Lakehouse ဆိုသည်မှာ အဘယ်နည်း
Lakehouse ဆိုသည်မှာ data lake နှင့် data warehouse တို့၏ အကောင်းဆုံး အင်္ဂါရပ်များကို ပေါင်းစပ်ထားသော အဆင့်မြင့် ဒေတာစီမံခန့်ခွဲမှု စနစ်တစ်ခု ဖြစ်သည်။ ၎င်းသည် data lake ၏ ဒေတာပမာဏ တိုးပွားလာခြင်းအပေါ် ကိုင်တွယ်ပြောင်းလဲနိုင်ခြင်း နှင့် data warehouse ၏ ခိုင်မာသောဒေတာစီမံခန့်ခွဲမှု တို့ကို ပေါင်းစပ်ထားသည်။ ဤကဲ့သို့ ပေါင်းစပ်ထားသောကြောင့် စီးပွားလုပ်ငန်းများအတွက် များပြားသောဒေတာများကို ထိရောက်စွာနှင့် ယုံကြည်စိတ်ချစွာ သိမ်းဆည်းရန်၊ စီမံခန့်ခွဲရန်နှင့် ခွဲခြမ်းစိတ်ဖြာရန် ကူညီပေးပါသည်။
Lakehouse ၏ အားသာချက်များနှင့် စီးပွားရေးအတွက် အကျိုးကျေးဇူးများ
ဒေတာပမာဏ တိုးပွားလာခြင်းအပေါ် ကိုင်တွယ်ပြောင်းလဲနိုင်ခြင်း
Lakehouse များအား ဒေတာပမာဏများပြား လာသည်နှင့်အမျှ ဒေတာပမာဏ တိုးပွားလာခြင်းအပေါ် အလွယ်တကူ ကိုင်တွယ်ပြောင်းလဲနိုင်ရန်အတွက် ဒီဇိုင်းထုတ်ထားသည်။ ၎င်းသည် စီးပွားရေးလုပ်ငန်းများအတွက် သိသာသော infrastructure ပိုင်းဆိုင်ရာ ပြောင်းလဲမှုမရှိဘဲ များပြားသော ဒေတာလိုအပ်ချက်များအား ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။ ဒေတာအမျိုးအစား များစွာကို ကိုင်တွယ်ပြောင်းလဲနိုင်ခြင်းကြောင့် လုပ်ငန်းများသည် မတူညီသော ဒေတာအရင်းအမြစ်များကို စီမံခန့်ခွဲနိုင်ပါသည်။
ကုန်ကျစရိတ်သက်သာခြင်း
Lakehouse များသည် cloud သိုလှောင်မှုကို အသုံးပြုထားသောကြောင့် များပြားသောဒေတာအတွဲများကို သိမ်းဆည်းရန်အတွက် ကုန်ကျစရိတ်သက်သာသော အဖြေကို ပေးဆောင်ပါသည်။ Computing နှင့် ဒေတာသိုလှောင်မှုတို့ကို ပိုင်းခြားထားခြင်းကြောင့် ဒေတာအရင်းအမြစ်ခွဲဝေမှုကို ထိရောက်စွာ လုပ်ဆောင်နိုင်ပြီး ကုန်ကျစရိတ်များကို လျှော့ချပေးသည်။
မြင့်မားသောစွမ်းဆောင်ရည်
Lakehouse များသည် စွမ်းဆောင်ရည်မြင့်မားသော query စွမ်းရည်များကို ပေးစွမ်းပြီး ဒေတာပြန်လည်ရယူခြင်းနှင့် ဒေတာခွဲခြမ်းစိတ်ဖြာမှုတို့ကို ပိုမိုမြန်ဆန်စေသည်။ အချိန်နှင့်တပြေးညီ ဒေတာခွဲခြမ်းစိတ်ဖြာမှုများနှင့် လျင်မြန်သော ဆုံးဖြတ်ချက်ချရန် လိုအပ်သော စီးပွားရေးလုပ်ငန်းများအတွက် ၎င်းသည် မရှိမဖြစ်လိုအပ်ပါသည်။
ဒေတာယုံကြည်စိတ်ချရမှုနှင့် ACID Compliance
Lakehouse များသည် ACID (Atomicity, Consistency, Isolation, Durability) transactions ကို လိုက်နာခြင်းဖြင့် ဒေတာ၏ ယုံကြည်စိတ်ချရမှုကို ထိန်းသိမ်းထားသည်။ ၎င်းသည် စီးပွားရေးလုပ်ငန်းများအတွက် စနစ်ကျပြီး ယုံကြည်စိတ်ချရသော transaction များကို ဆောင်ရွက်ပေးပါသည်။
ထိရောက်စွာ ဒေတာစီမံခန့်ခွဲမှု
စီးပွားရေးလုပ်ငန်းများသည် ဒေတာများကို Lakehouse ဖြင့် စီမံခန့်ခွဲမှု၊ လုံခြုံမှုနှင့် မှန်ကန်မှု စသည်တို့ကို လွယ်ကူစွာ ပြုလုပ်နိုင်သည်။ ဤစနစ်သည် ဒေတာရှုပ်ထွေးမှုများနှင့် အထွေထွေ ကုန်ကျစရိတ်များကို လျော့ချပေးပါသည်။
ဒေတာပေါင်းစည်းခြင်းကို ပိုမိုကောင်းမွန်စေရန် မြှင့်တင်ပေးခြင်း
