Yoma Fleet တွင် အလုပ်လုပ်ခြင်း‌ (သို့မဟုတ်) ဆန်းသစ်တီထွင်မှုများနှင့် သက်‌ရောက်မှုပေါင်းစည်းရာနေရာ

Yoma Fleet တွင် အလုပ်လုပ်ခြင်း‌ (သို့မဟုတ်) ဆန်းသစ်တီထွင်မှုများနှင့် သက်‌ရောက်မှုပေါင်းစည်းရာနေရာ

Yoma Fleet တွင် အလုပ်လုပ်ခြင်း‌ (သို့မဟုတ်) ဆန်းသစ်တီထွင်မှုများနှင့် သက်‌ရောက်မှုပေါင်းစည်းရာနေရာ

Yoma Fleet ကို လူအများသိထားကြတာကတော့ ရက်ပိုင်းမှစတင်ပြီး ကားငှားသည့်ဝန်ဆောင်မှု၊ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကုမ္ပဏီအဖွဲ့အစည်းများအတွက် ယာဥ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း နှင့် ယာဥ်၊ယန္တရား စက်ကိရိယာများကို ငှားရမ်း ဝယ်ယူခြင်းဆိုင်ရာဝန်ဆောင်မှုများကို ပေးနေသည်မျှ‌ လောက်သာ သိထားကြပါသည်။ အမှန်တကယ်‌နောက်ကွယ်မှာတော့ ကျွန်ုပ်တို့ဝန်ထမ်းများသည် ယာဥ်နှင့် စက်ယန္တရားများဆိုင်ရာ ဖြေရှင်းချက်ထက်ပိုသော နေ့စဥ်လူမှု့ဘဝဆိုင်ရာများမှာ ပိုမို အဓိပ္ပာယ်ရှိနေစေရန် ရည်ရွယ်ပြီး ဆန်းသစ်ပြောင်းလဲခြင်းများကို နေ့စဥ်ဖော်ဆောင် လုပ်ကိုင် နေကြရပါသည်။

Life at Yoma Fleet

ကားငှားဝန်ဆောင်မှုမှအစပြုခြင်း

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှာ သမားရိုးကျစနစ်ဖြင့်ကားငှားသည့် ဝန်ဆောင်မှုပေးစဥ်ကတည်းက ကျွန်ုပ်တို့ ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှုများကတော့ အဓိကကျတဲ့ အင်အားတစ်ခုဖြစ်ခဲ့ပါသည်။ ၂၀၁၈တွင် ခုနှစ် မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုလ်ဘိုင်းအက်ပလီကေးရှင်းဖြင့် ကားငှားနိုင်သည့် ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ခြင်းမှစပြီး ယနေ့ထိတိုင် အကြီးမာဆုံးသော ယာဥ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ပြီး ရှေ့ဆက်နေခြင်းမှာ ကျွန်ုပ်တို့ ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှုနှင့် ယုံကြည်ချက်များဖြင့် ရှေ့ဆက်နေကြခြင်း ကြောင့်သာ ဖြစ်ပါသည်။   

ယုံကြည်ခြင်းမှသည် ဆန်းသစ်တီထွင်ခြင်းဆီသို့

ယနေ့ Yoma Fleet ရဲ့ ရုံးခန်းထဲကို ဝင်ကြည့်မယ်ဆိုရင် Product Managerများ ၊ Developerများ၊ Fleet Coordinatorsများ ၊ Customer Service အဖွဲ့သားများ၊  Data Analyst များနှင့်အတူ အခြားသော ဆိုင်ရာအဖွဲ့သားများကို တစ်မိုးအောက် တစ်နေရာတည်းမှာ အတူတကွ ဆိုင်ရာတာဝန် များကို စိတ်အားထက်သန်စွာ ထမ်းဆောင်လုပ်ကိုင်နေကြတာကို တွေ့ရပါမည်။ အားလုံးကတော့ နည်းပညာများကို အခြေခံပြီး တည်ဆောက်ထားသော ငွေကြေးဝန်ဆောင်မှုများ၊ ယာဥ်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်မည့် စက်ကိရိယာများကို ဖော်ဆောင်နေခြင်းများဖြင့် နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ သုံးစွဲသူများကို ပိုမိုလွယ်ကူထိရောက်စေဖို့အတွက် လုပ်ကိုင်နေကြပါသည်။ Yoma Fleet မှာ အနှစ်သာရတစ်ခုကို ကျွန်ုပ်တို့အားလုံးတူညီစွာဖန်တီးထားကြတာက‌တော့  မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ယာဥ်နှင့်စက်ယန္တရားများဆိုင်ရာ ဖြေရှင်းချက်များအပြင် ပိုမိုကောင်းမွန်သောစနစ်များကိုတည်ဆောက်ကာ စီးပွား‌ရေးနှင့် လူမှုဘဝဆိုင်ရာများမှာ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြဿနာများနှင့် လိုအပ်ချက်များကို လွယ်ကူလျင်မြန်စွာ ပံ့ပိုးပေးနိုင်ဖို့အတွက်ဖြစ်ပါသည်။

