ယနေ့ခတ် စီပွားရေးလောကတွင် လုပ်ငန်းလည်ပတ်မှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်းသည် မဖြစ်မနေလိုအပ်လာပါပြီ။ လုပ်ငန်းအဖွဲ့အစည်းအနေနှင့် အလုပ်သမားစရိတ်၊ လောင်စာဆီစရိတ်နှင့် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်များကဲ့သို့သော မြင်သာသည့် အသုံးစရိတ်များကို စီမံခန့်ခွဲနေကြသော်လည်း မမြင်သာသည့် ကုန်ကျစရိတ်များကြောင့် ဖြစ်ပေါ်လာသော ငွေကြေးဆုံးရှုံးမှုများကို သတိမပြုမိဘဲ ဖြစ်နေတတ်ပါသည်။ IoT (Internet of Things) နည်းပညာသည် ထိရောက်မှုမရှိသည့် လုပ်ဆောင်ချက်များကို ဖော်ထုတ်ပေးပြီး ကုန်ကျစရိတ်များကို ကြိုတင်ထိန်းချုပ်နိုင်ရန် ကူညီပေးပါသည်။
လျှို့ဝှက်ကုန်ကျစရိတ်များသည် ထိရောက်မှုမရှိသော လမ်းကြောင်းများ၊ အစီရင်ခံစာပေးပို့မှု နောက်ကျခြင်းများ၊ Manual အမှားအယွင်းများနှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်စီမံမှု မပြုလုပ်နိုင်ခြင်းတို့ ကဲ့သို့သော ပြဿနာများမှ ဖြစ်လာတတ်ပြီး အဆိုပါ ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ မသိရှိနိုင်ပါက ကုန်ကျစရိတ်များကို စီမံရာတွင် ပိုမိုခက်ခဲလာနိုင်ပါသည်။
IoT ဖြေရှင်းနည်းများသည် လုပ်ငန်းခွင်တစ်လျှောက် အချက်အလက်များကို တိကျမှန်ကန်စေပြီး အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးခြင်းကြောင်း ထိုကဲ့သို့သောပြဿနာများကို ဖြေရှင်းပေးနိုင်သည့်အပြင် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ပြဿနာများကို ကြိုတင်သိရှိနိုင်ပြီး အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်လာမည့် ကုန်ကျစရိတ်များကို ကာကွယ်ပေးနိုင်ပါသည်။
IoT နည်းပညာသည် မည်သည့် ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်သနည်း။
(၁) ပြုပြင်ထိန်းသိမ်းမှုနှင့် ရပ်နားချိန် လျော့ချနိုင်ခြင်း
IoT နည်းပညာဖြင့် စောင့်ကြည့်ခြင်းသည် ယာဉ်ယန္တရားများနှင့် စက်ကိရိယာများတွင် ဖြစ်နိုင်ချေရှိသော ပြသာနာများကို ကြိုတင်ဖော်ထုတ်ပေးနိုင်ပါသည်။ ယာဉ်ယန္တရားများအတွင် လိုအပ်သည့် ပြင်ဆင်ထိန်းသိမ်းမှုများကို အချိန်မီ လုပ်ဆောင်နိုင်ရန် သတိပေးနိုင်ခြင်းကြောင့် ပြုပြင်ခများ လျော့ကျစေသလို ယာဉ်၊စက်ကိရိယာ ရပ်နားချိန်များကိုလည်း လျှော့ချနိုင်ပါသည်။ ထိုပြုပြင်ထိန်းသိမ်းခများသည် လုပ်ငန်းပိုင်းတွင် စရိတ်စခကြီးသည့် လျှို့ဝှက်ကုန်ကျစရိတ်တစ်ခုဖြစ်ပါသည်။
