Connected Fleet Services (CFS) ကိုအသုံးပြုပြီး မော်တော်ယာဉ်ထိန်းသိမ်းမှုကို အဆင့်မြှင့်တင်ခြင်း

Connected Fleet Services (CFS) ကိုအသုံးပြုပြီး မော်တော်ယာဉ်ထိန်းသိမ်းမှုကို အဆင့်မြှင့်တင်ခြင်း

Connected Fleet Services (CFS) ကိုအသုံးပြုပြီး မော်တော်ယာဉ်ထိန်းသိမ်းမှုကို အဆင့်မြှင့်တင်ခြင်း

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် Connected Fleet Services ကို အသုံးချခြင်းသည် အမြန်နှုန်းမြင့်စွာ ပြုပြင်ပြောင်းလဲမှုများကို ဖြစ်စေနိုင်သည်။ Connected Fleet များသည် ဒေတာနှင့် နည်းပညာများကို စုဆောင်းပြီး ရှင်းလင်းစွာ ပေါင်းစည်းသုံးစွဲထားသောကြောင့် မော်တော်ယာဉ်စီမံခန့်ခွဲသူများနှင့် ပိုင်ရှင်များသည် လုံခြုံရေးကို မြှင့်တင်ပြီး သုံးစွဲငွေကုန်ကျစရိတ်များကို ထိန်းချုပ်နိုင်စေသည့် ဖြေရှင်းနည်းများကို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်သည်။

Yoma InnoSights ၏ Connected Fleet Services (CFS) တွင် အဆင့်မြင့် Telematics နည်းပညာများ၊ အစီရင်ခံစာများနှင့် လောင်စာဆီထိန်းချုပ်မှုကိရိယာများ (Fuel Management tools) ပါဝင်သည်။ ထိုကဲ့သို့ ပေါင်းစပ်ပါဝင်ထားသောကြောင့် အဆင့်မြင့်သော Preventive Maintenance အစီအစဉ်ကို ထောက်ပံ့ပေးပြီး မော်တော်ယာဥ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါသည်။

Yoma InnoSights ၏ Connected Fleet Services ဖြင့် ယာဉ်ထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်စေရန် အထောက်အကူဖြစ်စေသော အချက်များ (၃) ခုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ မော်တော်ယာဉ်အခြေအနေကို ကြိုတင်ကြည့်ရှုနိုင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအတွက် လိုအပ်ချက်များကို ကြိုတင်ခန့်မှန်းခြင်း

Yoma InnoSights ဖြင့် မော်တော်ယာဉ်စီမံခန့်ခွဲသူများနှင့် ပိုင်ရှင်များသည် မော်တော်ယာဉ်တိုင်း၏ အင်ဂျင်စွမ်းဆောင်ရည်၊ အသုံးပြုမှုမှတ်တမ်း၊ ဘက်ထရီအခြေအနေ၊ လောင်စာအဆီ အနေအထားများစသည်တို့ပါဝင်သော အချက်အလက်မျိုးစုံကို တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ ဤကဲ့သို့ ကြိုတင်ကြည့်ရှုနိုင်ခြင်းသည် စက်ပိုင်းဆိုင်ရာ ပြဿနာများကို လျှော့ကျစေသည့်အပြင် အချိန်မီပြုပြင်ထိန်းသိမ်းမှုများကို ပြုလုပ်နိုင်သည်။

မော်တော်ယာဉ်စက်ပိုင်းဆိုင်ရာ ပြဿနာများကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းဖြင့် မော်တော်ယာဉ်ကို အချိန် ကြာရှည်စွာ အသုံးပြုနိုင်စေပါသည်။ ထို့အပြင် ပြုပြင်ထိန်းသိမ်းမှုအတွက် အကြောင်းကြားချက်များ (maintenance notifications) နှင့် Diagnostic Tools များသည် မော်တော်ယာဉ်စီမံခန့်ခွဲသူများ အတွက် အချိန်မီ မော်တော်ယာဥ် ပြုပြင်ထိန်းသိမ်းမှုများလုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေပါသည်။

၂။ လောင်စာဆီသုံးစွဲမှုကို လျှော့ချခြင်းနှင့် စက်နှိုးထားသည့် ယာဥ်ရပ်နားထားမှုကို လျှော့ချခြင်း

လောင်စာဆီကုန်ကျစရိတ်သည် မော်တော်ယာဥ်၏ စုစုပေါင်းကုန်ကျစရိတ်များတွင် အဓိကအစိတ်အပိုင်းဖြစ်သောကြောင့် ထိုစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်းဖြင့် ကုန်ကျစရိတ်ကို သိသာစွာ လျော့နည်းစေ နိုင်ပါသည်။ Yoma InnoSights သည် မော်တော်ယာဉ်စီမံခန့်ခွဲသူများကို လောင်စာဆီသုံးစွဲမှုဆိုင်ရာ အရေးပါသော အချက်အလက်များ ပေးစွမ်းပြီး၊ လမ်းကြောင်းများကို ခွဲခြမ်းစိတ်ဖြာကာ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အခြေခံပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာများကို ဖြေရှင်းရန် ကူညီပါသည်။ Connected Fleet Services သည် လောင်စာဆီသုံးစွဲမှုကို အဆက်မပြတ် စောင့်ကြည့်လေ့လာပြီး စက်နှိုးထားသည့် ယာဥ်ရပ်နားထားမှုများကို လျှော့ချပေးနိုင်ရုံသာမကပဲ ထိန်းချုပ်မှုကိရိယာစနစ် ချို့ယွင်းမှုများကိုကာကွယ်ပါသည်။ ဤအချက်အလက်များသည် မော်တော်ယာဉ်စီမံခန့်ခွဲသူများအား ပြုပြင်ထိန်းသိမ်းမှုအတွက် လုပ်ဆောင်မှုများကို ပြင်ဆင်နိုင်စေရန် ကူညီပြီး လောင်စာဆီကုန်ကျစရိတ်များကို လျှော့ချပေးပါသည်။ Yoma InnoSights ၏ Connected Fleet Services ကို မော်တော်ယာဥ် ထိန်းသိမ်းမှုအစီအစဉ်တွင် ပေါင်းစပ်အသုံးပြုခြင်းဖြင့် လောင်စာဆီကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်းအပြင် ယာဉ်၏ သက်တမ်းကိုပါ တိုးမြှင့်နိုင်ပါသည်။

