PLUS+ by Yoma Fleet: ဝန်ထမ်းများအတွက် အဆင်မြင့် နည်းပညာသုံးပစ္စည်းအသစ်များရရှိနိုင်ရန် ထောက်ပံ့ပေးခြင်း

PLUS+ by Yoma Fleet: ဝန်ထမ်းများအတွက် အဆင်မြင့် နည်းပညာသုံးပစ္စည်းအသစ်များရရှိနိုင်ရန် ထောက်ပံ့ပေးခြင်း

PLUS+ by Yoma Fleet: ဝန်ထမ်းများအတွက် အဆင်မြင့် နည်းပညာသုံးပစ္စည်းအသစ်များရရှိနိုင်ရန် ထောက်ပံ့ပေးခြင်း

ယနေ့ခေတ်တွင် အချိန်နှင့်တပြေးညီ ထွက်ရှိလာသော နည်းပညာအသစ်များကို အသုံးပြုနိုင်ရန်မှာ အရေးကြီးပါသည်။ မိုဘိုင်းဖုန်းများ၊ စီးပွားရေးလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြင့်လက်ပ်တော့များ၊ ခေတ်မီသော အိမ်သုံးအီလက်ထရွန်းနစ်ပစ္စည်းများက နေ့စဥ်ဘဝအတွက် ကြီးမားသောအပြောင်းအလဲများကို ဖန်တီးပေးနိုင်သည်။ သို့သော် ဤနည်းပညာအသစ်များကို အသုံးပြုရန် ကုန်ကျစရိတ်များပြားမှုကြောင့် ခက်ခဲမှုများရှိနိုင်ပါသည်။

PLUS+ by Yoma Fleet သည် အီလက်ထရွန်းနစ်ပစ္စည်းများ၊ ရုပ်သံနှင့် အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်နှင့် စွမ်းအင်ထောက်ပံ့ရေးပစ္စည်းများ၊ ပညာရေး၊ ကျန်းမာရေး၊ အလှအပ၊ အားကစားနှင့် လူနေမှုဘဝဆိုင်ရာပစ္စည်းများ၊ ဖက်ရှင်နှင့် ခရီးသွား ပစ္စည်းများ စသည့် အမျိုးမျိုးသော ပစ္စည်းများအား ဝန်ထမ်းများအနေဖြင့် ဈေးနှုန်းသက်သာပြီး ရေရှည်အတိုးကျပုံစံဖြင့် လွယ်ကူစွာပေးချေနိုင်မည့် အစီအစဥ်ဖြစ်ပါသည်။

PLUS+ by Yoma Fleet ဆိုသည်မှာ အဘယ်နည်း

PLUS+ by Yoma Fleet သည် ဝန်ထမ်းများ၏ နေ့စဉ်ဘဝကို တိုးတက်အောင်ပြုလုပ်ပေးနိုင်သည့် နည်းပညာသုံး အခြေခံပစ္စည်းများ၊ ဝန်ဆောင်မှုများ နှင့် ထုတ်ကုန်များအား အငှားဝယ်ယူခြင်း ပြုလုပ်နိုင်မည့် အစီအစဉ်ဖြစ်ပါသည်။

ဤအစီအစဉ်သည် ဈေးနှုန်းသက်သာမှု၊ လိုက်လျောညီထွေမှုနှင့် လွယ်ကူမှုရှိပြီး ဝန်ထမ်းများအနေဖြင့် မိုဘိုင်းဖုန်းများနှင့် လက်ပ်တော့များ အပြင် အီလက်ထရွန်းနစ်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကိုလည်း ငှားရမ်းဝယ်ယူနိုင်ပါသည်။ ထို့အပြင် PLUS+ တွင် ပညာရေးဝန်ဆောင်မှုများနှင့် အလှအပဆိုင်ရာထုတ်ကုန်များကိုလည်း ထပ်မံ ထည့်သွင်းပေးထားသည့်အတွက် ဝန်ထမ်းများ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုနှင့် စိတ်ကျေနပ်မှု့ကိုပါ မြှင့်တင်ပေးသည်။

