IoT နည်းပညာဖြင့် ဖြေရှင်းနိုင်မည့် ယာဉ်ယန္တရား ပြဿနာများ

IoT နည်းပညာဖြင့် ဖြေရှင်းနိုင်မည့် ယာဉ်ယန္တရား ပြဿနာများ

IoT နည်းပညာဖြင့် ဖြေရှင်းနိုင်မည့် ယာဉ်ယန္တရား ပြဿနာများ

မော်တော်ယာဉ်များကို စီမံခန့်ခွဲခြင်းဟာ ယာဉ်များကို တစ်နေရာမှ တစ်နေရာ မောင်းနှင်ပို့ဆောင်နေရုံတင်မကဘဲ နေ့စဉ်လုပ်ငန်းတွေမှာ ပို့ဆောင်ချိန်နောက်ကျခြင်း၊ လောင်စာစရိတ် တိုးလာခြင်း၊ ယာဉ်မောင်းများ အလုပ်ဖိစီးမှုများခြင်းနှင့် မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများကဲ့သို့ အသေးအဖွဲ ပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်ပါသည်။ IoT နည်းပညာသည် အဆိုပါပြဿနာများကို ထိထိရောက်‌ရောက် ကူညီဖြေရှင်းပေးနိုင်ပါသည်။ ယာဉ်ယန္တရားများတွင် ကြုံတွေ့နိုင်သည့် ပြဿနာများနှင့် IoT ၏ ကူညီလုပ်‌ဆောင်နိုင်စွမ်းများကို ဖော်ပြပေးလိုက်ပါသည်။

ယာဉ်များ၏ မြင်သာမှု ကန့်သတ်ထားခြင်း

ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် နောက်ကျမှရရှိသည့် အပ်ဒိတ်များကို မှီခိုနေရသည့် လုပ်ငန်းစီမံခန့်ခွဲမှုဟာ ထိရောက်မှု နည်းပါနိုင်ပါသည်။ IoT နည်းပညာဖြင့် အချိန်နှင့် တပြေးညီ ခြေရာခံနိုင်သည့် GPS Tracking စနစ်သည် ယာဉ်တစ်စီးချင်းစီရဲ့ တည်နေရာနဲ့ ခရီးစဉ်အခြေအနေကို ချက်ချင်း သိနိုင်ခြင်းကြောင့် ပိုမို မြင်သာ ထိရောက်စွာ လုပ်ငန်းလည်ပတ်နိုင်မည် ဖြစ်ပါသည်။

လောင်စာစရိတ် တိုးမြင့်လာခြင်း

လောင်စာအသုံးစရိတ်များ ဘာကြောင့်တိုးလာသည်ကို ရှင်းလင်းစွာ မသိရဘဲ ဆက်လက်တိုးမြင့်လာခြင်းများ မကြာခဏ ဖြစ်တတ်ပါသည်။ IoT စနစ်သည် ယာဉ်သွားလာတဲ့ လမ်းကြောင်းတွေ၊ ယာဉ်ရပ်နားထားတဲ့ အချိန် (idling time) နှင့် လောင်စာသုံးစွဲမှု ပုံစံတွေကို စောင့်ကြည့်ပေးနိုင်သောကြောင့် မထိရောက်တဲ့ အချက်အလက်များကို ခွဲခြားသိရှိနိုင်ပြီး မလိုအပ်သည့် လောင်စာအသုံးစရိတ်တွေကို လျှော့ချနိုင်ပါသည်။

မလုံခြုံသော ယာဉ်မောင်းနှင်မှု အပြုအမူများ

အရှိန်လွန်မြန်နှုန်းဖြင့် မောင်းနှင်ခြင်း၊ ရုတ်တရက် ဘရိတ်ဖိနင်းခြင်းနှင့် ကြမ်းတမ်းစွာ မောင်းနှင်ခြင်းတို့ကြောင့် မတော်တဆမှု ဖြစ်နိုင်ခြေများပြီး ပြုပြင်ထိန်းသိမ်းရေး စရိတ်များလည်း တိုးမြင့်လာစေပါသည်။ IoT နည်းပညာအနေနှင့် ယာဉ်မောင်းအပြုအမူ စောင့်ကြည့်စနစ်က ပိုမိုလုံခြုံတဲ့ မောင်းနှင်မှု အလေ့အကျင့်တွေကို တိုးတက်လာစေရန် ကူညီပံ့ပိုးပေးပါသည်။

မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများ

မမျှော်လင့်ထားသည့် ယာဉ်ချို့ယွင်းမှုများကြောင့် အချိန်ဇယားများ နောက်ကျတတ်ပြီး Customer စိတ်မကျေနပ်မှုများ ဖြစ်စေနိုင်ပါသည်။  IoT ရဲ့  ဖြေရှင်းချက်မှာ ပြုပြင်ထိန်းသိမ်းမှု သတိပေးချက်များက ဖြစ်နိုင်ချေရှိသော ယာဉ်ချို့ယွင်းမှုပြဿနာများကို ကြိုတင်အသိပေးပြီး အချိန်မီ ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်နိုင်ရန် ကူညီပေးပါသည်။

လုပ်ဆောင်ချက်များ များပြားခြင်း 

Manual စီမံရေးသားထားသည့်အစီရင်ခံစာများနှင့် မှတ်တမ်းများသည် အချိန်ကြန့်ကြာသည့်အပြင် မှားယွင်းမှုများလည်း ရှိတတ်ပါသည်။ IoT နည်းပညာဖြင့် ဖော်ပြသည့် အစီရင်ခံစာများသည့် တိကျမှန်ကန်ပြီး အချိန်နှင့်တပြေးညီ ဒေတာကို ပေးစွမ်းနိုင်သောကြောင့် လုပ်ငန်းဆောင်တာ လုပ်ဆောင်ချက်များကို လျှော့ချကာ ထိရောက်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန် ပံ့ပိုးပေးပါသည်။

နိဂုံးချုပ်  

ယာဉ်ယန္တရားပြဿနာအများစုသည် ကြီးမားသောပြဿနာအဖြစ် စတင်ခြင်းမဟုတ်ဘဲ တဖြည်းဖြည်း ကြီးထွားလာခြင်းဖြစ်ပါသည်။ IoT နည်းပညာက ယာဉ်ယန္တရား စီမံခန့်ခွဲသူများအား အချိန်နှင့်တပြေးညီ မြင်သာမှု၊ ပိုမိုထိန်းချုပ်နိုင်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မှုများကို ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။