Agile mindset – ပြောင်းလဲနေသောကမ္ဘာ၏ အောင်မြင်မှုအတွက် အဓိကသော့ချက်

Agile mindset – ပြောင်းလဲနေသောကမ္ဘာ၏ အောင်မြင်မှုအတွက် အဓိကသော့ချက်

Agile mindset – ပြောင်းလဲနေသောကမ္ဘာ၏ အောင်မြင်မှုအတွက် အဓိကသော့ချက်

Agile mindset သည် အရည်အသွေးမြင့် အကျိုးဆက်ရလဒ်များကို ရရှိနိုင်ရန် မိမိလုပ်ဆောင်နေသော အရာများအား နားလည်နိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု့ရှိခြင်း၊ အမြဲတစေ လေ့လာခြင်းနှင့် လျင်မြန်စွာ ပြောင်းလဲမှုများကို လိုက်လျော ညီထွေစွာ လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ Agile mindset ကို နည်းလမ်းများနှင့် ကိရိယာများအတူတကွ ပေါင်းစပ်ခြင်းအားဖြင့် အဖွဲ့အစည်းများသည် ပြောင်းလဲမှုများကို လိုက်လျောညီထွေစွာ လုပ်ဆောင်လာနိုင်ပြီး ထိရောက်သော တိုးတက်မှုများ ရှိလာမည် ဖြစ်ပါသည်။

Agile mindset သည် ယနေ့ခေတ်ကဲ့သို့ မြန်နှုန်းမြင့်စွာ တိုးတက်ပြောင်းလဲနေသော ကမ္ဘာကြီးတွင် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား အောင်မြင်စေရန် ကူညီပေးနိုင်သည့် စိတ်နေစိတ်ထား ဖြစ်သည်။ အသင်းအဖွဲ့ဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှု၊ ကြိုတင်ပြင်ဆင်နိုင်မှုနှင့် သုံးစွဲသူ လိုအပ်ချက်များကို ဦးစားပေးမှု့ စသောအယူအဆများအပေါ်မှာ အခြေခံပြီး ဉာဏ်ရည် ထုတ်ယူသုံးစွဲမှုများကို လှုံ့ဆော်ပေးခြင်း၊ တန်ဖိုးများကို ပေးဆောင်နိုင်စေရန် အားပေးခြင်းနှင့် အခက်အခဲများကြားတွင်လည်း အဖွဲ့အစည်းများအား ခိုင်မာစွာ ရပ်တည်နိုင်စေရန် ကူညီပေးသည်။

Agile ကို စတင်ခဲ့ပုံ

၂၀၀၁ ခုနှစ်တွင် အရည်အချင်းပြည့်မီသော ဆော့ဖ်ဝဲကျွမ်းကျင်သူ ၁၇ ဦးသည် Agile Manifesto ကို ဖန်တီးခြင်းဖြင့် Agile ချဉ်းကပ်မှုကို စတင်ခဲ့သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ဖြေးဖြေးနှင့် မှန်မှန်သွားသော ပရောဂျက်စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပြဿနာများကို ဖြေရှင်းလိုကြခြင်း ဖြစ်သည်။ Manifesto တွင် Agile Mindset ၏ အဓိက ဆောင်ပုဒ် လေးချက်ကို တင်ပြခဲ့သည် –

  1. တစ်ဦးချင်းစီ နှင့် အပြန်အလှန် ဆက်သွယ်မှုများကို ပုံမှန်လုပ်ထုံးလုပ်နည်း၊ ကိရိယာများထက် ဦးစားပေးခြင်း
  2. အကြောင်းအရာစာရွက်စာတမ်းများအား အခြေပြုပြီး ဆော့ဖ်ဝဲများအား ရေးသားခြင်း
  3. စာချုပ်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းထက် သုံးစွဲသူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
  4. အစီအစဉ်အတိုင်း လိုက်နာခြင်းဖြင့် ပြောင်းလဲမှုများအား တုံ့ပြန်ခြင်း

အစပိုင်းတွင် ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးတိုးတက်မှုအတွက်သာ စတင်ခဲ့သော်လည်း Agile သည် အလုပ်စီမံခန့်ခွဲမှုအတွက် နယ်ပယ်အားလုံးရှိ အဖွဲ့အစည်းများအား လျင်မြန်စွာပြောင်းလဲနေသော ပတ်ဝန်းကျင်တွင် လိုက်လျောညီထွေဖြစ်စေရန် ဆန်းသစ်တီထွင်မှု့ပေးနိုင်မည့် universal framework တစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲလာသည်။