Lakehouse သည် ဒေတာများကို တစ်စုတစ်စည်းတည်းကြည့်ရှုနိုင်ရန် လုပ်ဆောင်ပေးခြင်းဖြင့် မတူညီသောလုပ်ငန်းယူနစ်များတစ်လျှောက် ဒေတာ ပေါင်းစည်းခြင်းကို ပိုမိုကောင်းမွန်စေရန် မြှင့်တင်ပေးပါသည်။ ဤအချက်သည် ဒေတာအခြေပြု ဆုံးဖြတ်ချက်ချမှုများတွင် မြန်ဆန်စေပြီး စီးပွားရေးအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များကို လွယ်ကူစွာ ရယူရန် အထောက်အကူပြုသည်။
Yoma Car Share နှင့် PLUS+ Products အတွက် Lakehouse ကို အသုံးပြုခြင်း
Yoma Car Share
Yoma Car Share သည် Lakehouse architecture ကို အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးများ အများကြီး ရရှိထားပါသည်။ Vehicle sensor များ၊ အပလီကေးရှင်းများနှင့် transactional system များကဲ့သို့ မတူညီသော ဒေတာရင်းမြစ်များမှ ဒေတာများအား စုဆောင်းပြီး data analytics နှင့် reporting ကိုပြုလုပ်နိုင်သောကြောင့် ပိုမိုတိကျသော ဒေတာအချက်အလက်များအား ရရှိမည်ဖြစ်သည်။ ဤဒေတာပလက်ဖောင်းသည် အချိန်နှင့် တပြေးညီ ယာဉ်အသုံးပြုခြင်းကို စောင့်ကြည့်မှု၊ ကြိုတင်ပြင်ဆင်နိုင်မှုစသည့် ဝန်ဆောင်မှုများဖြင့် သုံးစွဲသူအတွေ့အကြုံများအား မြှင့်တင်ပေးပါသည်။ Lakehouse ၏ ဒေတာပမာဏ တိုးပွားလာခြင်းအပေါ် ကိုင်တွယ်ပြောင်းလဲနိုင်ခြင်းနှင့် စွမ်းဆောင်ရည်မြင့်မားခြင်း တို့ သည် Yoma Car Share တွင် ဒေတာပမာဏ တိုးလာသည်နှင့်အမျှ ထိရောက်စွာ ဖြေရှင်းနိုင်ပါသည်။
PLUS+
PLUS+ တွင် Lakehouse ကို အသုံးပြုခြင်းဖြင့် ဒေတာစီမံခန့်ခွဲမှုနှင့် data analytics စွမ်းဆောင်ရည်များကို ထိရောက်စွာ တိုးတက်စေပါသည်။ User transaction များ၊ ငွေပေးချေမှုများနှင့် ပစ္စည်းစာရင်းများကဲ့သို့သော မတူညီသော ဒေတာအမျိုးအစားများကို ပေါင်းစပ်သိမ်းဆည်းပေးနိုင်ခြင်းဖြင့် သုံးစွဲသူ၏ အပြုအမူများ၊ ကုန်ပစ္စည်းရွေးချယ်မှုများနှင့် ငွေကြေးဆိုင်ရာ ဖြစ်ရပ်များကို ပိုမိုနက်နဲစွာ အကဲဖြတ်နိုင်မည်ဖြစ်သည်။ ဤကဲ့သို့ အသုံးပြုခြင်းသည် PLUS+ ၏ ဝန်ဆောင်မှုလုပ်ငန်းများကို လွယ်ကူစွာ ပြုလုပ်ပေးနိုင်စေပြီး လုပ်ငန်းဆောင်ရွက်မှုများအား အကောင်းဆုံး ဖြစ်စေသည်။ ထို့အပြင် သုံးစွဲသူများအတွက်လည်း စိတ်ကျေနပ်မှုကို တိုးစေပါသည်။ Lakehouse ၏ ACID compliance သည် ဒေတာစီမံခန့်ခွဲမှုကို တိကျစွာ ပြုလုပ်ရန်အတွက် အရေးကြီးပြီး ငွေကြေးဆိုင်ရာ transaction များတွင် ယုံကြည်မှုတိုးပွားစေပါသည်။
အကျဥ်းချုံး
Lakehouse architecture ကို အသုံးပြုခြင်းဖြင့် လုပ်ငန်းများ၏ ဒေတာစီမံခန့်ခွဲမှုနှင့် အသုံးချမှုကို များပြားစွာ တိုးတက်ပြောင်းလဲနိုင်စေပါသည်။ Yoma Car Share နှင့် PLUS+ တို့အတွက် Lakehouse သည် အရွယ်အစားပြောင်းလဲခြင်းအပေါ် ပြောင်းလွယ်ပြင်လွယ်နိုင်ခြင်း၊ စျေးသက်သာပြီး စွမ်းဆောင်ရည်မြင့်သော ဒေတာစီမံခန့်ခွဲမှုများကို လုပ်ဆောင်နိုင်ခြင်း နှင့် analytics capabilities များကို အထောက်အကူဖြစ်စေသောဖြေရှင်းချက်ပေးနိုင်ခြင်းစသည်တို့ကို လုပ်ဆောင်ပေးပါသည်။ မတူညီသော ဒေတာအမျိုးအစားများကို တစ်စုတစ်စည်းတည်း ဖြစ်စေသည့်အပြင် ဒေတာပေါင်းစပ်ခြင်းနှင့် ဒေတာ၏ စနစ်တကျမှုကို သေချာစေခြင်းတို့ကြောင့် Lakehouse သည် သုံးစွဲသူများထံသို့ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများအား ပေးစွမ်းစေပြီး စျေးကွက်ထဲတွင် ယှဉ်ပြိုင်မှုများတွင် အားသာစေပါသည်။