ပိုင်ဆိုင်ခွင့် အိပ်မက်ကို အကောင်အထည်ဖော်ခြင်း- Lease-to-Buy (ငှားရမ်းဝယ်ယူခြင်း အစီအစဉ်)၏ အကျိုးကျေးဇူးများ
သင်ဟာ အိမ်သုံးပစ္စည်းအသစ်၊ နောက်ဆုံးပေါ် ဖုန်း/လက်တော့ပ် (သို့မဟုတ်) လူသုံးကုန်ပစ္စည်းအသစ် တစ်ခုကို ဝယ်ယူရန် လိုအပ်နေခဲ့ပြီး
- ပစ္စည်းတန်ဖိုးကို အလုံးအရင်းနဲ့ ပေးချေဖို့ ငွေအလုံအလောက် မစုဆောင်းမိထားတာပဲဖြစ်ဖြစ်
- စျေးနှုန်းအတက်အကျ (Price Volatility) ကို စိတ်ပူနေရတာကြောင့်ပဲဖြစ်ဖြစ်
စဥ်းစားစရာ မလိုအပ်ပါဘူး။ ဒီလို ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်မည့် အကောင်းဆုံး နည်းလမ်း Lease-to-Buy Program (ငှားရမ်းဝယ်ယူခြင်း) အစီအစဉ် ရှိနေပါတယ်။
ဒီအစီအစဉ်က သင့်အတွက် ငွေကြေးဖိအား လျော့နည်းစေတဲ့ လမ်းကြောင်း တစ်ခုကို ဖော်ဆောင်ပေးပြီး၊ သင်စိတ်ဝင်စားသည့် ပစ္စည်းတွေကို အသုံးပြုနေရင်းနဲ့မှ ပိုင်ဆိုင်မှုဆီ တဖြည်းဖြည်း ဦးတည်သွားစေမှာ ဖြစ်ပါတယ်။
Lease-to-Buy အစီအစဉ်ကြောင့် ရရှိနိုင်တဲ့ အဓိကအခွင့်အရေးများ
၁။ စရံငွေ အလုံးအရင်း ပေးသွင်းရမှု စိုးရိမ်စရာမလိုခြင်း
ပစ္စည်းဝယ်ရာမှာ တစ်ခါတည်းပေးချေရမဲ့ စရံငွေ (Down-Payment) များပြားခြင်းဟာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်စေနိုင်ပါသည်။
- လစဉ်ပေးသွင်းငွေမှ စုဆောင်းပေးခြင်း- ဒီအစီအစဉ်ရဲ့ အဓိကအားသာချက်အနေနဲ့ သင်ပေးဆောင်တဲ့ လစဉ်ပေးသွင်းငွေ ဟာ သတ်မှတ်ကာလကုန်ဆုံးပြီးသည့်နောက်မှာ ပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့အတွက် Initial Payment အဖြစ် အလိုအလျောက် စုဆောင်းသွား ပါလိမ့်မည်။
ဥပမာ- သင်ဟာ Laptop အသစ် (သို့မဟုတ်) Smartphone အသစ် တစ်ခုကို လိုချင်တယ်ဆိုရင်၊ လစဉ်ပုံမှန် ငွေပေးချေရုံနှင့် ကိုယ်ပိုင်ပစ္စည်းအတွက် ငွေစုပြီးသား ဖြစ်သွားစေပါတယ်။
- ငွေကြေးတည်ငြိမ်မှုအတွက် အချိန်ရခြင်း- Lease-to-Buy ကာလ (ဥပမာ ၆ လမှ ၁ နှစ်) ဟာ သင့်ရဲ့ လက်ရှိ ငွေကြေးအခြေအနေကို ပိုမိုခိုင်မာအောင် ပြန်လည်ပြင်ဆင်ဖို့ နှင့် ပိုမိုကောင်းမွန်တဲ့ ဘဏ္ဍာရေး စည်းကမ်း (Better Financial Discipline) တို့ကို တည်ဆောက်ဖို့အတွက် လုံလောက်တဲ့ အချိန်ကို ပေးနိုင်ပါသည်။။
၂။ ချက်ချင်း အသုံးပြုခွင့်နှင့် စိတ်ဖိစီးမှု လျှော့ချနိုင်ခြင်း
