ယနေ့ခေတ် ဒစ်ဂျစ်တယ်နည်းပညာကမ္ဘာတွင် စက်ကိရိယာများနှင့် အက်ပလီကေးရှင်းလုပ်ငန်းစဉ်များကို ချောချောမွေ့မွေ့ လည်ပတ်အောင် ထိန်းသိမ်းထားခြင်းဟာ အလွန်အရေးကြီးလာပါသည်။ အဆင့်မြင့်နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ဝန်ဆောင်မှု ထုတ်ကုန်တွေကို ထောက်ပံ့ပေးနေတဲ့ စနစ်တွေကလည်း ပိုပြီးရှုပ်ထွေးလာပါသည်။ ထိုအချိန်မှာ သမရိုးကျ စောင့်ကြည့်ခြင်းစနစ်ထက် တစ်ဆင့်မြင့်ပြီး စနစ်တွေအတွင်းထိ အသေးစိတ်စောင့်ကြည့်ခြင်းကို နက်နက်ရှိုင်းရှိုင်းနားလည်နိုင်စေဖို့ Observability လို့ခေါ်တဲ့ နည်းဗျူဟာမှာလည်း အလွန်အရေးကြီးလာပါသည်။
Yoma Fleet သည်လည်း ဝန်ဆောင်မှုပိုင်းဆိုင်ရာ ထုတ်ကုန်တွေ ပိုမိုကောင်းမွန်လာစေရန်နှင့် ဆန်းသစ်သော အတွေ့အကြုံကို ပေးစွမ်းနိုင်ရန်အတွက်ကို Observabilityအပေါ်တွင် အလေးပေးကာ ဆောင်ရွက်လုပ်ကိုင် လျက် ရှိပါသည်။
Observability ဆိုတာ ဘာလဲ?
Observability ဆိုသည်မှာ စနစ်တစ်ခု၏ တိကျသည့် အတွင်းပိုင်းလုပ်ဆောင်မှုတွေကို ပိုမိုမြင်သာအောင် သုံးသပ်ပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါသည်။
၎င်းသည် စနစ်တစ်ခုအတွင်းမှာ ဖြစ်ပျက်နေသော Performance Metrics, Logs, Traces နှင့် Profiles ကဲ့သို့သော ဒေတာအမျိုးအစားများကို စုစည်းပြီး စနစ်တစ်ခု ချောချောမွေ့မွေ့ လည်ပတ်လုပ်ဆောင်မှုနှင့် အပြောင်းအလဲများကို အသေးစိတ် သိရှိနားလည်စေပါသည်။
သမရိုးကျ စောင့်ကြည့်ခြင်းသည် ပြဿနာတစ်ခုရှိကြောင်းသာ အချက်ပြနိုင်သော်လည်း၊ Observability သည် ပြဿနာဖြစ်ပေါ်လာသောအကြောင်းရင်းကို ချက်ချင်းကောက်ချက်ချနိုင်စွမ်းရှိပြီး မည်သို့ပြုပြင်ရမလဲဆိုတာကို နားလည်နိုင်အောင် လုပ်ဆောင်ပေးပါသည်။
Traditional Monitoring ဆိုတာဘာလဲ?
သမားရိုးကျ Monitoring ဆိုသည်မှာ သတ်မှတ်ထားသော Metrics များကိုသာ တိတိကျကျ စောင့်ကြည့်ခြင်းဖြစ်သည်။ ဒါဟာ ပြဿနာတစ်ခုဖြစ်နေပြီဆိုတာကို သတိပေးနိုင်ပေမယ့် မည်သည့်အကြောင်းကြောင့်ဖြစ်လာသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ရန်အတွက် လိုအပ်ချက်ရှိနိုင်ပါသည်။ ထို့ကြောင့် နောက်တဆင့်ဖြစ်တဲ့ Observability က data relationships (logs, traces, metrics) တစ်ခုလုံးကို တွဲဖော်စစ်ဆေးပေးခြင်းအားဖြင့် ပြဿနာ၏ အမြစ်ကိုရှာဖွေနိုင်စွမ်း ရှိစေပါသည်။
Observability ဘာကြောင့် အရေးကြီးလဲ?