PLUS+ ကို အသုံးပြုခြင်းဖြင့် ဝန်ထမ်းများ၏ စိတ်ကျေနပ်မှုကို မြှင့်တင်ကာ အလုပ်နှုတ်ထွက်ခြင်းများမှ လျော့နည်းစေပါသည်။ ထို့အပြင် ဝန်ထမ်းများအနေဖြင့် အရည်အသွေးမြင့်ထုတ်ကုန်များကို ဈေးနှုန်းသက်သာစွာ ဖြင့် ငှားရမ်းဝယ်ယူနိုင်ပါသည်။

PLUS+ သည်မည်ကဲ့သို့ အလုပ်လုပ်သနည်း

PLUS+ ကို အောက်ပါအချက်များအတိုင်း လိုက်နာပြီး အသုံးပြုနိုင်ပါသည်။

  • မှတ်ပုံတင်ခြင်း:- PLUS+ အစီအစဉ်တွင် ပါဝင်ထားသော အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် ကိုယ်ပိုင် NRC နံပါတ်နှင့် ဖုန်းနံပါတ်ကို အသုံးပြု၍ အွန်လိုင်းမှ မှတ်ပုံတင်နိုင်သည်။
  • ပစ္စည်းရှာဖွေခြင်း- မှတ်ပုံတင်ပြီးပါက ဝန်ထမ်းများသည် ငှားရမ်း၍ ဝယ်ယူနိုင်သော နည်းပညာဆိုင်ရာ ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် လူနေမှုဘဝဆိုင်ရာ ထုတ်ကုန်များကို ရှာဖွေကြည့်ရှုနိုင်သည်။
  • ပစ္စည်းရွေးချယ်ခြင်း- ဝန်ထမ်းများသည် မိမိတို့၏ လိုအပ်ချက်နှင့် ဝင်ငွေ ကိုက်ညီသော ပစ္စည်းများကို ရွေးချယ်ပြီး ချမှတ်ထားသော ငွေပေးချေမှု စည်းမျဉ်းများနှင့်အညီ ရွေးချယ်ဝယ်ယူ နိုင်သည်။
  • လျှောက်လွှာတင်ခြင်းနှင့် အထောက်အထားများ တင်ပြခြင်း- ဝန်ထမ်းများသည် ကိုယ်ရေးအချက်အလက်အတွက် ကိုယ်ပိုင် (ID selfie) တစ်ခုနှင့် သဘောတူညီချက်စာချုပ်တစ်စောင်ကို အတည်ပြုရန် အတူတင်သွင်းရုံဖြင့် အလျင်အမြန်နှင့် လုံခြုံစွာ လျှောက်ထားနိုင်ပါသည်။
  • ပစ္စည်းရယူခြင်း- အတည်ပြုချက်ရပြီးပါက သတ်မှတ်ထားသော ဆိုင်တွင် သွားရောက်ထုတ်ယူပြီး ပစ္စည်းကို ရယူနိုင်ပါသည်။

PLUS+ ကိုလူကြိုက်များလာရသည့်အချက်များ

PLUS+ သည် အဆင်ပြေမှုရှိခြင်း၊ ရွေးချယ်ရန် ပစ္စည်းမျိုးစုံရှိခြင်းနှင့် လွယ်ကူစွာရရှိနိုင်မှုတို့ကြောင့် ဝန်ထမ်းများကြားတွင် အလွန်လူကြိုက်များလာသည်။ PLUS+ ကို ပိုမိုထူးခြားစေသောအချက်များမှာ –