၃။ အသေးစိတ်အစီရင်ခံစာများနှင့် အချက်အလက်များ ပေးပို့ခြင်း

မော်တော်ယာဥ် တိုက်ရိုက်ချိတ်ဆက်မှု ဒေတာများသည် ယာဉ်၏ စွမ်းဆောင်ရည်နှင့် လိုအပ်နေသော ပြုပြင်ထိန်းသိမ်းမှု၏ အချက်အလက်များကို ပေးပို့ပါသည်။ Yoma InnoSights ၏ Connected Fleet Services တွင် မော်တော်ယာဉ်စီမံခန့်ခွဲသူများအတွက် ယာဉ်အခြေအနေများနှင့် ပတ်သက်သော လမ်းကြောင်းများကို စောင့်ကြည့်ရန် ကူညီပေးသော အစီရင်ခံစာများကို ရရှိနိုင်ပါသည်။ ဤသို့ဖြင့် ပြဿနာများ ဖြစ်ပွားလေ့ရှိသည့် မော်တော်ယာဉ်များအတွက် ထိရောက်သော မော်တော်ယာဥ် ထိန်းသိမ်းမှုအချိန်ဇယားများကို ပြုလုပ်စေနိုင်ပါသည်။ အချက်အလက်ဟောင်းများနှင့် အတွေ့အကြုံဟောင်းများကို အသုံးချခြင်းဖြင့် ယာဥ် ပိုင်ရှင်များသည် မော်တော်ယာဥ် ပြုပြင်ခြင်းနှင့် အစားထိုးခြင်းအတွက် ဘတ်ဂျက်များကို ထိရောက်စွာ သတ်မှတ်နိုင်ပြီး၊ အရင်းအမြစ်များကို ပိုမိုထိရောက်စွာ ဖြန့်ဝေခြင်းနှင့် ယာဥ်များအား ထိရောက်စွာ လည်ပတ်နိုင်စေရန် အကောင်းဆုံး နည်းလမ်းများကို လုပ်ဆောင်နိုင်ပါသည်။

Yoma InnoSights ကို သင့်၏ Connected Fleet Services အဖြစ် ရွေးချယ်ပါ

Connected Fleet Service ဖြင့် ပြုပြင်ထိန်းသိမ်းမှုများအား လုပ်ဆောင်ရာတွင် မှန်ကန်သော မိတ်ဖက်တစ်ဦးကို ရွေးချယ်ခြင်းဖြင့် ပိုမိုအကျိုးရရှိနိုင်ပါသည်။ Yoma InnoSights သည် သင့်အား မော်တော်ယာဥ်၏ ဒေတာအချက်အလက်များကို စုဆောင်းပေးခြင်း ခွဲခြမ်းစိတ်ဖြာပေးခြင်းဖြင့် လိုအပ်နေသော ဖြေရှင်းချက်များကို ပေးဆောင်ပါသည်။ ကျွန်ုပ်တို့၏ ဖြေရှင်းချက်များသာည် သင်၏ မော်တော်ယာဥ်များအား အမြင့်ဆုံး စွမ်းဆောင်ရည်ဖြင့် လည်ပတ်စေပြီး ကုန်ကျစရိတ်များကို လျှော့ချပေးပါသည်။

ယနေ့မှာ Yoma InnoSights နှင့် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ Connected Fleet Services က မည်သို့ ယာဉ်ပြုပြင်ထိန်းသိမ်းမှုကို အထိရောက်ဆုံးဖြစ်စေနိုင်သည်နှင့် သင့်လုပ်ငန်းကို မတည်ငြိမ်စွာ ရှေ့တိုးနိုင်ရန် ကူညီပေးနိုင်ကြောင်း ရှာဖွေပါ။

ကျွန်ုပ်တို့၏ ချိတ်ဆက်ထားသော Fleet Services သည် ယာဉ်ပြုပြင်ထိန်းသိမ်းမှုကို အကောင်းဆုံးဖြစ်စေရန်လုပ်ဆောင်ပေးပြီး သင့်လုပ်ငန်းကို ရှေ့သို့မောင်းနှင်နိုင်စေရန် ကူညီပေးမည်ဖြစ်သည်။

ပိုမိုသိရှိလိုပါက

ကျွန်ုပ်တို့၏ 24/7 hotline (09YOMAFLEET သို့မဟုတ် 09966235338) တွင် ဆက်သွယ်နိုင်ပါသည်။

အီးမေးလ် (contact@yomainnosights.com) ဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။