ယနေ့ခေတ်မှာ စနစ်တွေဟာ အလွန်ရှုပ်ထွေးလာပြီး အက်ပလီကေးရှင်းအများစုဟာ microservices လို့ခေါ်တဲ့ အသေးစား၊ လွတ်လပ်တဲ့ ဆော့ဖ်ဝဲအစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားကြပါသည်။ ထို့ကြောင့် သမားရိုးကျ စောင့်ကြည့်ခြင်းစနစ်ဖြင့် စနစ်တစ်ခုလုံးကို စနစ်တကျ သုံးသပ်နိုင်ခြင်းမှာ ခက်ခဲလာပါသည်။
သမားရိုးကျ စောင့်ကြည့်ခြင်းစနစ်က စနစ်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုတည်းကိုသာ စောင့်ကြည့်နိုင်တာကြောင့် စနစ်တစ်ခုလုံး ချောချောမွေ့မွေ့ လည်ပတ်ရာတွင် မလုံလောက်သော်လည်း Observabilityသည် စနစ်တစ်ခုလုံး၏ အချက်အလက်တွေကို စုဆောင်းပေးနိုင်တာကြောင့် ထိထိရောက်ရောက် ချောချောမွေ့မွေ့ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တဲ့သိမြင်မှုတွေကို ပေးစွမ်းနိုင်ပါသည်။
SRE (Site Reliability Engineering) ၏ အကျိုးကျေးဇူးများ
Observability ကိုအခြေခံပြီး SRE ကို ကျင့်သုံးရာတွင် အောက်ပါအကျိုးများ ရရှိနိုင်ပါသည် –
- ဒေတာပေးပို့မှု အမြန်နှုန်း မြှင့်တင်နိုင်ခြင်း
- အပလီကေးရှင်း၏လုပ်ဆောင်မှုစွမ်းဆောင်ရည် တိုးတက်စေခြင်း
- သုံးစွဲသူအတွက် ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုများ ဖန်တီးနိုင်ခြင်း
- Security အနေအထားကို တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း
Observability စနစ်က အောင်မြင်မှုကို ဘယ်လိုချဲ့ထွင်ပေးနိုင်သလဲ?
ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ထုတ်ကုန်တစ်ခုအတွက် Observabilityက စနစ်တစ်ခုလုံးကို ချောမွေ့စွာ လည်ပတ် အောင် ထိန်းသိမ်းဖို့အတွက် အဓိကသောအခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် –
- ပြဿနာများကို မြန်မြန်ဖြေရှင်းနိုင်ခြင်း – စနစ်ရဲ့အစိတ်အပိုင်းတိုင်း၏ လုပ်ဆောင်မှုများကို ရှင်းလင်းစွာ မြင်နိုင်သောကြောင့် ပြဿနာတွေကို အသုံးပြုသူတွေထံ မရောက်ခင် မြန်မြန်ဆန်ဆန် ရှာဖွေပြုပြင်နိုင်ပါသည်။
- စနစ်လုပ်ဆောင်မှုကောင်းမွန်ခြင်း – ဆက်တိုက်စောင့်ကြည့်ပြီး ချက်ချင်းခွဲခြမ်းစိတ်ဖြာနိုင်တာကြောင့် ဝန်ဆောင်မှုထုတ်ကုန်စနစ်ရဲ့လုပ်ဆောင်မှုကို ချောမွေ့စွာ အမြဲတမ်း ထိန်းသိမ်းလုပ်ဆောင်နိုင်ပါသည်။
- အချက်အလက်အပေါ်အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်ခြင်း –စနစ်ရဲ့အစိတ်အပိုင်းတိုင်းကို နက်နက် ရှိုင်းရှိုင်းနားလည်နိုင်သောကြောင့် ဝန်ဆောင်မှုထုတ်ကုန်တွေကို ပိုမိုကောင်းမွန်အောင်လုပ်ရန်နှင့် အသုံးပြုသူတွေ၏ လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းနိုင်ဖို့ အချက်အလက်အပေါ်အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်ပါသည်။
