Decade of Excellence: Yoma Fleet’s 10th Anniversary
Yoma Fleet Limited ကို ၂၀၁၄ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့မှာ စတင်တည်ထောင်ခဲ့ကာ ယခုဆိုရင် ၁၀နှစ်တိုင်အောင်ဖြတ်သန်းခဲ့ပြီး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကိုလည်း လွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုများကို ပေးအပ်ရန် ကတိကဝတ်ပြုလျှက် ရှိပါသည်။ ယခုလို ၁၀နှစ်တာကာလမှာ ရပ်တည်နိုင်ကြဖို့အတွက် Yoma Fleet ရဲ့ မိသားစုဝင်တစ်ယောက်ချင်းစီကို ဂုဏ်ယူဝမ်းမြောက်မိပါသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း Yoma Fleet သည် မြန်မာနိုင်ငံ၏ ကားစျေးကွက်နှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် ကောင်းမွန်သော ခြေလှမ်းများဖြင့် တိုးတက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ကျွန်ုပ်တို့၏ ကုမ္မဏီသည် သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုမျိုးကို ပထမ ဦးစားပေးအနေနဲ့ လုပ်ဆောင်ပေးခဲ့ပါသည်။ Yoma Fleet သည် မြန်မာနိုင်ငံ၏ ကားဈေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများတွင် ဈေးကွက်ဦးဆောင်သူအနေနဲ့ ပေါ်ပေါက်လာခဲ့ပါသည်။

ကျွန်ုပ်တို့စတင်ဖြစ်ပေါ်လာပုံ 🚗💼
Yoma Fleet ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ထင်ရှားအောင်မြင်လာခဲ့ပါသည်။ ကုမ္ပဏီသည် အမြင့်ဆုံး စံချိန်စံနှုန်းများဖြင့် လူသိများလားပြီး ဘေးကင်းလုံခြုံမှု၊ ယုံကြည်စိတ်ချရမှုနှင့် သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို ဦးစားပေး အလေးထားဆောင်ရွက် ခဲ့သောကြောင့် ပြိုင်ဘက်ကင်းသော ဝန်ဆောင်မှုများကို ပေးဆောင်ခြင်းအတွက် နာမည်ရလာခဲ့ပါသည်။
အစပိုင်းတွင် မော်တော်ယာဥ် ငှားရမ်းခြင်းလုပ်ငန်းနှင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် Yoma Group ၏ Yoma ဘဏ္ဍာရေးလုပ်ငန်းဝန်ဆောင်မှုအောက်တွင် ငွေကြေးဆိုင်ရာ ချေးငှားခြင်းကို တိုးချဲ့လုပ်ဆောင်ခဲ့သည်။ Yoma Fleet သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ငှားရမ်းဝယ်ယူသည့် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ဆောင်နေပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀သန်း တန်ဖိုးနှင့်ညီမျှသော မော်တော်ယာဉ်နှင့် စက်ယန္တရား များကို ငှားရမ်းခြင်းနှင့် ငှားရမ်းဝယ်ယူနိုင်သည့် ဝန်ဆောင်မှုများနှင့် ဆောင်ရွက်ပေးနေသည်။

ကျွန်ုပ်တို့၏ ကုန်အမှတ်တံဆိပ်များ 🌐💡
ကျွန်ုပ်တို့အမှတ်တံဆိပ်နှင့် ဝန်ဆောင်မှုများအားလုံးသည် B2C နှင့် B2B တို့အားလုံး၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် ကမ်းလှမ်းဆောင်ရွက်ပေးသည်။ Yoma Fleet လက်အောက်တွင် အဓိက အမှတ်တံဆိပ် ၆ခုရှိသည်။ Easy Lease, Car Share, Truck & Trailer, Lease to Buy, Car Sales, Plus by Yoma Fleet, Yoma Link, Better by Yoma နှင့် Yoma Innosights တို့ဖြစ်သည်။ Yoma Fleet သည် မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများနှင့် နည်းပညာများကို အပြည့်အဝ ဆောင်ရွက်ပံ့ပိုး လုပ်ဆောင်နေပါသည်။