Agile နှင့် Agile Mindset ဆိုသည်မှာ အဘယ်နည်း

Agile ဆိုသည်မှာ ပြောင်းလဲမှုများကို ထိရောက်စွာ ဖန်တီးပြီး တုံ့ပြန်နိုင်သော စွမ်းရည်ကို ဆိုလိုသည်။ ၎င်းသည် သေချာမှု့မရှိသော ပတ်ဝန်းကျင်တစ်ခုတွင် အောင်မြင်မှု့ရရှိစေရန်အတွက် အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည်။ Agile Manifestoကို ဖန်တီးခဲ့သော စာရေးသူများသည် “Agile” ဟူသော စကားလုံးကို ရွေးချယ်ခဲ့ရသည့်အကြောင်းမှာ ၎င်းသည် စာရေးသူများ၏ ရည်ရွယ်ချက်ဖြစ်သည့် တုံ့ပြန်မှုနှင့် အညီလိုက်လျောစွာ ပြောင်းလဲနိုင်မှုဆိုသည့် အချက်ကို ရရှိနိုင်သည့်အတွက် ကြောင့်ဖြစ်ပါသည်။ ၎င်းသည် လက်ရှိပတ်ဝန်းကျင်ကို နားလည်ခြင်း၊ ကြုံတွေ့ရသော မသေချာမှုများကို ဖော်ထုတ်ခြင်းနှင့်ပြောင်းလဲလာသော အခြေအနေအပေါ်ကို မည်ကဲ့သို့ လိုက်လျောညီထွေ စွာနေထိုင်ရမည် ဖြစ်ကြောင်းကို သိရှိခြင်းဖြစ်ပါသည်။

Agile Mindset သည် ပြောင်းလဲနိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တန်ဖိုးများမျှဝေပေးခြင်းပေါ်တွင် အလေးထားထားပါသည်။ ၎င်းသည် Agile အယူအဆများနှင့် လုပ်ထုံးလုပ်နည်းများ၏ အခြေခံကျရာ တည်ဆောက်မှုဖြစ်ပြီး၊ လူများ၊ အဖွဲ့အစည်းများနှင့် အဖွဲ့များအား မြန်ဆန်ပြောင်းလဲနေသော ပတ်ဝန်းကျင်များတွင် တိုးတက်မှုရှိစေရန်လမ်းပြနေပါသည်။ တိတိကျကျ သတ်မှတ်ထားသောနည်းလမ်းများ သို့မဟုတ် လမ်းညွှန်ချက်များနှင့် မတူပဲ၊ Agile Mindset သည် လူများကို အဆက်မပြတ် လေ့လာပြီး စမ်းသပ်မှုများ၊ တိုးတက်မှုများ ပြုလုပ်ပေးရန် အတွက်လုပ်ဆောင်ပေးပါသည်။

Agile Mindset ၏အဓိက လက္ခဏာရပ်များ

၁။ သုံးစွဲသူအပေါ် အာရုံစိုက်မှု

  • သုံးစွဲသူတို့၏ လိုအပ်ချက်များကို နားလည်ပြီး အရေးကြီးဆုံး ဦးစားပေးအနေဖြင့် ထားပါ။
  • သုံးစွဲသူ၏ အကြံပြုချက်များကို အသုံးပြုပြီး လုပ်ငန်းတိုးတက်မှုများအား ပြုလုပ်ပါ။

၂။ ပြောင်းလဲနိုင်မှု

  • ပြောင်းလဲမှုများကို ပြဿနာများဟု ထင်မြင်မည့်အစား တိုးတက်ခြင်းအတွက်အခွင့်အလမ်းများအဖြစ် လက်ခံပါ။
  • မှားယွင်းမှုများမှ သင်ယူပြီး ပို၍ သန်မာလာစေရန် ဆောင်ရွက်ပါ။

၃။ ပူးပေါင်းဆောင်ရွက်မှု

  • အဖွဲ့အစည်းများအကြား အတားအဆီးများကို ဖယ်ရှားပါ။
  • စိတ်ဝင်စားမှုများကို အခြားစူသူများနှင့် မျှဝေပြီး ပူးပေါင်းဆောင်ရွက်ပါ။.