ထို့ကြောင့် Yoma Fleet ၏ ဝန်ဆောင်မှုထုတ်ကုန်တွေမှာလည်း အသုံးပြုသူတွေ၏ ယုံကြည်စိတ်ချရတဲ့၊ လုပ်ဆောင်မှုမြင့်မားတဲ့ ဖြေရှင်းချက်တွေ တိုးတက်အောင်မြှင့်တင်ဖို့ Observability ကို အပြည့်အဝ အသုံးပြု ထားပါသည်။
Observability ဖြင့် ရရှိနိုင်သော အသုံးဝင်မှုများ
Observability ကို အသုံးချရာတွင် ဝန်ဆောင်မှုတစ်ခုအတွက် များစွာသောအကျိုးကျေးဇူးများရရှိနိုင်သည် –
- Infra misconfiguration ကိုစောင့်ကြည့်ပြီး ပြဿနာများကို အချိန်မီဖော်ထုတ်နိုင်ခြင်း
- Pinpoint app issue, API latency, App error logs ရှာဖွေနိုင်ခြင်း
- Data transaction performance ပိုမိုကောင်းစေခြင်း
- Security incident ဖြစ်စဉ်အတွင်း attack vector အဆုံးအထိမြင်နိုင်ခြင်း အပြင်
- Real-time analysis, threat deduction, alarm trigger, incident response များကိုသိရှိနိုင်ပါသည်။
Yoma Fleet မှ Observability တိုးတက်ရေး လုပ်ဆောင်ချက်များ
Yoma Fleetမှ ဝန်ဆောင်မှုထုတ်ကုန်များတွင် Observability ကို တိုးတက်အောင်လုပ်ဖို့ အရေးကြီးတဲ့ လုပ်ဆောင်ချက်များကို အဓိကထားဆောင်ရွက်လျက်ရှိပါသည်။
Yoma Fleet တွင် Grafana ကဲ့သို့သော Observability ကိရိယာတွေကို အသုံးပြုနေပြီး ပိုပြီး ကျယ်ပြန့်သော စနစ်တစ်ခုလုံးမှ အချက်အလက်တွေကို စုဆောင်းခြင်း၊ ချက်ချင်းခွဲခြမ်းစိတ်ဖြာခြင်းနဲ့ လိုအပ်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်နေပါသည်။
Yoma Fleet ၏ လုပ်ဆောင်ချက်များမှာ –
- ဒေတာအမျိုးမျိုး စုဆောင်းခြင်း – Metrics, logs, traces, profiles စတဲ့ အချက်အလက်အမျိုးမျိုးကို စုဆောင်းပြီး စနစ်တစ်ခုလုံး၏ အပြည့်အစုံကို နားလည်နိုင်စေပါသည်။
- ဒေတာသိုလှောင်မှု သက်တမ်းတိုးခြင်း – အချက်အလက်တွေကို ရေရှည်သိမ်းဆည်းထားနိုင်ပြီး ယခင်လုပ်ဆောင်မှုများနဲ့ ယခုလုပ်ဆောင်မှုများကို တိတိကျကျ နှိုင်းယှဉ်နိုင်ပြီး တိုးတက်စရာနေရာများကို အချိန်နှင့် တပြေးညီ ရှာဖွေနိုင်စေပါသည်။
- Cloud-Native ကိရိယာတွေ အသုံးပြုခြင်း – Grafana Agents တို့ကို အသုံးပြုပြီး စနစ်တစ်ခုလုံးမှ ဒေတာများကို ထိထိရောက်ရောက် စုဆောင်းထားပါသည်။ ထို့အပြင် Cloud Events မှလည်း အချက်အလက်များကို လက်ခံနိုင်တဲ့စနစ်ပြုလုပ်ထားပြီး data integration ပိုမိုပြည့်စုံအောင် ပြုလုပ်ထားပါသည်။
