွေ့အသုံးချနိုင်သော ကိရိယာများမှစ၍ စနစ်တကျ စီမံထားသော စနစ်များအထိ၊ လုပ်ဆောင်ချက်တစ်ခုစီသည် မတူညီသော ဌာနများအကြားတွင် တူညီသောပန်းတိုင်ကို ရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကို ပြနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် နည်းပညာကို လမ်းညွှန်အဖြစ် အသုံးပြုကာ ပိုမိုကောင်းမွန်းသောတွေးခေါ်မှုများဖြင့် ဖြေရှင်းနည်းများကို အတူတကွ ပေးစွမ်းရန် ရည်ရွယ်ထားသည်။ ဤဆောင်းပါးမှ တစ်ဆင့် Yoma Fleet ၏ IT ဌာနအတွင်း လုပ်ဆောင်နေသော အခန်းကဏ္ဍများကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Yoma Fleet ITဌာန ၏ ပုံရိပ်များ

Yoma Fleet ၏ ဌာနအလိုက်ခရီးသွားပုံရိပ်များ
Yoma Fleet ရှိ IT ဌာန ၏ လုပ်ဆောင်ချက်များ
Yoma Fleet ရှိ IT ပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှု၏ ဗဟိုချက်မှာ IT ဌာန ဖြစ်ပါသည်။ IT ဌာနသည် စိတ်ကူးများကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်ရန် ရည်မှန်းထားသော ပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ Scrum ကဲ့သို့သော Agile နည်းလမ်းများကို အသုံးပြုကာ၊ ပြသနာတိုင်း၏ အဖြေကို ထိရောက်စွာနှင့် လျင်မြန်စွာ ပေးနိုင်ရန် သေချာစေသည်။ (ကျွန်ုပ်တို့၏ Agile Mindset ဘလော့ဂ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
နေ့စဉ် မနက်ခင်းတိုင်းတွင် အဖွဲ့ဝင်များ၏ ဦးစားပေးလုပ်ငန်းများကို ညှိနှိုင်းပြီး တစ်နေ့တာ စိန်ခေါ်မှုများကို ဖြေရှင်းရန် အတွက် မနက်ပိုင်းအစည်းအဝေးများ (Stand-up Meeting) ကို ပြုလုပ်ပါသည်။ ဤလုပ်ရိုးလုပ်စဉ်သည် အဖွဲ့ဝင်များအတွက် အာရုံစူးစိုက်မှုကို ရရှိစေပြီး၊ လိုအပ်ချက်များ နှင့် ပြောင်းလဲမှုများကို လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်စေရန် ပြုလုပ်ပေးသည်။ နေ့စဉ်လုပ်ငန်းများအပြင်၊ စိတ်ကူးသစ်များကို ဖော်ထုတ်ရန် ဆွေးနွေးမှု့များနှင့် အဖွဲ့ဝင်များ၏ ဆွေးနွေးမှုများသည် ကုမ္ပဏီ၏ ဦးတည်ချက်ကို ပုံဖော်ရာတွင် အထောက်အကူပြုသည်။
ကျွန်ုပ်တို့၏ ချဉ်းကပ်မှုတွင် အဖွဲ့ဝင်တိုင်း၏ ပါဝင်မှုကို အဓိကထားပြီး၊ အဖွဲ့ဝင်တိုင်းသည် (USA၊ Canada၊ UK၊ Pakistan၊ Thailand၊ Indonesia၊ သို့မဟုတ် Vietnam) နေရာမရွေး၊ တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရန် သေချာစေသည်။ ကျွန်ုပ်တို့၏ Hybrid လုပ်ငန်းပုံစံသည် ရုံးတွင်းနှင့် ရုံးပြင်မှ ပူးပေါင်းဆောင်ရွက်မှုများ၏ အကျိုးကျေးဇူးများကို ပေါင်းစပ်ကာ၊ စစ်မှန်သော ချိတ်ဆက်မှုနှင့် ပါဝင်မှုရှိသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။