၄။ အဆက်မပြတ် တိုးတက်မှု

  • ပို၍ တိုးတက်နိုင်သော နည်းလမ်းများကို အမြဲရှာဖွေပါ။
  • အတွေ့အကြုံမျာားမှ သင်ယူပြီး တိုးတက်မှုများအား လုပ်ဆောင်ပါ။

၅။ လုပ်ပိုင်ခွင်ပေးမှု

  • အဖွဲ့များအား ဆုံးဖြတ်ချက်များ လုပ်ခွင့်ပေးပါ။
  • ဖန်တီးမှုနှင့် ဆန်းသစ်မှုများအား တိုးတက်စေရန် အခြေခံပတ်ဝန်းကျင်တစ်ခု ဖန်တီးပါ။

Agile Mindset အရေးကြီးရသည့်အကြောင်း

ယနေ့ခေတ်တွင် အဖွဲ့အစည်းများသည် ပြောင်းလဲပြီး ရှုပ်ထွေးနေသော စီးပွားရေးလုပ်ငန်းများကြား မြန်ဆန်စွာ ပြောင်းလဲမှုများကို လက်ခံနိုင်ရမည်။ Agile Mindset သည် ဤကဲ့သို့ ပြောင်းလဲနိုင်စွမ်းအတွက် အရေးကြီးရသည် အကြောင်းမှာ ၎င်းသည် ဉာဏ်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးခြင်း၊ အသင်းအဖွဲ့လုပ်ငန်းများအား တိုးတက်စေသည့် စီမံကိန်းများကို ပိုမို ဦးစားပေးခြင်း၊ နှင့် တန်ဖိုးပေးခြင်းအပေါ် အာရုံစိုက်မှုကို လုပ်ဆောင် ပေးသောကြောင့်ဖြစ်သည်။ Agile Mindset ၏ အရေးပါမှုများကို အောက်ပါအတိုင်း သိရှိ နိုင်ပါသည် –

၁။ ပြောင်းလဲမှုကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း

  • ယနေ့ခေတ်တွင် ကုမ္ပဏီများသည် နည်းပညာနှင့် သုံးစွဲသူများ၏ လိုအပ်ချက်များကြား မြန်ဆန်သော ပြောင်းလဲမှုများကို ကြုံတွေ့ရသည်။
  • Agile mindset သည် အဖွဲ့များအတွင်း ပြောင်းလဲမှုများအား လျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်စေရန် ကူညီပေးသည်။

၂။ ဖန်တီးမှုကို လှုံ့ဆော်ခြင်း

  • အဖွဲ့များသည် အတွေးအခေါ်အသစ်များကို စမ်းသပ်ပြီး မှားယွင်းမှုများမှ သင်ယူရန် နှင့် အဆက်မပြတ် တိုးတက်ရန် အတွက် အခွင့်အလမ်းများ ရှိသည်။
  • ဤအရာသည် ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ပိုမိုကောင်းမွန်သော အကျိုးအမြတ်များကို ဖန်တီးလာပါသည်။

၃။ သုံးစွဲသူများအား စိတ်ချမ်းသာစေခြင်း

  • Agile ကိုကျင့်သုံးနေသော အဖွဲ့အစည်းများသည် သုံးစွဲသူများ၏ အကြံပြုချက်များကို နားထောင်ပြီး၊ ၎င်းတို့ အလုပ်၏ အကြံပြုချက်များအပေါ် အခြေခံ၍ တိုးတက်စေရန် ပြင်ဆင်ပါသည်။
  • ဤအချက်သည် သုံးစွဲသူများ၏ ယုံကြည်မှုနှင့် ရေရှည်တည်တံ့မှုကို တည်ဆောက်ပေးပါသည်။

၄။ အဖွဲ့အစည်းများအား ပိုမို ခိုင်မာစေခြင်း

  • Agile ကိုကျင့်သုံးနေသော အဖွဲ့အစည်းများသည် ပူးပေါင်းလုပ်ဆောင်ကာ ထိရောက်စွာ ဆက်သွယ်ပေးပြီး၊ ပူးပေါင်းတာဝန်ယူကြပါသည်။
  • ဤအချက်သည် အဖွဲ့အစည်း များအား ပိုမိုထုတ်လုပ်မှုမြင့်မားသော အသင်းများအဖြစ် ဖန်တီးပေးသည်။

