Yoma InnoSights မိုဘိုင်းအက်ပ်ကို ယခုရရှိနိုင်ပါပြီ။
Yoma InnoSights ကိုတည်ထောင်ခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများအတွက် ယာဉ်စီမံခန့်ခွဲမှုများကိုအချိန်မရွေး နေရာမရွေး လွယ်ကူစွာလုပ်ကိုင်နိုင်စေရန် အကူအညီပေးဖို့ပဲ ဖြစ်ပါသည်။။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ သုံးစွဲသူများအတွက် လမ်းကြောင်းများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန်၊ ယာဥ်များကို အချိန်နှင့် တစ်ပြေးညီခြေရာခံနိုင်ရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး မြှင့်တင်ရန်နှင့် ဒေတာအသုံးပြု၍ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များချနိုင်ရန်အတွက် ကူညီပေးဖို့ပဲဖြစ်ပါသည်။
ယခုအချိန်တွင် သုံးစွဲသူများအနေဖြင့် Yoma InnoSights ၏ GPS ခြေရာခံပလက်ဖောင်းကို နေရာမရွေး၊ အချိန်မရွေး ဝင်ရောက်ကြည့်ရှုနိုင်သောကြောင့် သွားရင်းလာရင်း ဖြင့်ပင် မိုဘိုင်းအက်ပ်၏ အဓိကလုပ်ဆောင်ချက်များအား အသုံးပြုနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ လုပ်ဆောင်နိုင်သောကြောင့် Yoma InnoSights မိုဘိုင်းအက်ပ်သည် ယာဉ်များကိုစီမံခန့်ခွဲရာတွင် ထိရောက်ရုံသာမက လွယ်ကူပြီး အဆင်ပြေပါသည်။
Yoma InnoSights မိုဘိုင်းအက်ပ်၏အဓိက လုပ်ဆောင်ချက်များ-
Yoma InnoSights မိုဘိုင်းအက်ပ်ဖြင့် အောက်ဖော်ပြပါအချက်များအားလုပ်ဆောင်နိုင်ပါသည်-
- ယာဉ်၏ လုပ်ဆောင်ချက်များကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံ နိုင်ပါသည်။
- ယာဉ်များကို မိမိကြိုက်နှစ်သက်ရာ မြေပုံ ပုံစံဖြင့် လွယ်ကူစွာ ကြည့်ရှုနိုင်ပါသည်။
- အရေးကြီးသော အဖြစ်အပျက်များ၏ သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီ ရယူနိုင်ပါသည်။
- ယာဉ်အသုံးပြုမှုနှင့် ယာဉ်မောင်းသူ အပြုအမူ များအားအသေးစိတ် အချက်အလက်ဖြင့် ရယူနိုင်ပါသည်။
- ယာဉ်၏ အခြေအနေကို တစုတစည်းတည်း လွယ်ကူစွာ အမြန်စစ်ဆေးနိုင်ပါသည်။
- လမ်းကြောင်းများအား ကြိုတင်သတ်မှတ် (geofencing) ပြီး မူမမှန်သော လှုပ်ရှားမှုများအတွက် သတိပေးချက်များအား ရယူနိုင်ပါသည်။

Yoma InnoSights မိုဘိုင်းအက်ပ်ဖြင့် သင်၏ အလုပ်တွင်ဖြစ်စေ၊ အလုပ်ပြင်ပတွင်ဖြစ်စေ အချိန်မရွေးနေရာမရွေး အသုံးပြုနိုင်ပါသည်။
Yoma InnoSights မိုဘိုင်းအက်ပ်ကို ယနေ့ပဲ ဒေါင်းလုဒ်လုပ်လိုက်ပါ။