  • ကုန်ကျစရိတ်သက်သာခြင်း – ငှားရမ်းဝယ်ယူခြင်းသည် ကုန်ကျစရိတ် နည်းပါးသဖြင့် ဝန်ထမ်းများအနေဖြင့် နည်းပညာဆိုင်ရာ ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် လူနေမှုဘဝဆိုင်ရာ ထုတ်ကုန်များကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။
  • သက်သာသော လစဉ်ပေးချေမှုများ-အတိုးငွေပေးချေရမှု့ နည်းပါးသောကြောင့် ငွေကြေးအခက်အခဲများကို သက်သာစေပါသည်။
  • ငှားရမ်းဝယ်ယူမှု့ သက်တမ်းအဆုံးတွင် လွတ်လပ်သော ရွေးချယ်မှုများရှိခြင်း- အဌားဝယ်ယူမှု့ ကာလကုန်ဆုံးပြီးနောက် ကျန်ရှိသည့် ငွေပေးချေရေးကို ပြီးမြောက်စွာဆောင်ရွက်ပြီးသည့်အခါ ပစ္စည်းကို အလွယ်တကူပိုင်ဆိုင်နိုင်ပါသည်။
  • စာရွက်စာတမ်းအခက်အခဲမရှိသည့် လုပ်ငန်းစဉ်များ- လုပ်ငန်းစဥ်များကို အွန်လိုင်းမှသာ ဆောင်ရွက်ရသောကြောင့် စာရွက်စာတမ်းများကြောင့် ဖြစ်လာမည့် အခက်အခဲများ မရှိဘဲ လျင်မြန်စွာ လျှောက်ထားနိုင်ပါသည်။
  • လျင်မြန်သောစာချုပ်နှင့် အတည်ပြုချက်များ- အတည်ပြုချက်များကို အချိန်တိုအတွင်း ရရှိစေပြီး လိုအပ်သည့် ပစ္စည်းများကို အချိန်မီရယူနိုင်ပါသည်။
  • လစာမှအလိုအလျောက်နှုတ်ခြင်း- လစဥ်ငွေပေးချေမှုများကို ဝန်ထမ်း၏ လစာမှ အလိုအလျောက်နှုတ်ယူသည့်ပုံစံဖြင့် စီမံထားသဖြင့် ငွေကြေးဆိုင်ရာလုပ်ငန်းစဉ်ကို လွယ်ကူစေပါသည်။

PLUS+ by Yoma Fleet ၏ အားသာချက်များ

PLUS+ သည် အခြားအစီအစဉ်များနှင့် နှိုင်းယှဉ်ကြည့်ပါက အောက်ပါအချက်များကြောင့် ထူးခြားပါသည်။ 

  • ဝန်ထမ်းများသည် မိုဘိုင်းဖုန်းများ၊ လက်ပ်တော့များ၊ အိမ်သုံးပစ္စည်းများ၊ အလှအပထုတ်ကုန်များအပြင် အခြား မိမိတို့၏ လူနေမှုဘဝနှင့် ကိုက်ညီသော ပစ္စည်းများကို ရွေးချယ်နိုင်သည်။
  • နည်းပညာတိုးတက်လာသည်နှင့်အမျှ PLUS+ သည် ငှားရမ်းသက်တမ်းအဆုံးတွင် နောက်ဆုံးပေါ်မော်ဒယ်များသို့ လွယ်ကူစွာ ပြောင်းလဲနိုင်စေရန် အခွင့်အလမ်းပေးသည်။
  • ဝန်ထမ်းများသည် ငှားရမ်းမှုသက်တမ်းအဆုံးတွင် ပစ္စည်းကို ရယူဝယ်ယူနိုင်သည်။
  • လုပ်ငန်းစဉ်အားလုံးကို ချောမွေ့စေပြီး ဝန်ထမ်းများအတွက် ကြိုးစားမှု အနည်းငယ်ဖြင့် အဆင်ပြေအောင် လုပ်ဆောင်နိုင်စေသည်။

