Yoma Car Share သည် မြန်မာနိုင်ငံတစ်ဝှမ်း ၂၄ နာရီ၊ ၇ ရက်၊ တစ်နှစ်ပတ်လုံး ဝန်ဆောင်မှုပေးသည့် အပြင် မိမိ၏ စမတ်ဖုန်းမှတစ်ဆင့် ကိုယ်တိုင် လုပ်ဆောင်နိုင်မည်ဖြစ်၍ ပိုမိုစမတ်ကျပြီး လိုက်လျောညီထွေရှိသော ဝန်ဆောင်မှုမျိုး ဖြစ်ပါသည်။
ကိုယ်တိုင်မောင်းစနစ် (Self-drive) ဆိုတာ ဘာလဲ?
Self-drive ဆိုသည်မှာ ကားငှားရမ်းရာတွင် ကုမ္ပဏီမှ ယာဉ်မောင်းမပါဘဲ အသုံးပြုသူကိုယ်တိုင် မောင်းနှင်ရခြင်းကို ဆိုလိုပါသည်။ ထိုသို့ ကိုယ်တိုင်မောင်းနှင်ခြင်းဖြင့် မိမိ၏ ခရီးစဉ်လမ်းကြောင်းနှင့် အချိန်ဇယား တို့ကို အပြည့်အဝ စိတ်ကြိုက်စီမံနိုင်မည် ဖြစ်ပါသည်။ Yoma Car Share တွင် နာရီအလိုက်မှသည် လအလိုက်အထိ စိတ်ကြိုက်ရွေးချယ် ငှားရမ်းနိုင်သောကြောင့် ကားတစ်စီးအား ဝယ်ယူထားရန် မလိုဘဲ မိမိလိုအပ်သည့် အချိန်တွင် ငှားရမ်းအသုံးပြုနိုင်မည် ဖြစ်ပါသည်။
ထိတွေ့ဆက်သွယ်ရန်မလိုသောစနစ် (Contactless) ဆိုတာ ဘာလဲ?
Contactless ဆိုသည်မှာ မှတ်ပုံတင်ခြင်း၊ ကားဘိုကင်တင်ခြင်းမှစ၍ ကားထုတ်ယူခြင်းနှင့် ပြန်လည်အပ်နှံခြင်းအထိ ခရီးစဉ်တစ်ခုလုံး၏ လုပ်ငန်းစဉ်များတွင် လူကိုယ်တိုင် တွေ့ဆုံရန်မလိုဘဲ ဆောင်ရွက်နိုင်ခြင်းကို ဆိုလိုပါသည်။ Yoma Car Share တွင် ဝန်ဆောင်မှုရယူရန်အတွက် App မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းခြင်း၊ သတ်မှတ်ထားသော Rental Hub သို့သွားရောက်၍ ဒစ်ဂျစ်တယ်စနစ်ဖြင့် ကားတံခါးဖွင့်ခြင်းနှင့် ခရီးစဉ်အဆုံးတွင် ပြန်လည်အပ်နှံခြင်းတို့ကို စောင့်ဆိုင်းရန်မလိုဘဲ လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
ငွေသားကိုင်ဆောင်ရန်မလိုသောစနစ် (Cashless) ဆိုတာ ဘာလဲ?
Cashless ဆိုသည်မှာ ငွေပေးချေမှုအားလုံးကို သတ်မှတ်ထားသော အွန်လိုင်းငွေပေးချေမှုစနစ်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သောကြောင့် လက်ငင်းငွေသားကိုင်ဆောင်ထားရန် မလိုအပ်ဘဲ ကားငှားရမ်းမှုကို ပိုမိုလွယ်ကူ စေပါသည်။ ထို့အပြင် ငှားရမ်းခများနှင့် အချိန်ပိုအသုံးပြုခများ၏ အသေးစိတ်အချက်အလက်အားလုံးကို ဘိုကင်မှတ်တမ်း (Booking History) တွင် ပြန်လည်ကြည့်ရှု စစ်ဆေးနိုင်ပါသည်။
သော့အသုံးပြုရန်မလိုသောစနစ် (Keyless) ဆိုတာ ဘာလဲ?
Keyless ဆိုသည်မှာ သာမန်သော့များကို အသုံးပြုရန်မလိုဘဲ အဆင့်မြင့်နည်းပညာဖြင့် သော့ဖွင့်ခြင်းနှင့် စက်နှိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။ Yoma Car Share ၏ မော်တော်ယာဉ်များသည် သာမန်အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ ကဲ့သို့မဟုတ်ဘဲ Bluetooth၊ အင်တာနက်ချိတ်ဆက်မှုနှင့် Tap Card စနစ်တို့ကို အသုံးပြု၍ ကားတံခါးများကို ပိတ်ခြင်း၊ ဖွင့်ခြင်းများ ပြုလုပ်နိုင်သောကြောင့် မိမိ၏ App သို့မဟုတ် အဖွဲ့ဝင်ကတ် မှတစ်ဆင့် တိုက်ရိုက်ထိန်းချုပ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ဤအချက် (၄) ချက်က ဘာကြောင့် အရေးကြီးသလဲ?
ကိုယ်တိုင်မောင်းနှင်မှုစနစ် ကြောင့် နာရီပိုင်းအသုံးပြုမှု များမှစ၍ အားလပ်ရက်ခရီးစဉ်များအထိ မိမိ၏ ကိုယ်ပိုင်အချိန်ဇယားအတိုင်း လွတ်လပ်စွာ သွားလာနိုင်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်းနှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ကားအသုံးပြုခြင်းတို့ကြောင့် ငွေသားကိုင်ဆောင်ခြင်းနှင့် သော့ပျောက်ဆုံးခြင်းတို့မှ လျှော့ချပေးသည့်အပြင် ပိုမိုခေတ်မီသော အတွေ့အကြုံကို ရရှိစေပါသည်။
ခရီးစဥ်တိုင်းမှာ Yoma Car Share နှင့်အတူတူသွားကြပါစို့။