Yoma Car Share ဖြင့်မည်ကဲ့သို့ ကားငှားယူရမည်နည်း 🚗✨
Yoma Car Share ကိုအသုံးပြု၍ ကားငှားယူခြင်းသည် လွယ်ကူ မြန်ဆန်ပြီး အချိန်ပေးရန် မလိုအပ်ပါ။ နေ့ခြင်းပြန်ခရီးကို သွားချင်သည်ဖြစ်ပါစေ၊ ခရီးရှည်ကို သွားချင်သည် ဖြစ်ပါစေ Yoma Car Share မှတစ်ဆင့် ကားငှားယူလိုပါက ရှုပ်ထွေးမှုမရှိဘဲ အလွယ်တကူ ကားငှားယူနိုင်ပါသည်။ ကားကို ငှားယူမည့် သုံးစွဲသူများအတွက် ပိုမိုလွယ်ကူ ထိရောက်မှု့ရှိစေရန် ဤပို့စ်တွင် ကားငှားယူနည်း အဆင့်ဆင့်ကို ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
အဆင့် ၁: Yoma Car Share အက်ပ်ကို ဒေါင်းလုဒ်ဆွဲပါ 📲
Yoma Car Share ဝဘ်ဆိုက်မှတစ်ဆင့် ကားငှားယူနိုင်သော်လည်း ပိုမိုချောမွေ့စေရန် မိုဘိုင်းအက်ပ်ကို အသုံးပြုဖို့ အကြံပြုပါသည်။ Yoma Car Share မိုဘိုင်းအက်ပ်ကို ဤနေရာများမှတစ်ဆင့် ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။
သို့ မဟုတ် Yoma Car Share ၏ ဝဘ်ဆိုက် www.yomacarshare.com တွင် သွားရောက် လေ့လာနိုင်ပါသည်။
အဆင့် ၂: အကောင့် အသစ်ဖွင့်ခြင်း သို့မဟုတ် ဝင်ရောက်အသုံးပြုခြင်း 📝
သင့်တွင် အကောင့်ရှိပြီးသားဖြစ်ပါက အလွယ်တကူပင် Yoma Car Share ဝက်ဆိုက်ဒ် သို့ မဟုတ် Yoma Car Share မိုဘိုင်းအပ်တွင် ဝင်ရောက်ပြီး သင့်၏ အကောင့်ဖြင့် ကားငှားယူနိုင်ပါတယ်။
သင်၏ အကောင့်ဖြင့် Yoma Car Share တွင် ကားငှားယူနိုင် ဖို့အတွက် Yoma Car Share မိုဘိုင်းအပ် သို့မဟုတ် Yoma Car Share ဝဘ်ဆိုက်သို့ သွားပါ။

တစ်ဦးချင်းအကောင့် သို့မဟုတ် ကုမ္ပဏီအကောင့် မရှိသေးပါကလည်း မိမိ၏ ကိုယ်ရေးကိုယ်တာ အခြေခံအချက်အလက်များနှင့်မှတ်ပုံတင်ကတ်ပြား သက်သေခံအချက်အလက်များအား ဖြည့်စွက်ပြီး အလွယ်တကူ မှတ်ပုံတင်နိုင်ပါသည်။ Yoma Car Share ဘက်မှ သင်၏ဖြည့်စွက်ထားသော အချက်အလက်များအား ပြန်လည် စစ်ဆေးပြီး အကောင့်ဖွင့်ပေးမည် ဖြစ်ပါသည်။ အကောင့်ကို ရယူပြီးပါက အချိန် အနည်းငယ်အတွင်း ကားငှားယူနိုင်မည် ဖြစ်ပါသည်။ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အတွက် လုပ်ပုံလုပ်နည်း အဆင့်ဆင့်ကို အောက်တွင် ဖော်ပြထားပါသည်။
၁။ “ အကောင့်အသစ်ဖွင့်မည်” ကို နှိပ်ပါ။

၂။ တစ်ဦးချင်းအနေဖြင့် အကောင့်ဖွင့်လိုပါက “ တစ်ဦးချင်းအနေဖြင့် အကောင့်ဖွင့်ရန်” ကို ရွေးချယ်ပါ။