Electronic Devices၊ Home Appliances၊ Musical Instruments စတဲ့ ပစ္စည်းတွေအတွက် ဒီအစီအစဉ်က လက်တွေ့ကျတဲ့ အကျိုးကျေးဇူးတွေ ပေးပါလိမ့်မည်။
- ချက်ချင်း အသုံးပြုခွင့်- တီဗီ၊ ရေခဲသေတ္တာ၊ သို့မဟုတ် စက်ဘီး လိုမျိုး ပစ္စည်းတွေကို စရံငွေ အများကြီး ပေးစရာမလိုဘဲ စာချုပ်ချုပ်ဆိုပြီး ချက်ချင်း ယူဆောင်အသုံးပြု နိုင်ပါတယ်။ ပစ္စည်းကို လိုအပ်နေချိန်မှာ ငွေစုချိန်အများကြီးမလိုအပ်တော့ပါဘူး။
- ပိုင်ဆိုင်မှုဆီ တိုက်ရိုက် ဦးတည်ခြင်း- ဂစ်တာ (သို့မဟုတ်) အဖိုးတန် လက်မှုပစ္စည်း (Jewelry) တွေကို ဝါသနာအရ ဝယ်ယူတဲ့အခါ၊ သင်ပေးသွင်းတဲ့ လစဉ်အရစ်ကျငွေတွေဟာ နောက်ဆုံးမှာ ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်း ဖြစ်သွားစေဖို့ တိုက်ရိုက် ဦးတည် ပါတယ်။
၃။ ပုံသေစျေးနှုန်းဖြင့် စိတ်ချလက်ချ ဝယ်ယူနိုင်ခြင်း (Price Lock)
- စျေးနှုန်း ကြိုတင်တွက်ချက်ခြင်း- Lease-to-Buy အစီအစဉ် စတင်တဲ့ အချိန်မှာပင် သင်ဝယ်ယူမဲ့ ပစ္စည်းရဲ့ နောက်ဆုံး စျေးနှုန်း (Final Purchase Price) ကို ကြိုတင်တွက်ချက် ထားနိုင်ပါတယ်။ ဒါကြောင့် စာချုပ်သက်တမ်းအတွင်း စျေးကွက်ထဲ ဘယ်လောက်ပဲ စျေးတက်သွားပါစေ၊ သတ်မှတ်ထားတဲ့ စျေးနှုန်းအတိုင်းသာ ဝယ်ယူရမှာ ဖြစ်ပါတယ်။
သိထားသင့်တဲ့ အရေးကြီးအချက်
ဆုံးရှုံးနိုင်ခြေ သတိပေးချက်- သင်ဟာ ငှားရမ်းဝယ်ယူခြင်းအစီအစဉ် ကို စတင်ပြီးနောက် လစဉ်ပေးသွင်းရမည့် ငွေပမာဏကို ပုံမှန် မပေးသွင်းနိုင်ပါက စာချုပ်စချုပ်တုန်းက ပေးခဲ့ရတဲ့ Option Fees နဲ့ လစဉ် ပေးသွင်းခဲ့သည့် စုဆောင်းငွေများ ဆုံးရှုံးသွားနိုင်ပါသည်။ ဒါကြောင့် ပေးသွင်းမှုတွေကို အချိန်မီ ပုံမှန်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။
နိဂုံးချုပ်
Lease-to-Buy Program ဟာ သင်စိတ်ဝင်စားတဲ့ နည်းပညာအထောက်အကူပြုပစ္စည်း၊ အိမ်သုံးပစ္စည်းများသာမက စုံလင်လှတဲ့ ဝန်ဆောင်မှု များစွာကို ငွေကြေးဖိအားနည်းစွာ စတင်အသုံးပြုရင်း၊ သတ်မှတ်ကာလအကုန်မှာ မိမိပိုင်ဆိုင်မှုအဖြစ် စိတ်ချလက်ချ ပိုင်ဆိုင်နိုင်မဲ့ စမတ်ကျတဲ့ ရွေးချယ်မှု တစ်ခုပဲ ဖြစ်ပါတယ်။
အမျိုးအစားစုံလင်တဲ့ပစ္စည်းတွေကို Lease-to-Buy အစီအစဉ်ဖြစ်တဲ့ PLUS+ App မှတစ်ဆင့် အခုပဲ ဝင်ရောက်လေ့လာလိုက်ပါ။ သင့်အိပ်မက်ပစ္စည်းကို ဒီနေ့ပဲ PLUS+ နဲ့ အရယူနိုင်ပါပြီ။