(၂) လောင်စာအသုံးစရိတ် လျော့ကျစေခြင်း
ယာဉ်ရပ်နားချိန်များ၊ မြန်နှုန်းကျော်မောင်းနှင်မှုများနှင့် ထိရောက်မှုမရှိသော လမ်းကြောင်းများကို အချိန်နှင့်တစ်ပြေးညီ သိနိုင်ခြင်းဖြင့် မောင်းနှင်မှုအပြုအမူများနှင့် လမ်းကြောင်းစီမံခန့်ခွဲမှုကို ကောင်းမွန်စွာ စီမံနိုင်ပါသည်။ လောင်စာဆီ ထိရောက်စွာ အသုံးပြုခြင်းတွင် အနည်းငယ်စီ တိုးတက်လာခြင်းကပင် ယာဉ်ယန္တရားတစ်ခုလုံးအတွင် နှစ်စဉ် သိသာစွာ ခြွေတာနိုင်မည် ဖြစ်ပါသည်။
(၃) ယာဉ်ယန္တရားအသုံးပြုမှု မြှင့်တင်နိုင်ခြင်း
IoT နည်းပညာသည် ပစ္စည်းပိုင်ဆိုင်မှုများကို မည်မျှ၊ မည်သို့၊ မည်သည့်နေရာတွင် အသုံးပြုနေသည်ကို ဖော်ပြပေးနိုင်ပါသည်။ ထိုကြောင့် မလိုအပ်သည့် လုပ်ဆောင်ချက်များနှင့် ငှားရမ်းခများအား လျော့ချနိုင်မည်ဖြစ်ပါသည်။
(၄) အလုပ်အကိုင် ထိရောက်မှု တိုးတက်စေခြင်း
အစီရင်ခံစာအလိုအလျောက်ပြုလုပ်ခြင်း၊ တိကျမှန်ကန်သည့် ခြေရာခံမှုနှင့် ဒစ်ဂျစ်တယ်လုပ်ငန်းစဉ်များကြောင့် ၀န်ထမ်းများအနေနှင့် အလုပ်တာဝန်များကို စနစ်တကျ အချိန်မီ ပြီးမြောက်စေနိုင်ပါသည်။ ထို့ကြောင့် လူသားအမှားများ လျော့နည်းကာ ဆုံးဖြတ်ချက်ချမှုများ မြန်ဆန်လာပြီး နောက်ဆုံးတွင် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များလည်း လျော့ကျစေပါသည်။
(၅) လုံခြုံရေးဆိုင်ရာကုန်ကျစရိတ် လျော့ချခြင်း
IoT နည်းပညာသည် ယာဉ်မောင်းအပြုအမူအား စောင့်ကြည့်ခြင်း၊ နယ်မြေသတ်မှတ်ကန့်သတ်ထားနိုင်ခြင်းနှင့် အသိပေးချက်များမှတဆင့် လုံခြုံရေးစံနှုန်းများကို လိုက်နာနိုင်ရန် ကူညီပေးသည့်အတွက်ကြောင့် အာမခံစရိတ်များနှင့် မတော်တဆမှုမှ ဖြစ်လာမည့် ကုန်ကျစရိတ်များလည်း လျော့နည်းစေနိုင်ပါသည်။
နိဂုံးချုပ်
လျှို့ဝှက်ကုန်ကျစရိတ်များသည် သင်လုပ်ငန်းအကျိုးအမြတ်ကို တိတ်တဆိတ်သက်ရောက်စေနိုင်သော်လည်း IoT နည်းပညာကို အသုံးပြုခြင်းဖြင့် ဤစိန်ခေါ်မှုများကို နည်းလမ်းတကျ စီမံခန့်ခွဲနိုင်ပြီး အချိန်နဲ့တစ်ပြေးညီ မြင်သာမှုနှင့် ကြိုတင်ခန့်မှန်းချက်များကို အသုံးချခြင်းဖြင့် လုပ်ငန်းများအနေနှင့် မလိုအပ်သော စရိတ်များကို လျှော့ချကာကွယ်ရင်း စနစ်တကျ လည်ပတ်နေသည့် လုပ်ငန်းခွင်တစ်ခု ဖန်တီးနိုင်မည် ဖြစ်ပါသည်။