မြန်မာနိုင်ငံမှာ ကားငှားမယ်ဆိုရင် Yoma Car Share ကို ဘာကြောင့်ရွေးချယ်သင့်လဲ?

မြန်မာနိုင်ငံမှာ ကားငှားမယ်ဆိုရင် Yoma Car Share ကို ဘာကြောင့်ရွေးချယ်သင့်လဲ?

မြန်မာနိုင်ငံမှာ ကားငှားမယ်ဆိုရင် Yoma Car Share ကို ဘာကြောင့်ရွေးချယ်သင့်လဲ?

မြန်မာနိုင်ငံမှာ ကားငှားရမ်းတဲ့အခါ တစ်ခါတလေ “ဒီတစ်ခါတော့ ဘယ်လိုကားမျိုး ရမလဲ” ဆိုပြီး ကံစမ်းမဲနှိုက်နေရသလို ခံစားရတတ်ပါတယ်။

ချိန်းထားတဲ့အချိန်ထက် နောက်ကျတာ၊ ကားအဲကွန်းအဆင်မပြေတာ၊ ခရီးရှည်သွားတဲ့အခါ ကားအခြေအနေကို စိတ်ပူနေရတာမျိုးတွေက ခရီးစဉ်ကို အဆင်မပြေစေနိုင်ပါတယ်။

တကယ်တော့ ကားငှားတဲ့အခါ “ကားတစ်စီးရဖို့” ထက် ပိုအရေးကြီးတာက စိတ်ချယုံကြည်ရတဲ့ ဝန်ဆောင်မှုတစ်ခု ရရှိဖို့ပါ။

နေ့စဉ်သွားလာရေးအတွက်ပဲဖြစ်ဖြစ်၊ လုပ်ငန်းခရီးအတွက်ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ ခရီးထွက်ဖို့ပဲဖြစ်ဖြစ် ကိုယ်လိုတဲ့အချိန်မှာ သင့်တော်တဲ့ကားကို စိတ်ချလက်ချ အသုံးပြုနိုင်ဖို့ လိုပါတယ်။ 

ဒါဆို Yoma Car Share က ဒီလိုလိုအပ်ချက်တွေကို ဘယ်လိုဖြေရှင်းပေးနိုင်လဲ?

၁။ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကားကို ရွေးချယ်နိုင်ခြင်း 

ခရီးတိုင်းက အတူတူမဟုတ်ပါဘူး။ 

မြို့တွင်းမှာ လုပ်ငန်းကိစ္စတွေ သွားလာဖို့ Sedan တစ်စီး လိုအပ်နိုင်သလို၊ မိသားစုနဲ့ ခရီးထွက်တဲ့အခါ SUV တစ်စီးက ပိုသင့်တော်နိုင်ပါတယ်။ 

ဒါကြောင့် ကားငှားတဲ့အခါ ရွေးချယ်စရာရှိဖို့က အရေးကြီးပါတယ်။ 

Yoma Car Share မှာ မတူညီတဲ့ ခရီးစဉ်နဲ့ အသုံးပြုမှုပုံစံတွေအတွက် သင့်တော်တဲ့ ယာဉ်အမျိုးအစားတွေကို ရွေးချယ်နိုင်တာကြောင့် ကိုယ့်ခရီးစဉ်နဲ့ ကိုက်ညီတဲ့ကားကို ပိုမိုလွယ်ကူစွာ ရွေးချယ်နိုင်ပါတယ်။ 

၂။ အချိန်နဲ့ လိုအပ်ချက်အလိုက် ငှားရမ်းနိုင်ခြင်း 

တစ်နေ့တာအသုံးပြုဖို့ပဲ လိုတာလား။ ဒါမှမဟုတ် ရက်အနည်းငယ် ပိုလိုတာလား? 