နည်းပညာနှင့် တီထွင်ဖန်တီးမှုများ 🚀🔧
Yoma Fleet သည် တီထွင်ဖန်တီးမှုနှင့် တိုးတက်မှုအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်လျှက်ရှိပါသည်။ ကုမ္ပဏီသည် လုပ်ငန်းလည်ပတ်မှု စွမ်းရည်ကို မြှင့်တင်ရန် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို လျှော့ချရန်နှင့် သုံးစွဲသူများအား အဆင်ပြေချော မွေ့လွယ်ကူစေသော အတွေ့အကြုံများကို ရရှိစေရန် နောက်ဆုံးပေါ် နည်းပညာများဖြင့် ရင်းနှီးမြှုပ်နှံ၍ လုပ်ဆောင်လျှက်ရှိသည်။
Yoma Fleet ၏ အဓိကရည်မှန်းချက်သည် တီထွင်ဖန်တီးခြင်း ဖြစ်သည်။ Yoma Car Share သည် ကားသော့မလိုခြင်း၊ လူတွေနဲ့ ထိတွေ့ဆက်ဆံစရာ မလိုခြင်းနှင့် ငွေသားမလိုအပ်ဘဲ စမတ်ကား ငှားရမ်းသည့်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သည်။ ဤဝန်ဆောင်မှုကို ကြည့်ခြင်းအားဖြင့် Yoma Fleet ၏ သုံးစွဲသူတို့အား နည်းပညာကို အသုံးပြု၍ ပိုမိုကောင်းမွန်သော အတွေ့အကြုံတွေကို ရရှိအောင် ဆောင်ရွက်ပေးနေသည်ကို သိနိုင်ပါသည်။

ကျွန်ုပ်တို့၏ အခမ်းအနားများ 🎊🙌
Yoma Fleet သည် ၁၀နှစ်တာခရီးစဥ်ကို ပျော်ရွှင်မှုများစွာဖြင့် ဖြတ်သန်းခဲ့ပါပြီ။ ယခုလို ၁၀နှစ်တာ ကာလတစ်ခုကိုဖြတ်သန်းနိုင်ဖို့အတွက် Yoma Fleet ရဲ့ ဝန်ဆောင်မှုကို ယုံကြည်စွာအသုံးပြုကြတဲ့ Customer များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုလို ၁၀နှစ်တာ ကာလမှာ ရပ်တည်နိုင်ကြဖို့အတွက် Yoma Fleet ရဲ့ Customer များကို အကောင်းဆုံး ဝန်ဆောင်မှုပေးခဲ့ကြတဲ့ Yoma Fleet ရဲ့ မိသားစုဝင် ဝန်ထမ်းတစ်ယောက်ချင်းစီကိုလည်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးအထူး တင်ရှိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း Yoma Fleet မှ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုပြီးတော့ One-Stop Transport and Financial Solutions ဖြင့် ကျွန်ုပ်တို့ Customer များကို ကဏ္ဍမျိုးစုံမှ ကောင်းမွန် လွယ်ကူ မြန်ဆန်တဲ့ ဝန်ဆောင်မှုများကို ပေးသွားမှာဖြစ်တာကြောင့် ၁၀ နှစ်မှသည် နောင်နှစ်ပေါင်းများစွာမှာ Yoma Fleet နှင့်အတူတူ လက်တွဲသွားကြပါစို့။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်သည် မြန်မာပြည်သူပြည်သားများအတွက် ပိုမိုကောင်းမွန်သော နေထိုင်မှုဘဝကို ဖန်တီးပေးရန် အံဝင်ခွင်ကျ စီမံပေးထားခြင်း၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် လုပ်ဆောင်ရန်ဖြစ်သည်။ နောင်လာမည့် IOT တီထွင်မှုနှင့်အတူ Yoma Fleet သည် လုပ်ငန်းတိုင်းတွင် ထိပ်ဆုံးကနေ ရပ်တည်နိုင်ရန် ကတိကဝတ်ပြု၍ ဆောင်ရွက်လျှက်ရှိသည်။

ယခင်ဖြတ်သန်းခဲ့ရသော ဆယ်စုနှစ်များသည် အမှတ်တရများဖြင့် ပြည့်နှက်နေပြီး အောင်မြင်မှုများနှင့် သင်ခန်းစာများကိုလည်းရရှိခဲ့ပါသည်။ ယခုလည်း တီထွင်ဆန်းသစ်မှုများနှင့် အောင်မြင်မှုများနှင့်အတူ နောင်ဆယ်စုနှစ်ပေါင်း များစွာအထိ အတူတူလက်တွဲသွားကြပါစို့ 🌟🚗💚
