Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

Yoma Fleet ရဲ့ ၁၂ နှစ်ပြည့် မှတ်တိုင်ဟာ ကျွန်တော်တို့အားလုံးရဲ့ စုပေါင်းအားထုတ်မှုတွေကြောင့် ရရှိလာတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဤခရီးစဉ်တစ်လျှောက် အတူတကွ အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ ဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ (၁၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

Yoma Fleet’s 12 Years Celebration CEO’s Speech
Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား – CEO ၏မိန်ခွန်း
Yoma Fleet’s 12 Years Celebration Head of HR’s Speech
Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား – Head of Yoma Group HR ၏မိန့်ခွန်း

မှတ်တိုင်သစ်များဖြင့် အနာဂတ်ဆီသို့ လှမ်းကိုင်ခြင်း

Yoma Fleet သည် ယနေ့တွင် မြန်မာနိုင်ငံရဲ့ အငှားယာဉ်စီမံခန့်ခွဲမှု (Fleet Management) နှင့် ငွေကြေးစီမံခန့်ခွဲမှု (Financial Solutions) ကဏ္ဍ၌ ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ရန် အစဥ်အမြဲကြိုးစားလျက်ရှိပါတယ်။ ပြီးခဲ့သောနှစ်များအတွင်း မိတ်ဖက်လုပ်ငန်းစုများ တိုးချဲ့နိုင်ခဲ့ခြင်းနှင့်အတူ ရေရှည်တည်တံ့သော သွားလာရေးဝန်ဆောင်မှု (Sustainable Mobility Solutions) များအား အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း အစရှိတဲ့ အောင်မြင်မှုများကို ရရှိခဲ့ပါတယ်။ Yoma Fleet အနေနဲ့ ရှေ့ဆက်မည့် ခရီးလမ်းတွင်လည်း လူကြီးမင်းတို့၏ လုပ်ငန်းများအတွက် အကောင်းဆုံးသော Mobility Partner အဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါတယ်။

နှစ်ပတ်လည်ပွဲ အခမ်းအနားမှ ပုံရိပ်များ

အဆိုပါ နှစ်ပတ်လည်ပွဲ အခမ်းအနားကို Melia Hotel, Grand Ballroom တွင် ကျင်းပြုလုပ်ခဲ့ပြီး ဝန်ထမ်းပေါင်း (၁၅၀) ကျော် တက်ရောက်ခဲ့ကြပါ်တယ်။ အခမ်းအနားတွင် စွမ်းဆောင်ရည် အကောင်းဆုံးဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် “ Rising Star Award 2025″၊ “ Best Employee Award 2025″၊ “ Most Valuable Person Award 2025” နှင့် “ Best Team Award 2025” စသည့် ဆုတံဆိပ်များကို ထိုက်ထိုက်တန်တန် ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။

Yoma Fleet’s 12 Years Celebration Talent Show
Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား – ဖျော်ဖြေပွဲအစီအစဥ်
Yoma Fleet’s 12 Years Celebration Best Team Award Winners
Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား – အကောင်းဆုံးအဖွဲ့အစည်းဆု
Yoma Fleet’s 12 Years Celebration Best Performers 2025
Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် – အကောင်းဆုံး ဝန်ထမ်းဆုများ
Yoma Fleet’s 12 Years Celebration Lucky draws activities
Yoma Fleet ၏ (၁၂) နှစ်ပြည့် အထိမ်းအမှတ် – ကံစမ်းမဲအစီအစဉ်များ
Yoma Fleet’s Anniversary Participants

Yoma Fleet ၏ အောင်မြင်မှု 

ဤအမှတ်တရ အခိုက်အတန့်များသည် ပျော်ပွဲရွှင်ပွဲတစ်ခုထက်မကဘဲ Yoma Fleet ၏ အောင်မြင်မှုကို အမှန်တကယ် တွန်းအားပေးနေသည့် လုပ်ငန်းခွင်ယဉ်ကျေးမှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ အနာဂတ်တွင်လည်း Yoma Fleet သည် ဆက်လက်၍ ယုံကြည်စိတ်ချမှု ရှိစေရန် နှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပိုမိုမြန်ဆန်ပြီး အဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို ဆက်လက်၍ တည်ဆောက်နိုင်စေရန် ကြိုးပမ်းလျက်ရှိပါတယ်။

Yoma Fleet နှင့်အတူ လက်တွဲလုပ်ကိုင်လိုပါက Yoma Fleet ၏ Career ဝက်ဘ်ဆိုက် တွင် အသေးစိတ် လေ့လာကြည့်ရှုနိုင်ပါသည်။