Yoma Fleet သည် ၂၀၂၅ ခုနှစ်တွင် ဆန်းသစ်တီထွင်မှု၊ အောင်မြင်မှုများစွာဖြင့် ၁၁ နှစ်တာ ခရီးတစ်ခုကို မှတ်တိုင် အဖြစ်ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ဤအောင်မြင်မှုကို ဂုဏ်ပြုသောအားဖြင့် ကုမ္ပဏီသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့သည်။ Yoma Fleet ၏ အခမ်းအနားတစ်လျောက် အဓိကပုံရိပ်များကို အောက်တွင် ကြည့်ရှုကြပါစို့။
CEO ၏ မိန့်ခွန်း အမှာစကား
Yoma Fleet ၏ CEO ဖြစ်သူ မစ္စတာ Ben Koo သည် ကုမ္ပဏီ၏ ၁၁ နှစ်တာ ခရီးစဥ်အကြောင်းကို ပြန်လည်ဝေမျှ ခြင်းဖြင့် မိန့်ခွန်းကို စတင်ပြောကြားခဲ့ပါသည်။ CEO သည် ဝန်ထမ်းများ ၏ ကြိုးပမ်းအားထုတ်မှုများ အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ အဓိကရရှိခဲ့သော ပန်းတိုင်များကို ပြောကြားခဲ့ကာ၊ Yoma Fleet ၏ အနာဂတ်အတွက် ရည်မှန်းချက်များကို မျှဝေခဲ့ပါသည်။ မစ္စတာ Ben Koo သည် ကုမ္ပဏီ၏ ရည်မှန်းချက်ကို ပြန်လည်သတိရစေဖို့မှာကြားခဲ့ပြီး၊ အနာဂတ်တွင် အကောင်းဆုံးဖြစ်စေရန် ဆက်လက်ကြိုးစားကြဖို့ ပြောကြားခဲ့ပါသည်။

ကြိုးစားအားထုတ်မှုများနှင့် ထူးချွန်မှုများ အတွက် ဂုဏ်ပြုခြင်း
ယခင်နှစ်မှ ဆုရရှိသူများသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် ဇာတ်လမ်းများကို မျှဝေခဲ့ပြီး ယခုနှစ်အတွက် ဆုများကို ချီးမြှင့်ခဲ့သည်။ ဆုရရှိသူများသည် ကိုကောင်းမြတ် (Above & Beyond Award)၊ မဆုပိုင်ကျော် (Rising Star Award)၊ မဝါဝါအောင် (Best Employee Award) နှင့် Yoma Fleet Operations Team (Best Team Award) တို့ဖြစ်ပါသည်။ ဤဆုများသည် Yoma Fleet ၏ အောင်မြင်မှုအတွက် အဓိက အရေးပါသော စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှုနှင့် ထူးချွန်မှု့တို့ကို ဂုဏ်ပြုခဲ့သော ဆုများဖြစ်ကြပါသည်။



ဖျော်ဖြေမှု့များ
ဤအခမ်းအနားတွင် စွမ်းရည်ပြိုင်ပွဲများ၊ Q&A လှုပ်ရှားမှုများ၊ အလှဆုံးဝတ်စားဆင်ယင်သူဆုများ၊ ကံထူးရှင်ဆုများ ပါဝင်ခဲ့ပြီး ညနေခင်းဖျော်ဖြေမှု့များအတွက် စိတ်လှုပ်ရှားမှုကို ပိုမိုတိုးမြှင့်ပေးခဲ့သည်။



ဆယ်စုနှစ်တစ်ခုတာ အောင်မြင်မှုများအား ပြန်လည်ကြည့်ရှုခြင်း
ပြီးခဲ့သောနှစ်တွင် ကျင်းပခဲ့သည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲသည် Yoma Fleet ၏ ပထမဆုံး ဆယ်စုနှစ်တစ်ခုတာ အောင်မြင်မှုများကို ဂုဏ်ပြုခဲ့ပြီး ပိုမိုကြီးမားသော အောင်မြင်မှုများအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့ပါသည်။ ဤပွဲသည် အဖွဲ့သားများအား အချင်းချင်း ပိုမိုနီးကပ်စေခဲ့ပြီး၊ ကုမ္ပဏီ၏ အနာဂတ်အတွက် မြင်ကွင်းကို ပိုမိုခိုင်မာစေခဲ့ပါသည်။
ကျေးဇူးတင်လွှာနှင့် အနာဂတ်အောင်မြင်မှုများအတွက် ဆုတောင်း
Yoma Fleet ၏ ၁၁ နှစ်ပြည့် အထိမ်းအမှတ်ပွဲသည် သာမန်အထိမ်းအမှတ်ပွဲတစ်ခုထက် ပိုခဲ့ပါသည်— ဤပွဲသည် အဖွဲ့အစည်းလိုက် လုပ်ဆောင်မှု၊ အားထုတ်မှုနှင့် အတူတကွ အောင်မြင်မှုတို့၏ သက်သေတစ်ခုဖြစ်ပါသည်။ ခိုင်မာသော အခြေခံနှင့် ရှင်းလင်းသော မျှော်မှန်းချက်ဖြင့် အနာဂတ်တွင် အောင်မြင်မှုနှင့် ဆန်းသစ်တီထွင်မှုများ ဆက်လက်ရှိစေရန် ဆုတောင်းပေးပါသည်။
Yoma Fleet တွင် ပါဝင်လိုပါသလား? ကျွန်ုပ်တို့၏ Career website ကို ဤနေရာတွင် ဝင်ရောက်ကြည့်ရှုပါ။