၅။ တန်ဖိုးများကို မြန်စွာ ပေးဆောင်နိုင်ခြင်း

  • Agile ကိုကျင့်သုံးနေသော အဖွဲ့အစည်းများသည် အဆင့်တိုင်းတွင် တစ်ဆင့်ချင်းစီ တန်ဖိုးများအား မှန်မှန် ပေးဆောင်သည်။
  • ဤနည်းလမ်းသည် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး၊ အချိန်နှင့် ငွေကြေးဆိုင်ရာအရင်းအမြစ်များကို ကာကွယ်ပေးသည်။

Agile Mindset ၏ အကျိုးကျေးဇူးများ

Agile mindset ကျင့်သုံးခြင်းသည် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သည်။

အသင်းအဖွဲ့အတွက်

  • ပူးပေါင်းဆောင်ရွက်မှု – Agile သည် အသင်းအဖွဲ့အတွင်း ပူးပေါင်းမှုကို လှုံ့ဆော်ပြီး၊ အတားအဆီးများကို ဖယ်ရှားကာ ပွင့်လင်းမြင်သာသော ဆက်သွယ်မှုများကို ပံ့ပိုးပေးသည်။
  • အခွင့် အာဏာပေးခြင်း – အဖွဲ့အစည်းများသည် ဆုံးဖြတ်ချက်များ လုပ်ဆောင်ရန် လွတ်လပ်မှု့ရှိပြီး စိတ်အားထက်သန်မှုနှင့် ဖန်တီးမှုကို မြှင့်တင်ပေးသည်။
  • ပြောင်းလဲနိုင်မှု – အသင်းများသည် လိုအပ်သော ဦးစားပေးချက်များနှင့် ညီညွတ်စွာ လျင်မြန်စွာ ပြောင်းလဲနိုင်သည်။
  • အဆက်မပြတ် လေ့လာမှု: ပြန်လည်သုံးသပ်ခြင်းများနှင့် တုံ့ပြန်ချက်များသည် တိုးတက်မှုကို ပိုမို ဆောင်ရွက်နိုင်စေသည်။

စီးပွားရေးလုပ်ငန်းများအတွက်

  • မြန်ဆန်စွာ ပေးပို့ခြင်း – Agile ၏ လုပ်ငန်းစဉ်အဆင့်များသည် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပိုမို မြန်ဆန်စွာ စျေးကွက်ထဲသို့ တင်ပို့ရန် ကူညီပေးသည်။
  • သုံးစွဲသူ အာရုံစိုက်မှု – Agile သည် သုံစွဲသူ လိုအပ်ချက်များနှင့် ကိုက်ညီသော ဖြေရှင်းချက်များကိုသာ အာရုံစိုက်ထားသည်။
  • ကုန်ကျစရိတ်လျော့နည်းမှု – အရေးကြီးသော အလုပ်များကိုသာ အာရုံစိုက်ခြင်းသည် အချိန်နှင့် ငွေကြေးကုန်ကျမှုများကို သိသိသာသာ လျော့နည်းစေသည်။
  • ကြံ့ကြံ့ခံနိုင်မှု့ – အဂျိုင်းအဖွဲ့အစည်းများသည် စျေးကွက်ထဲရှိ ပြောင်းလဲမှုများကို ပိုမို ထိရောက်စွာ ကောင်းမွန်စွာ ရင်ဆိုင်နိုင်သည်။

Agile ကိုလုပ်ဆောင်ခြင်း နှင့် Agile ဖြစ်ခြင်း ၏ ကွာခြားချက်များ

Agile mindset သည် Agile လုပ်ဆောင်ခြင်း မသက်ဆိုင်ပါ။ Agile ကိုလုပ်ဆောင်ခြင်း နှင့် Agile ဖြစ်ခြင်း နှစ်ခုစလုံးမှာ ပြောင်းလဲနိုင်မှုနှင့် သုံးစွဲအာရုံစိုက်မှု အားလုံးအပေါ် အာရုံစိုက် သော်လည်း ၎င်း၏ လုပ်ဆောင်မှုနည်းလမ်းနှင့် ရလဒ်များမှာ ကွဲပြားကြသည်။

Agile ကိုလုပ်ဆောင်ခြင်း

Agile လုပ်ဆောင်ခြင်း ကို အလေးပေးသော အဖွဲ့အစည်းများသည် Scrum သို့မဟုတ် Kanban ကဲ့သို့သော နည်းလမ်းများဖြင့် Agile ကိုလုပ်ဆောင်ကြသည်။ သို့သော် ထို့သို့ လုပ်ဆောင်ရာတွင် အခြေခံ အယူအဆများကို ပေါင်းစပ်ရန် မေ့နေကြသည်။