ငွေကြေးဖွံ့ဖြိုးမှုနှင့်အလုပ်ဘဝ ဟန်ချက်ညီမှုကို အားကောင်းစေခြင်း 

PLUS+ သည် အချိန်နှင့်အမျှ ကုန်ကျစရိတ်များကို ပျံ့နှံ့စေပြီး ငွေကြေးပါဝင်မှုကို အားပေးခြင်းဖြင့် ဘဏ္ဍာရေးဆိုင်ရာ စီစဉ်မှုကို ပံ့ပိုးပေးပါသည်။ ဤအစီအစဉ်သည် ဝန်ထမ်းများအား နောက်ဆုံးပေါ် နည်းပညာနှင့် ခေတ်မှီဝန်ဆောင်မှုများ (Smart Gadgets, သင်တန်းများ, Eco-Friendly အိမ်သုံးပစ္စည်းများ) ကို ရယူနိုင်ရန်အတွက် ဘတ်ဂျက် စီမံခန့်ခွဲမှုများ အဆင်ပြေစေရန် ကူညီပေးပါသည်။ အရေးကြီးသော Tools များနှင့် ဝန်ဆောင်မှုများကို သက်သာသောစျေးနှုန်းဖြင့်ရယူနိုင်ရန် ပံ့ပိုးပေးခြင်းဖြင့် ဝန်ထမ်းများ၏ ထုတ်လုပ်မှုနှင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ Remote Work အတွက် Laptop, ချိတ်ဆက်ထားနိုင်ရန် Smartphone, အလုပ်အကိုင် တိုးတက်မှုအတွက် သင်တန်းစသည့် မည်သည့်အရာမဆို PLUS+ သည် ဝန်ထမ်းများအောင်မြင်မှုကို အားဖြည့်ပေးသည်။

ဝန်ထမ်းကျေနပ်မှုနှင့် အလုပ်တွင် ဆက်ရှိစေမှုကို တိုးတက်စေခြင်း

PLUS+ ကို အလုပ်နေရာအကျိုးခံစားခွင့်အဖြစ် ပံ့ပိုးပေးသည့် Employer များသည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ကျေနပ်မှုအပေါ် ထိပ်တန်းဂရုပြုမှုရှိကြောင်း ပြသပါသည်။ အရည်အသွေးမြင့် နည်းပညာနှင့် လိုအပ်သောအရာများကို ဝန်ထမ်းများရယူနိုင်စေရန် ပံ့ပိုးပေးခြင်းဖြင့် Turnover ကိုလျော့ကျစေပြီး အလုပ်တွင်ဆက်ရှိစေမှုနှင့် အလုပ်ကျေနပ်မှုကို မြှင့်တင်ပေးပါသည်။ PLUS+ သည် ဝန်ထမ်းများအား ချိတ်ဆက်ထားနိုင်မှု၊ ထုတ်လုပ်မှုနှင့် အလုပ်ကျေနပ်မှုကို တိုးတက်စေရန် အထောက်အကူပြုပါသည်။

နိဂုံးချုပ်: ခေတ်မှီအနာဂတ်ဘဝကို PLUS+ ဖြင့် စတင်လိုက်ပါ 

PLUS+ by Yoma Fleet သည် ဝန်ထမ်းများအတွက် နည်းပညာနှင့် လူနေမှုဘဝဆိုင်ရာ ထုတ်ကုန်များကို ရရှိနိုင်မှုကို ပြောင်းလဲပေးနေသည်။ နောက်ဆုံးပေါ် Gadgets, Appliances, ဝန်ဆောင်မှုများကို ခေတ်မှီစွာရယူနိုင်ရန် စျေးနှုန်းသက်သာပြီး အဆင်ပြေသောဖြေရှင်းနည်းကို ပေးစွမ်းပါသည်။ Flexible Payment Plansများ၊ အချိန်တိုအတွင်း အတည်ပြုချက်များနှင့် နောက်ဆုံးပေါ်မော်ဒယ်များ အဆင့်မြှင့်ရယူနိုင်မှုတို့ဖြင့် PLUS+ သည် အလုပ်အပတ်ဝန်းကျင်ကို မျှတသောအခြေအနေတစ်ရပ်အဖြစ်ဖန်တီးပေးပြီး ဝန်ထမ်းများအလုပ်တွင် ဆက်ရှိစေမှုကို တိုးတက်စေပါသည်။

နည်းပညာနှင့် ခေတ်မှီဘဝကို စတင်လိုက်ပါ!

Yoma Fleet မှ PLUS+ သည် ခေတ်မှီလူနေမှုနှင့် Digital Lifestyle အတွက် သင့်အား ချိတ်ဆက်ထားနိုင်မှု၊ ထုတ်လုပ်မှုနှင့် ခေတ်မှီဘဝကို ကြိုတင်ပံ့ပိုးပေးရန် အကောင်းဆုံးဖြေရှင်းချက်ဖြစ်စေပါသည်။