Yoma InnoSights ၏ ဝန်ဆောင်မှုများအကြောင်း

Yoma InnoSights ၏ ဝန်ဆောင်မှုများအကြောင်း

Yoma InnoSights ၏ ဝန်ဆောင်မှုများအကြောင်း

Yoma InnoSights သည် IoT နည်းပညာကို အခြေခံထားသော ယာဉ်စီမံခန့်ခွဲသည့် ဝန်ဆောင်မှု ဖြစ်ပြီး လုပ်ငန်းများအနေဖြင့် ယာဉ်များ၏ အခြေအနေကို အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ရန်၊ လုပ်ငန်းထိရောက်မှုကို မြှင့်တင်ရန်နှင့် စမတ်နည်းပညာများအသုံးပြု၍ ကုန်ကျစရိတ်များ လျှော့ချနိုင်ရန်အတွက် ဒီဇိုင်းဆွဲ ဖန်တီးထားခြင်း ဖြစ်ပါသည်။

အဓိက လုပ်ဆောင်ချက်များ

တည်နေရာ စောင့်ကြည့်ခြင်း

ယာဉ်ယန္တရားများ၏ တည်နေရာကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ခြင်း၊ ခရီးစဉ်မှတ်တမ်းများကို ပြန်လည်ကြည့်ရှုနိုင်ခြင်းနှင့် လမ်းကြောင်းများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ကူညီပေးပါသည်။

နယ်နိမိတ် သတ်မှတ်ခြင်း

တည်နေရာ နယ်နမိတ်များ သတ်မှတ်နိုင်ပြီး ယာဉ်များ ဝင်ရောက်ခြင်း သို့မဟုတ် ထွက်ခွာခြင်း စသည့်အချိန်တွင် ချက်ချင်း အသိပေးပြီး သတ်မှတ်ထားသော လမ်းကြောင်းများကို လိုက်နာမှုရှိစေရန်နှင့် လုံခြုံမှုကို ပိုမိုကောင်းမွန်စေရန် ကူညီပေးပါသည်။

လောင်စာဆီတိုင်း ကိရိယာ

လောင်စာဆီ အသုံးပြုမှုကို တိကျမှန်ကန်စွာ စောင့်ကြည့်နိုင်ပြီး မလိုလားအပ်သည့် အသုံးစရိတ်များ လျှော့ချနိုင်ရန်နှင့် ဆီကုန်ကျစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ကူညီပေးပါသည်။

အပူချိန်တိုင်း ကိရိယာ

အပူချိန်လိုအပ်သည့် ကုန်ပစ္စည်းများကို လုံခြုံစွာ ပို့ဆောင်နိုင်ရန် အချိန်နှင့်တပြေးညီ အပူချိန် စောင့်ကြည့်ခြင်းနှင့် အပြောင်းအလဲများအတွက် အသိပေးချက်များ ပံ့ပိုးပေးပါသည်။ 

ပြုပြင်ထိန်းသိမ်းမှု အချိန်ဇယား

ယာဉ်ယန္တရားများ၏ ပုံမှန် ပြုပြင်ထိန်းသိမ်းမှုကို စနစ်တကျ ပုံမှန် အသိပေးပြီး ယာဉ်ချို့ယွင်းမှုများကို တားဆီးရန် နှင့် ယာဉ်သက်တမ်းကို ကြာမြင့်စေရန် ကူညီပေးပါသည်။  

ဝန်ဆောင်မှုများ

၂၄/၇ ကာစတန်မာ ဝန်ဆောင်မှု

Customer Service အဖွဲ့သည် (၂၄) နာရီ (၇) ရက်လုံး ဝန်ဆောင်မှုပေးနိုင်ပြီး နည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးကာ လုပ်ငန်းများကို အစဉ်မပြတ် ဆောင်ရွက်နိုင်ရန် ကူညီပေးနေပါသည်။ 

အစီရင်ခံစာနှင့် အချက်အလက် ပံ့ပိုးကူညီမှု

အချက်အလက်နှင့်အစီရင်ခံစာများကို ဝယ်ယူသူများ အသုံးပြုနိုင်ရန် ထောက်ပံ့ပေးပြီး၊ ဒေတာအချက်အလက်များကို ထိရောက်စွာ စိစစ်နိုင်ရန်နှင့် သတိပေးချက်များကို အခြေခံပြီး လုပ်ငန်းဆုံးဖြတ်ချက်များ ဆောင်ရွက်နိုင်ရန် ကူညီပေးပါသည်။

အသုံးပြနည်းလမ်းညွှန်မှုနှင့် အကောင့်ဆိုင်ရာ ထောက်ပံ့ကူညီမှု

ကျွန်ုပ်တို့သည် အကောင်းဆုံးလေ့ကျင့်မှုလမ်းညွှန်ချက်များ နှင့် သီးသန့်အကောင့်ပံ့ပိုးမှုဖြင့် အဖွဲ့အစည်း များအနေနှင့် Yoma InnoSights ပလက်ဖောင်းကို အပြည့်အဝ အသုံးချနိုင်ရန် ကူညီပေးပါသည်။

နိဂုံးချုပ်

Yoma InnoSights သည် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သော IoT နည်းပညာ၊ အရေးပါသော Feature များနှင့် ၂၄/၇ ဝန်ဆောင်မှုများနှင့်အတူ ယုံကြည်စိတ်ချရသည့် Fleet Management စနစ်ဖြစ်ပြီး လုပ်ငန်းများ၏ လုပ်ဆောင်မှုထိရောက်မှုကို မြှင့်တင်ရန်၊ ကုန်ကျစရိတ်များကို လျှော့ချရန်နှင့် ယာဉ်ယန္တရားများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ကူညီပေးပါသည်။