၃။ သင်၏ နာမည်အပြည့်အစုံ၊ အီးမေးလ်လိပ်စာ၊ စကားဝှက်တို့ကို ထည့်ပြီး ထပ်မံ အတည်ပြုပါ။ အချက်အလက်အားလုံး ဖြည့်စွက်ပြီးပါက “ သိမ်းဆည်းပါ” ကို နှိပ်ပါ၊ လုပ်ဆောင်ချက်များအား သေချာစွာ လုပ်ဆောင်ပြီးပါက သင်ရဲ့ မှတ်ပုံတင်ခြင်းအဆင့်ကို ပြီးစီးမည် ဖြစ်ပါသည်။

၄။ မှတ်ပုံတင်ခြင်း ပြီးဆုံးပါက Yoma Car Share စနစ်မှ သင့်ဆီသို့ တစ်ကြိမ်သုံး စကားဝှက် (OTP) ပါဝင်သော အီးမေးလ် ပေးပို့ပါမည်။ အကောင့်ကို ဝင်ရောက်အသုံးပြုဖို့ရန်အတွက် OTP ကုဒ်ကို ထည့်သွင်းပေးရပါမည်။

မှတ်ပုံတင်ခြင်းနှင့် ပတ်သက်သော အချက်အလက်များကို ထပ်မံ သိရှိလိုလျှင် Yoma Car Share ၏အကူအညီစင်တာကို ဆက်သွယ်ပါ။
အဆင့် ၃: ကားငှားယူခြင်း 🚘
သင့်အကောင့်ကို ဖွင့်ပြီး အတည်ပြုပြီးပါက ကားကိုငှားယူနိုင်မည် ဖြစ်ပါသည်။ ကားငှားယူရန်အတွက် အောက်ပါအဆင့်များအတိုင်း လိုက်နာပါ။
၁။ ခရီးစဥ်အချက်အလက်များအား ဖြည့်သွင်းပါ – “ ကားရှာဖွေရန်” ဖော်ပြထားသော စာမျက်နှာတွင်အပိုင်းတွင် သင်ကားငှားယူမည့်နေရာ၊ အခြားနေရာတွင် အပ်နှံရန် (Optional)၊ ကားငှားယူမည့်နေရက်/အချိန် နှင့် ကားအပ်နှံမည့်နေရက်/အချိန် ကို ထည့်သွင်းပါ။ ပြီးလျှင် “ ကားရှာဖွေပါ” ကို နှိပ်ပါ။

၂။ ငှားယူမည့်ကားကို ရွေးချယ်ပါ – သင့်လိုအပ်ချက်နှင့် ကိုက်ညီသော ကားများ စာရင်းကို ကြည့်ပါ။ သင့်ခရီးစဉ်အတွက် အကောင်းဆုံး ဖြစ်မည့်ကားကို ရွေးချယ်ပါ။

၃။ ငွေပေးချေမှုနှင့် ပရိုမိုးရှင်းများ – ကားအမျိုးအစားကို ရွေးချယ်ပြီးပါက ငွေပေးချေမှုနည်းလမ်း (Credit Card, Debit Card, WavePay, MPU, KBZPay) ကို ရွေးချယ်ပါ။ ပရိုမိုးရှင်းရှိပါက ကားငှားယူမှုကို အတည်မပြုမီ အသုံးပြုပါ။.


၄။ ကားငှားယူပါ – အချက်အလက်များ (ငှားယူမည့် ရက်၊ နေရာများ) အား စစ်ဆေးပါ၊ ပြီးပါက “ ငှားမည်” ကို နှိပ်ပါ။

၅။ ကားငှားယူခြင်းအချက်အလက်များအား စစ်ဆေးပါ – သင်ငှားယူထားသော ကား၏ အချက်အလက်များကို “ လာမည့် Reservation များ” စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။