မနက်ပိုင်းအစည်းအဝေး လုပ်ဆောင်နေသည့် ပုံရိပ်များ

Town Hall အစည်းအဝေး လုပ်ဆောင်နေသည့် ပုံရိပ်များ
ကျွန်ုပ်တို့ အသုံးပြုသော နည်းပညာများ
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ ကျွန်ုပ်တို့၏ IT ဌာနသည် လက်တွေ့အသုံးဝင်သော ကိရိယာများနှင့် နည်းလမ်းများကို အသုံးပြုကာ လုပ်ငန်းတစ်ခုလုံး၏ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်သည့် အဖြေများကို လုပ်ဆောင်ပေးလျက် ရှိပါသည်။ အောက်တွင်ဖော်ပြထားသည်မှာ ကျွန်ုပ်တို့ အသုံးပြုနေသော နည်းပညာများဖြစ်သည် –
Cloud-Native Applications
- ကျွန်ုပ်တို့သည် AWS ကဲ့သို့ Cloud နည်းပညာများကို အသုံးပြုကာ လုံခြုံပြီး ပြောင်းလွယ်ပြင်လွယ်ရှိသည့် စနစ်များကို တည်ဆောက်သည်။
Microservices နှင့် Serverless Architecture-Based Products
- Modular နှင့် Serverless Architecture များကို အသုံးပြုခြင်းဖြင့်၊ ထိန်းသိမ်းရန် လွယ်ကူပြီး လိုက်လျောညီထွေဖြစ်စေရန် ပြုလုပ်နိုင်သည့် ထိရောက်သော နည်းလမ်းများကို ဖန်တီးသည်။
DevOps Practices
- ကျွန်ုပ်တို့သည် Continuous Integration နှင့် Continuous Deployment (CI/CD) လုပ်ငန်းစဉ်များကို အသုံးပြုကာ၊ Infrastructure as Code (IaC) ဖြင့် လုပ်ငန်းစဉ်များကို စနစ်တကျ စီမံခန့်ခွဲသည်။ ဤနည်းလမ်းများသည် ဖွံ့ဖြိုးမှုနှင့် ပြင်ဆင်မှုလုပ်ငန်းစဉ်များကို ပိုမိုချောမွေ့စေပြီး၊ အလိုအလျောက် စီမံခန့်ခွဲမှုကို ဖြစ်စေသည်။ (ကျွန်ုပ်တို့၏ CI/CD လုပ်ငန်းစဉ်များအကြောင်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
Modern Data နှင့် Analytics
- ကျွန်ုပ်တို့သည် Lakehouse architecture ကဲ့သို့သော ကိရိယာများကို အသုံးပြုကာ၊ ဒေတာသိုလှောင်မှုနှင့် ဒေတာစိစစ်မှုများကို ပေါင်းစည်းပြီး လုပ်ငန်းစဉ်များကို ပိုမိုချောမွေ့စေသည်။ ဤနည်းပညာများသည် ဒေတာစီမံခန့်ခွဲမှုကို ခေတ်နှင့်အညီ သက်ရောက်မှု ရှိစေပြီး၊ ပိုမိုထက်မြက်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စေသည်။ (Lakehouse architecture အကြောင်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
ဤနည်းပညာများသည် Yoma Fleet ၏ IT ဌာနကို ပိုမိုထိရောက်ပြီး ဆန်းသစ်တီထွင်မှုများ ပြုလုပ်နိုင်စေရန် အထောက်အကူပြုသည်။

Yoma Fleet နှင့် AWS ပူးပေါင်းဆောင်ရွက်ခြင်းများ

Yoma Fleet နှင့် AWS ပူးပေါင်းဆောင်ရွက်ခြင်းများ
ကျွန်ုပ်တို့သည် လက်တွေ့ပြဿနာများကို မည်ကဲ့သို့ ဖြေရှင်းသနည်း
ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်သည် လက်တွေ့စိန်ခေါ်မှုများကို စနစ်တစ်ကျ သတ်မှတ် ဖော်ထုတ်ခြင်းဖြင့် စတင်ပါသည်။ ပူးပေါင်းဆောင်ရွက်မှု၊ ပုံစံကြမ်းများဖန်တီးခြင်းနှင့် အစဥ်အမြဲ တိုးတက်စေရန် ကြိုးစားခြင်းတို့ဖြင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် အသုံးပြုသူများ၏ လိုအပ်ချက်များကို အကျိုးရှိစွာ ဖြေရှင်းပေးနိုင်စေရန် သေချာစေပါသည်။
(ဥပမာတစ်ခုမှာ လက်ရှိ Yoma Car Share တွင်အသုံးပြုနေသော စနစ်တစ်ခုနှင့် ပတ်သတ်သည့် စိန်ခေါ်မှု ဖြစ်သည်။ ၎င်းမှာ အသုံးပြုသူများသည် လုံခြုံပြီး အဆင်ပြေသော ယာဉ်မောင်းနှင်ခွင့်နှင့် ပတ်သက်၍ စိန်ခေါ်မှုများရှိခဲ့သည်။ ကျွန်ုပ်တို့၏ IT ဌာနသည် ကားတံခါးဖွင့်ခြင်းပိတ်ခြင်းကို Bluetooth နှင့် Wi-Fi ကို အသုံးပြုခြင်းဖြင့်လုပ်ဆောင်နိုင်သော စနစ်တစ်ခုကို ဖန်တီးခဲ့ပြီး၊ လုံခြုံရေးနှင့် အသုံးပြုသူ စိတ်ကျေနပ်မှု့ကို မြှင့်တင်ပေးခဲ့သည်။)
အခါအားလျော်စွာ၊ ကျွန်ုပ်တို့သည် ထုတ်ကုန်မွမ်းမံမှုများကို လုံခြုံစေရန်နှင့် အသုံးပြုသူများကို အနှောင့်အယှက်မဖြစ်စေရန် ညသန်းခေါင်အချိန်များတွင် releases များကို လုပ်ဆောင်လေ့ရှိပါသည်။ ဤ releases များသည် ကျွန်ုပ်တို့ IT ဌာန၏ ကြိုးစားအားထုတ်မှုနှင့် အနစ်နာခံမှုကို ထင်ဟပ်စေပါသည်။ IT ဌာန သည် မကြာခဏ ညနက်ပိုင်းအထိ အလုပ်လုပ်ကာ အရည်အသွေးမြင့်မားသော ဖြေရှင်းနည်းများဖြင့် နည်းပညာများကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပေးနေပါသည်။ ထိုဖြေရှင်းနည်းများသည် ကွာခြားမှုဖြစ်စေရုံသာမက၊ အသုံးပြုသူအတွေ့အကြုံကို မြှင့်တင်ပေးပါသည်။

