Yoma Car Share’s Product Operations Team နှင့် မိတ်ဆက်ခြင်း

Yoma Car Share’s Product Operations Team နှင့် မိတ်ဆက်ခြင်း

Yoma Car Share’s Product Operations Team နှင့် မိတ်ဆက်ခြင်း

Yoma Car Share အဖွဲ့ဝင်များအားလုံးရဲ့ ခရီးစဥ်တိုင်းမှာ အဆင်ပြေ‌ချောမွေ့ လွယ်ကူတဲ့ အတွေ့အကြုံများကို ခံစားနိုင်ရန်အတွက်သည် Yoma Car Share ၏ ဦးစားပေး လုပ်ဆောင်ချက် ဖြစ်ပါသည်။ ယခုလို ခရီးစဥ်တိုင်းမှာ အဆင်ပြေချောမွေ့ နိုင်ရန်အတွက် နောက်ကွယ်မှ အဓိကပံ့ပိုး စီမံခန့်ခွဲပြီး အဆက်မပြတ် ကြိုးစားနေသော Team ကတော့ Yoma Car Share ရဲ့ Product Operations Team ဖြစ်ပါသည်။  

Product Operations Team ရဲ့ လုပ်ငန်းဆောင်တာ 

ကျွန်ုပ်တို့ရဲ့  Product Operations Team သည် Yoma Car Share မှာ ကားငှားရာတွင် Mobile App မှတစ်ဆင့် ကားအမျိုးအစားမျိုးစုံကို အချိန်မရွေး နေရာမရွေး လွယ်ကူစွာငှားရမ်းနိုင်သည့်  ဝန်ဆောင်မှုကိုပေးရန်အတွက်  နောက်ကွယ်မှာ အဓိကပံ့ပိုးပေးသည့် Team ဖြစ်ပါသည်။ နည်းပညာပိုင်းနှင့် ဝန်ဆောင်မှုပိုင်းကို ချိတ်ဆက်လုပ်ဆောင်ရန်အတွက် အဓိကျပြီး ရန်ကုန်၊ မန္တလေး နဲ့ နိုင်ငံတစ်ဝန်း၌ ရှိသော Yoma Car Share Rental Hub များမှာ ကားငှားနိုင်သည့် ဝန်ဆောင်မှုကို ကောင်းမွန်စွာပေးနိုင်ရန်အတွက် အချိန်နှင့် တပြေးညီလုပ်‌ဆောင်ပေးလျက်ရှိပါသည်။   

ငှားရမ်းတဲ့ Reservation တိုင်းကို ချောမွေ့အောင်စီမံခြင်း  

ကားငှားရမ်းအသုံးပြုသူ Yoma Car Share အဖွဲ့ဝင်များမှ Mobile App မှတစ်ဆင့် ကားငှားရန်အတွက် လွယ်ကူရိုးရှင်းစွာ “ Reserve” လုပ်သည်နှင့် တပြိုင်နက် နည်းပညာပိုင်းရဲ့ အလိုအလျောက်လုပ်ဆောင်ချက်များ ကို အထောက်အပံ့ပေးနိုင်ရန်အတွက် ကားရရှိနိုင်မှုမှ စပြီး ခရီးစဥ် အသေးစိတ်ကို အတည်ပြုကာ ညှိနှိုင်းလုပ်ဆောင်ပေးပါသည်။  

အချိန်တိုင်း နေရာတိုင်းမှာ ကားကိုအဆင်သင့်ငှားနိုင်အောင် စီမံခြင်း 

ကျွန်ုပ်တို့အဖွဲ့သားများသည် ငှားရမ်းလိုက်သော Reservation များမစတင်မီ ရွေးချယ်ငှားရမ်းထားသော Rental Hub များမှာ ကားအဆင်သင့်ဖြစ်နေရန်အတွက် ကားကိုပုံမှန်သန့်ရှင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ဘေးကင်းစေရန်အတွက် စစ်ဆေးခြင်းများကို အဓိက ဆောင်ရွက်ပေးထားခြင်းကြောင့် စိတ်ချယုံကြည်စွာဖြင့် ခရီးစဥ်ကို စတင်နိုင်ပါသည်။  

ကားငှားရမ်းထားစဥ် ခရီးစဥ်မှာ ချောမွေ့စေရန် ကူညီခြင်း 

ကျွန်ုပ်တို့၏ကားငှားဝန်‌ဆောင်မှုသည် နည်းပညာကိုအခြေခံပြီး အလိုအလျောက် ဝန်ဆောင်မှုပေးခြင်း ဖြစ်သောကြောင့် ကားငှားရမ်းအသုံးပြုနေစဥ်အချိန်များမှာလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်မှု များဟန်ချက်ညီနေစေရန်အတွက် ထိန်းညှိပေးခြင်း၊ ကြုံတွေ့လာသည့် ပြဿနာများကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ပေးခြင်း တို့ကိုဆောင်ရွက်ပေးပါသည်။  

ခရီးစဥ်ပြီးဆုံးခြင်းနောက်ကွယ်မှာ စီမံပေးခြင်း 

 ခရီးစဥ်ပြီးဆုံးသဖြင့် ကားပြန်လည်အပ်နှံရာတွင် ကားအခြေအနေပြန်လည်သုံးသပ်ခြင်း၊ ပစ္စည်းများကျန်ရှိပါက သက်ဆိုင်ရာငှားရမ်းသူထံ စနစ်တကျပြန်လည်ပေးအပ်ခြင်းနှင့် ကျွန်ုပ်တို့၏ ထိန်းချုပ်ရေးစနစ်မှ အလိုအလျောက်သတိပေးချက်များကို စီမံခန့်ခွဲ ပေးပါသည်။ ထို့နောက် ထပ်မံငှားရမ်းသူ များ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ရန်အတွက် အချိန်မီပြန်လည်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ပါသည်။  

သို့ဖြစ်ပါ၍ Yoma Car Share အဖွဲ့ဝင်များအားလုံး ခရီးစဥ်တိုင်းမှာ ဘေးကင်းစွာဖြင့် မောင်းနှင်နိုင်ပြီး အဆင်ပြေချောမွေ့လွယ်ကူတဲ့ အတွေ့အကြုံများကို ခံစားနိုင်ဖို့အတွက် ကျွန်ုပ်တို့အဖွဲ့မှ အစဥ်အမြဲကြိုးစားအားထုတ်လျက်ရှိပါတယ်။  

ခရီးစဥ်တိုင်းမှာ Yoma Car Share နှင့်အတူတူသွားကြပါစို့။

Yoma Car Share’s Product Operations Team
Yoma Car Share’s Product Operations Team