ကျွန်ုပ်တို့နှင့် ရပ်တန့်၍မရနိုင်သော တီထွင်ဖန်တီးခြင်းများ

အခုဆိုရင် ကျွန်ုပ်တို့ ဝန်ထမ်းများမှ Data-driven technologies များကို အသုံးပြုပြီး IoT နှင့် GPS နည်းပညာများဖြင့် မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးဆိုင်ရာနှင့် စက်၊ ယာဥ်နှင့် ယန္တရားများကို တိကျစွာခြေရာခံနိုင်သည့်ဝန်ဆောင်မှုများကို မိတ်ဆက်နိုင်ခဲ့ပါသည်။ အချိန်နှင့်တပြေးညီ မိမိတို့ရဲ့ မော်တော်ယာဥ်ကို စောင့်ကြည့်ခြင်းမှစပြီး လုပ်ငန်းသုံး ယာဥ်ယန္တရားများရဲ့ လုပ်ဆောင်ချက်များကို ခွဲခြမ်းစိတ်ဖြာကာ စောင့်ကြည့်နိုင်ခြင်းအထိကို ခေတ်မီပြီး ချိတ်ဆက်အလုပ်လုပ်နိုင်သည့် နည်းပညာဖြေရှင်းချက်ဖြင့် ပြည်တွင်း စျေးကွက်ထဲကို ယူဆောင်လာနိုင်ဖို့အတွက်လည်း ကျွန်ုပ်တို့မှ ကတိပြုထားပါသည်။ လက်ရှိတွင် မိုလ်ဘိုင်းအက်ပလီကေးရှင်း ၃ခုနှင့်အတူ ဝက်ဘ်ဆိုဒ် ၅ခုမှတစ်ဆင့် ဝန်ဆောင်မှုများပေးကာ လည်ပတ်လျက် ရှိနေသော်လည်း  “ဆန်းသစ်တီထွင်ခြင်း” ကတော့ ကျွန်ုပ်တို့အားလုံးအတွက် အမြဲတစေ အရေးကြီးသည့် ခံယူချက်တစ်ရပ်နှင့်သာ လုပ်ဆောင်လျက် ရှိပါသည်။

Life at Yoma Fleet

ကျွန်ုပ်တို့ရဲ့ တူညီသည့်မျှော်မှန်းချက်

ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းများအားလုံးမှာ ကိုယ်စီတူညီစွာရှိကြတဲ့ အားသာချက်တစ်ခုကတော့ စိတ်ဓာတ်အင်အားများ ခိုင်မာခြင်းပင် ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်မှ စတင်ကာ စိတ်ကူးမိသည့် အကြံအဥာဏ်တစ်ခုမှသည် Pilot Project တစ်ခုဖြစ်လာခဲ့ပြီးတော့ ဒီဂျစ်တယ်အသွင် ပလက်ဖောင်းတစ်ခုဆီသို့ အရာထင်ကာ အသွင်ကူးပြောင်းလာခဲ့ပါသည်။

ဒါကြောင့် ယခုလို ပြောင်းလဲတိုးတက်နေတဲ့ခေတ်ကာလမှာ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံမှာ ကားငှားဝန်ဆောင်မှု၊ ယာဥ်များကို စီမံခန့်ခွဲမှုနဲ့ ငွေကြေးဝန်ဆောင်မှုများကို စနစ်သစ် ပုံစံအသစ်များဖြင့် ပြောင်းလဲနိုင်ဖို့ လုပ်ဆောင်နေကြပါသည်။ Yoma Fleet မှာရှိတဲ့ ဌာနတိုင်းဟာလည်း လာမည့်အနာဂတ်အတွက် ဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင်ဖြင့်ပိုမိုလွယ်ကူနိုင်ဖို့ကို ပုံဖော်ပြီး လုပ်ဆောင်နေကြပါသည်။ အခုလို Yoma Fleet မှာ ဒီဂျစ်တယ်အသွင်သို့ ပြောင်းလဲနေသည့် ဒီစိန်ခေါ်မှု ခရီးမှာ ကျွန်ုပ်တို့နှင့်အတူ လိုက်ပါချင်တယ် ဆိုရင်တော့ ဒီခရီးကို အတူတူသွားဖို့ကို ဖိတ်ခေါ်လိုက်ပါသည်။

တစ်ချိန်တည်းမှာ  စိန်ခေါ်မှုတိုင်းကို ဖြေရှင်းဖို့အတွက် ကြိုဆိုနေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါသည်။