Yoma InnoSights သည် လူကြီးမင်း ပိုင်ဆိုင်သော ပစ္စည်းများ၏ ဘေးကင်းလုံခြုံမှုု (Asset Security) ၊ အသုံးချမှု (Asset Utilization) နှင့် စာရင်းမှတ်တမ်း (Asset Inventory) စသည့် အချက်အလက်များကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးခြင်းကြောင့် မတော်တဆမှုများ နှင့် မသမာမှုများမှ ကာကွယ်နိုင်စေရန် InnoSights Mobile App မှတစ်ဆင့် အချိန်မရွေး စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။
ပိုင်ဆိုင်မှု ပစ္စည်းများ၏ ဘေးကင်းလုံခြုံမှု (Asset Security)
InnoSights ၏ ခြေရာခံစနစ်သည် ပိုင်ဆိုင်မှု ပစ္စည်းများ၏ တည်နေရာအတိအကျကို ဖော်ပြပေးရုံသာမက နယ်မြေသတ်မှတ်ထားနိုင်သောကြောင့် သတ်မှတ်နယ်မြေကို ဖြတ်ကျော်သွားသည့်အခါ အလိုအလျောက် အသိပေးစနစ်ပါဝင်ပြီး လူကြီးမင်း အနေဖြင့် လိုအပ်သလို အဝေးတစ်နေရာမှ ကားစက်ရပ်စေသော ထိန်းချုပ်မှုများကိုပါ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
ပိုင်ဆိုင်မှု ပစ္စည်းများ၏ အသုံးချမှု (Asset Utilization)
Yoma InnoSights ၏ ဆင်ဆာမှ ပိုင်ဆိုင်မှုပစ္စည်းများအတွက် လိုအပ်သော အချက်အလက်များကို ထုတ်ပေးပြီး InnoSights ပလက်ဖောင်းမှတစ်ဆင့် စက်နှိုးချိန်၊ စက်ရပ်ချိန်၊ စက်အသုံးပြုချိန်နှင့် ယာဉ်မောင်း၏ မောင်းနှင်မှုပုံစံ အမူအကျင့် အချက်အလက်များကိုပါ သိရှိနိုင်မည် ဖြစ်ပါသည်။
ပိုင်ဆိုင်မှု ပစ္စည်းများ၏ စာရင်းမှတ်တမ်း (Asset Inventory)
Yoma InnoSights ၏ ဒစ်ဂျစ်တယ်စာရင်းစနစ် (Digital Inventory System) သည် ပိုင်ဆိုင်မှုပစ္စည်း အသုံးပြုမှု၊ ကာလအပိုင်းအခြားနှင့် အခြားသောအတိုင်းအတာစနစ်အလိုက် မှတ်တမ်းတင်ဖော်ပြပေးပြီ လူကြီးမင်းအတွက် ကုန်ပစ္စည်း ဝယ်ယူမှုနှင့် အသုံးပြုမှုဆိုင်ရာ သုံးသပ်ချက်များကို အကောင်းဆုံး ချမှတ်နိုင်ရန် အထောက်အကူဖြစ်စေပါသည်။