လူတိုင်းရဲ့ အသုံးပြုမှုပုံစံ မတူကြတဲ့အတွက် ကားငှားရမ်းမှုကလည်း တစ်ပုံစံတည်း ဖြစ်နေစရာမလိုပါဘူး။ 

Yoma Car Share ရဲ့ Flexible Rental Terms က သင့်ရဲ့ အချိန်နဲ့ အသုံးပြုမယ့်ပုံစံအလိုက် ပိုမိုလွတ်လပ်စွာ ရွေးချယ်အသုံးပြုနိုင်စေပါတယ်။ 

အရေးကြီးတာက ကိုယ့်အတွက် မလိုအပ်တဲ့ ကန့်သတ်ချက်တွေကြောင့် အဆင်မပြေဖြစ်မနေဘဲ ကိုယ့်ခရီးစဉ်နဲ့ ကိုက်ညီတဲ့ပုံစံကို ရွေးချယ်နိုင်ဖို့ပါ။ 

၃။ 24/7 Hotline ဝန်ဆောင်မှု 

ကားငှားပြီး လမ်းပေါ်ရောက်တဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ အခက်အခဲတစ်ခုခု ဖြစ်လာရင် ဘယ်သူ့ကို ဆက်သွယ်ရမလဲ? 

ဒီမေးခွန်းက ကားငှားတဲ့အခါ အရေးကြီးပါတယ်။ 

ယုံကြည်စိတ်ချရတဲ့ Car Rental Service ဆိုတာ ကားငှားပေးရုံနဲ့ မပြီးပါဘူး။ အသုံးပြုနေစဉ်အတွင်း အခက်အခဲတွေ ကြုံလာတဲ့အခါ သုံးစွဲသူဘက်ကနေ ရပ်တည်ပြီး ဖြေရှင်းပေးနိုင်ဖို့လည်း လိုပါတယ်။ 

Yoma Car Share ရဲ့ 24/7 Hotline Customer Support ကလည်း သုံးစွဲသူတွေအနေနဲ့ လိုအပ်တဲ့အချိန်မှာ အကူအညီရရှိနိုင်ဖို့ အသင့်ရှိနေပါတယ်။ 

ဘာကြောင့်လဲဆိုတော့ ယုံကြည်မှုဆိုတာ ကားတစ်စီးကို ငှားရမ်းပေးတဲ့အချိန်မှာ စတင်ပြီး ခရီးစဉ်တစ်လျှောက် ဆက်လက်တည်ဆောက်ရတာ ဖြစ်လို့ပါ။ 

ကားငှားခြင်းထက် ပိုတဲ့ အတွေ့အကြုံ 

နောက်ဆုံးမှာ ကားငှားရမ်းခြင်းဆိုတာ ကားတစ်စီးရရှိဖို့သက်သက် မဟုတ်ပါဘူး။ 

ကိုယ်လိုတဲ့အချိန်မှာ ကားရရှိဖို့၊ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ရွေးချယ်စရာရှိဖို့၊ အခြေအနေတွေ ပြောင်းလဲလာတဲ့အခါ လိုက်လျောညီထွေဖြစ်ဖို့နဲ့ အခက်အခဲတွေ ကြုံလာတဲ့အခါ အကူအညီရရှိဖို့ပါ။ 

ဒါကြောင့် နောက်တစ်ကြိမ် ကားငှားဖို့ စဉ်းစားတဲ့အခါ— 

ဘယ်ကားက စျေးသက်သာလဲ?” ဆိုတာတစ်ခုတည်း မေးမယ့်အစား 
ဘယ်ဝန်ဆောင်မှုကို ငါ ယုံကြည်စိတ်ချနိုင်မလဲ?” လို့လည်း မေးကြည့်ပါ။ 

သင့်ခရီးစဉ်အတွက် သင့်တော်တဲ့ကား၊ သင့်တော်တဲ့အချိန်နဲ့ လိုအပ်တဲ့အကူအညီတွေကို တစ်နေရာတည်းမှာ ရရှိနိုင်ဖို့— 

Let’s go together!