  • လုပ်ငန်းစဉ်လိုက်နာမှုကို ဦးစားပေးဆောင်ရွက်သည်။
  • တင်းကျပ်သည်ဟု ခံစားရစေပြီး checklist-driven ဖြစ်သည်။
  • အခြေခံတည်ထားသော တိုးတက်မှုများကိုသာ ပြုလုပ်နိုင်သည်။
  • Surface-level improvements တွေကို ကန့်သတ်ကန့်သတ်ထားသည်။

Agile ဖြစ်ခြင်း

Agile mindset ကိုလက်ခံသော အဖွဲ့အစည်းများသည် ၎င်းတို့၏ အယူအဆများအား အဆင့်တစ်ခုချင်းစီတွင် လုပ်ဆောင်ပြီး၊ ဆန်းသစ်မှုနှင့် ပြောင်းလဲနိုင်မှုတို့အတွက် ယဉ်ကျေးမှုတစ်ခုအဖြစ် ဖော်ဆောင်သည်။

  • ရလဒ်နှင့်တန်ဖိုးကို ဦးစားပေးသည်။
  • လိုက်လျောညီထွေရှိပြီး principle-driven ဖြစ်သည်။
  • ရေရှည်နှင့် စနစ်ကျသော အပြောင်းအလဲများကို သွားဆောင်သည်။

အဖွဲ့အစည်းတစ်ခုသည် Scrum စည်းကမ်းများကို လိုက်နာခြင်းဖြင့် “ Agile ကိုလုပ်ဆောင်” နိုင်သော်လည်း၊ အပြောင်းအလဲကို လက်ခံနိုင်မှု့ သို့မဟုတ် သုံးစွဲသူအကျိုးတန်ဖိုးအပေါ် အာရုံစိုက်မှုမရှိလျှင် အမှန်တကယ် အကျိုးရလဒ်များ မရရှိနိုင်ပါ။ Agile ၏ စွမ်းအားကို အပြည့်အဝ ဖော်ထုတ်ရန်အတွက် အဖွဲ့အစည်းများသည် Agile လုပ်ဆောင်ခြင်းမှ ရပ်တန့်ကာ Agile ဖြစ်တည်ရေးကို အရေးထားကာ မှန်ကန်သော စိတ်ဓာတ်ကို မွေးမြူရန် လိုအပ်ပါသည်။

နေ့စဉ်ဘဝအတွက် Agile mindset ဆိုသည်မှာ အဘယ်နည်း။

Agile ကို သေချာစွာ အသုံးပြုလိုပါက အပြောင်းအလဲကို ကြောက်ရွံ့ရန်မလိုဘဲ ကိုယ်ပိုင်တိုးတက်မှု၏ အခွင့်အလမ်းတစ်ခုအဖြစ် မြင်ကြည့်ရမည်။ Agile ကို နေထိုင်မှုဘဝ ပုံစံထဲသို့ ထည့်သွင်းခြင်းသည် ဘဝ၏ မသေချာမှုများကို ပွင့်လင်းသော စိတ်ဖြင့် လက်ခံနိုင်ခြင်းကို ဆိုလိုသည်။ ၎င်းသည် ဘဝ၏ မမျှော်လင့်ထားသော စိန်ခေါ်မှုများကို စိုးရိမ်ပူပန်မှု့ မရှိဘဲ ဖြေရှင်းတတ်ခြင်းနှင့် ဆက်စပ်သည်။

နိဂုံးချုပ်

Agile mindset သည် အပြောင်းအလဲများ ဆက်တိုက်ဖြစ်နေသည့် ကမ္ဘာကြီးထဲတွင် အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအား စိတ်သက်သာစွာ လုပ်ဆောင်နိုင်စေရန် စိတ်ခွန်အားပေးခြင်း ဖြစ်သည်။ အဖွဲ့အစည်းများအနေဖြင့် အပြောင်းအလဲကို လိုက်လျောညီထွေဆောင်ရန်၊ ပူးပေါင်းဆောင်ရွက်မှုကို အရေးထားရန်နှင့် သုံးစွဲသူအကျိုးတန်ဖိုးကို ဦးစားပေးရန် စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းများ၏ တိုးတက်မှုနှင့် ဆန်းသစ်မှုများကိုကြာရှည်စွာ ရရှိနိုင်မည်ဖြစ်သည်။