Yoma Fleet သည် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့နှင့် အကောင်းဆုံးဖြေရှင်းချက်တွေ ပေးနိုင်ဖို့ ရည်ရွယ်ချက်တစ်ခုအဖြစ် Observability ကို အာရုံစိုက်လုပ်ဆောင်ခြင်းအားဖြင့် မိမိ၏ ဝန်ဆောင်မှုထုတ်ကုန်များ၏ လုပ်ဆောင်မှုနဲ့ ယုံကြည်စိတ်ချရမှုကို တိုးတက်အောင်လုပ်ရုံမက၊ အခက်အခဲပြဿနာများကို သုံးစွဲသူများထံ မရောက်ခင်မှာပဲ ကြိုတင်ဖြေရှင်းနိုင်အောင်လုပ်ဆောင်နေပါသည်။
Yoma Fleet ၏ Use Cases များ
Unified Observability
- Source များစွာကို တစ်စည်းတစ်လုံးဖြစ်အောင် တီထွင်ပုံဖော်ပြီး Metrics, Events, Traces, Logs စသဖြင့် တစ်နေရာတည်းတွင် ချိတ်ဆက်ခြင်း
- Alerting systems ဖြင့် ကြိုတင်သတိပေးခြင်း
- Monitoring → Analysis → Troubleshooting → Resolution ဆိုသောစနစ်ဖြင့် ပြဿနာများကို ပိုမိုအလွယ်တကူ ဖြေရှင်းနိုင်ခြင်း
- အသုံးပြုသူ၏ feedback နှင့် workload များကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း များကိုသိရှိနိုင်ပါသည်။

Observability in Action
Grafana Observability Dashboard သည် Yoma Fleet ၏ Metrics, Logs နှင့် Traces ကို တစ်နေရာတည်းတွင် ထိရောက်စွာ ပေါင်းစပ်ပေးနိုင်သည့် နမူနာတစ်ခုဖြစ်ပါသည်။ Fuel Volume, Odometer Readings, Engine Status, GPS Signal Strength, Voltage Levels ကဲ့သို့သော အရေးကြီးသော ဒေတာအချက်အလက်များကို အချိန်နှင့်တပြေးညီ ဖော်ပြနိုင်ပါသည်။ ဤ Consolidated View သည် Observability စနစ်၏ Transparency ကို မြှင့်တင်ပေးပြီး အဖြစ်အပျက်များကို ထပ်ဆင့်ဆက်စပ်ဖော်ထုတ်နိုင်သလို၊ အဆင့်ဆင့် Anomaly Analysis နှင့် Root Cause Analysis ကို ပိုမိုတိကျစွာ ဆောင်ရွက်နိုင်စေပါသည်။ Operational Data များအားလုံးကို Grafana တွင် Centralize ပြုလုပ်ထားခြင်းကြောင့် Yoma Fleet သည် Distributed Systems ကို ထိရောက်စွာ စောင့်ကြည့်နိုင်ပြီး Application Performance တိုးတက်စေသည့်အပြင် Data Driven Decision Making အတွက် တိကျမှန်ကန်သည့် အခြေခံများကို ပံ့ပိုးပေးနိုင်ပါသည်။


နိဂုံးချုပ်
နည်းပညာတိုးတက်လာတာနဲ့အမျှ စနစ်တစ်ခုလုံး၏ ထောက်ပံ့ပေးနေတဲ့နည်းလမ်းတွေကိုလည်း တိုးတက်အောင်လုပ်ဖို့ လိုအပ်ပါသည်။ Observability သည် ယနေ့ခေတ် digital products များ အောင်မြင်ဖို့အတွက် မဖြစ်မနေလိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်လာပါသည်။ Yoma Fleet သည်လည်း Observability နည်းဗျူဟာကို အသုံးချခြင်းမှတစ်ဆင့် သုံးစွဲသူများထံကို အကောင်းဆုံးဝန်ဆောင်မှုများနှင့် အကောင်းဆုံးသော တိုးတက်မှုနဲ့ဆန်းသစ်မှုများ တစ်စွဲတစ်မြဲ ပံ့ပိုးပေးနိုင်မည်ကို အာမခံပါသည်။