ကားငှား ယူခြင်းအတွက် အကြံပြုချက်များ –
- ကားငှားယူမည့် လုပ်ငန်းစဥ်အတွက် အချက်အလက်များကို ကားငှား ယူမည့်အချိန်မတိုင်မီ ၄၅ မိနစ်အတွင်း ပြင်ဆင်နိုင်ပါသည်။
- အနည်းဆုံး ငှားယူချိန်မှာ ၁ နာရီဖြစ်ပြီး၊ အများဆုံးမှာ ရက် ၃၀ ဖြစ်ပါသည်။ ရက် ၃၀ ထက်ပိုသော ခရီးများအတွက် ကားငှားယူမှု့အသစ်ကို ပြုလုပ်ရပါမည်။
- ကားငှားယူမှု့ကို ပယ်ဖျက်ပါက ငွေ ၁၀၀၀၀ ကျပ် ဖြင့် ဒဏ်ကြေးပေးဆောင်ရပါမည်။ ပယ်ဖျက်ခြင်းမလုပ်ဘဲ ငှားယူမှုအချက်လက်များကို ပြောင်းလဲခြင်းဖြင့် ဤဒဏ်ကြေးကို ပေးရန် မလိုအပ်ပါ။
- ကားငှားယူမည့်အချိန်မတိုင်မီ နာရီ ၁၈၀ အထိ ကြိုတင် ငှားယူနိုင်သလို၊ ၁၅ မိနစ်အတွင်းမှ ကားငှားယူခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်။
ကားငှား ယူခြင်းနှင့် ပတ်သက်သော အချက်အလက်များကို ထပ်မံ သိရှိလိုလျှင် Yoma Car Share ၏အကူအညီစင်တာကို ဆက်သွယ်ပါ။
အဆင့် ၄ – ကားငှားယူမှုကို အဆုံးသတ်ပါ 🛑
သင်၏ ကားငှားယူမှု့ကို အဆုံးသတ်ခြင်းကလည်း လွယ်ကူပါသည်။ ကားကို ကားငှားယူသည့်နေရာ သို့မဟုတ် အခြားနေရာတွင် ပြန်လည်အပ်နှံပါက အပိုကြေး (OWR) ပေးဆောင်ရမည် ဖြစ်ပါသည်။
၁။ သင့်ရောက်ရှိနေသော ကားပြန်အပ်မည့်နေရာတွင် “ ခရီးစဥ်ပြီးဆုံးမည်” ကို နှိပ်ပါ။
၂။ လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များအားလုံး ပြီးစီးကြောင်း အတည်ပြုပြီး ပြဿနာများကြုံတွေ့ခဲ့ရပါက သို့မဟုတ် ထိခိုက်မှုများရှိပါက သတင်းပေးပို့ပါ။
၃။ ပြီးခဲ့သည့်ခရီးများကို သင့် Yoma Car Share အကောင့်တွင် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

ခရီးစဉ်အဆုံးသတ်ရာတွင် အကြံပြုချက်များ:
- ငွေပေးချေမှု့ စာမျက်နှာတွင် ပေးဆောင်ရန် ကျန်ရှိသေးသည့် ငွေများ ရှိ/မရှိ စစ်ဆေးပါ။
- ကားအပ်နှံရန် နောက်ကျခြင်းအတွက် ဒဏ်ကြေး မပေးဆောင်ရ စေရန် ကားကို အချိန်မီ ပြန်အပ်ပါ။
- ကားကို ငှားယူထားသည့် နေရာသို့ ပြန်လည်အပ်နှံပါ။
အကူအညီရယူလိုပါသလား? 😊
Yoma Car Share သည်သင်၏ ကားငှားယူ မှုလုပ်ငန်းစဉ်ကို ရိုးရှင်းလွယ်ကူစေရန် အတွက် အစီအစဉ်များပြုလုပ်ပေးထားပါသည်။ အကူအညီရယူလိုပါက Yoma Car Share ၏ အကူအညီစင်တာကို ဆက်သွယ်နိုင်ပါသည်။
- Hotline: (09YOMAFLEET သို့မဟုတ် 09966235338)
- Email: aung@yomafleet.com
Yoma Car Share ဖြင့်သင်၏ နောက်လာမည့် ခရီးစဥ်အတွက် ပြင်ဆင်လိုက်ပါ 🚗💨