IoT Team: GPS နှင့် CCTV Research and Development

IoT Team: Dashboard ဒေတာများကို သုံးသပ်ခြင်း
ပူးပေါင်းဆောင်ရွက်မှု
ကျွန်ုပ်တို့၏ IT ဌာနသည် ဖန်တီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သင်ယူမှုကို တန်ဖိုးထားသော ယဉ်ကျေးမှုကို ကိုင်ဆောင်ထားသော အသင်းအဖွဲ့ဖြစ်ပါသည် ။ အဖွဲ့ဝင်များအား ၎င်းတို့၏စိတ်ကူးသစ်များကို စမ်းသပ်ရန်၊ အတွေ့အကြုံများမှ သင်ယူရန်နှင့် ဆက်လက်တိုးတက်ရန် အားပေး လုပ်ဆောင်နေသည့် အသင်းအဖွဲ့လည်းဖြစ်သည်။ ဤ ချဉ်းကပ်မှုသည် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေးပြီး၊ စိန်ခေါ်မှုများကို ထိရောက်စွာ ဖြေရှင်းနိုင်စေသည်။
အသင်းအဖွဲ့လိုက် လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်သည်။ ကျွန်ုပ်တို့သည် မတူညီသော ကျွမ်းကျင်မှုများနှင့် စိတ်ကူးများကို မျှဝေကာ၊ ဆန်းသစ်ပြီး လက်တွေ့ကျသော အဖြေများကို ဖန်တီးသည်။ Yoma Fleet သည် အဖွဲ့ဝင်တိုင်း၏ စိတ်ကူးများကို တန်ဖိုးထားသည့်အတွက်၊ ဤပူးပေါင်းဆောင်ရွက်မှုသည် ကျွန်ုပ်တို့ကို ပိုမိုတိုးတက်စေသည်။
ကျွန်ုပ်တို့သည် Town Hall အစည်းအဝေးများနှင့် အသိပညာမျှဝေခြင်းများကို ပြုလုပ်သည့်အတွက်၊ ပွင့်လင်းမြင်သာသော ဆက်သွယ်မှုနှင့် သင်ယူမှုအခွင့်အလမ်းများကို ဖန်တီးပေးသည်။ ဤလုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပါသည်။
ကျွန်ုပ်တို့သည် ဌာနအသီးသီးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကာ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အဖြေများကို ဖန်တီးလျက်ရှိပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ဌာနအတွင်း ထူးခြားသော Culture များနှင့် ပွဲကျင်းပမှုများမှတစ်ဆင့် ပျော်ရွှင်မှုနှင့် ချိတ်ဆက်မှုကို တန်ဖိုးထားသည့်အလျောက် ဌာနလိုက် ခရီးထွက်ခြင်း၊ မွေးနေ့ကျင်းပခြင်းနှင့် ယဉ်ကျေးမှုပွဲတော်များကဲ့သို့သော ပျော်ရွှင်ဖွယ်အခိုက်အတန့်များသည် ကျွန်ုပ်တို့ကို ပိုမိုစည်းလုံးစေပြီး၊ Yoma Fleet တွင် စိတ်အားထက်သန်စွာ အလုပ်လုပ်ရန် ထူးခြားသောနေရာတစ်ခုဖြစ်စေသည်။

Town Hall အစည်းအဝေး
အပိတ်စကား
Yoma Fleet ၏ အောင်မြင်မှုသည် ပူးပေါင်းဆောင်ရွက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စိတ်အားထက်သန်မှုတို့ဖြင့် ဖွဲ့စည်းထားသည်။ Yoma Fleet ၏ အောင်မြင်မှုတိုင်း၏ နောက်ကွယ်မှ လုပ်ဆောင်နေကြသော ဌာနများထဲမှ တစ်ခုမှာ IT ဌာန ဖြစ်ပါသည်။ ကျွန်ုပ်တို့နှင့်အတူ လက်တွဲပါဝင် ဆောင်ရွက်လိုပါက https://career.yomafleet.com/ ကို ဝင်ရောက် လေ့လာနိုင်ပါသည်။