ယနေ့ခေတ် Fleet Management မှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုအနေနဲ့ ကုန်ကျစရိတ်ကိုထိန်းချုပ်နိုင်ဖို့၊ စွမ်းဆောင်ရည်ကိုတိုးမြှင့်နိုင်ဖို့ အတွက် ထိရောက်မှု (Efficiency) နဲ့ ထင်ရှားမြင်သာမှု (Transparency)များသည် လုပ်ငန်း၏ အဓိကကျသည့် အချက်များ ဖြစ်ပါသည်။ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အကောင်းဆုံးအထောက်အကူဖြစ်စေသည့် IoT နည်းပညာတစ်ခုကတော့ Fuel Sensor ဖြစ်ပါသည်။
Fuel Sensor ဆိုတာ ဘာလဲ?
Fuel Sensor သည် ယာဉ်၏ ဆီတိုင်ကီအတွင်းတွင် တပ်ဆင်ထားသော Device တစ်ခု ဖြစ်ပြီး၊ ဆီပမာဏကို အချိန်နှင့်တပြေးညီ တိကျစွာ တိုင်းတာပေးနိုင်သလို ဆီအသုံးပြုမှုကို မှန်ကန်တိကျစွာ ဖော်ပြပေးပါသည်။ Fuel Sensor သည် IoT ချိတ်ဆက်မှုမှတစ်ဆင့် ဒေတာများကို အချိန်နဲ့တပြေးညီ ဖော်ပြပေးပေးနိုင်သောကြောင့် မည်သည့် အချိန်၊ မည်သည့်နေရာတွင်မဆို ယာဉ်၏ Fuel Performance ကို သိရှိနိုင်ပါသည်။
Fuel Sensor များ၏ လုပ်ဆောင်ပုံ
Fuel Sensor သည် ဆီတိုင်ကီရှိ ဆီပမာဏပြောင်းလဲမှုကို သိရှိနိုင်ပြီး ယာဉ်၏ Telematics System မှတစ်ဆင့် ဒေတာများကို ပေးပို့ဖော်ပြပါသည်။ ထိုသို့ ဖော်ပြပေးခြင်းဖြင့် –
• လောင်စာဆီဖြည့်သွင်းမှုနှင့် အသုံးပြုမှုပမာဏကို တိတိကျကျ ကြည့်ရှုစစ်ဆေးနိုင်ခြင်း
• ဆီခိုးယူမှု သို့မဟုတ် ယိုစိမ့်မှု ဖြစ်ပေါ်ပါက ချက်ချင်းသိရှိနိုင်ခြင်း
• ယာဉ်မောင်းနှင်သည့်အပြုအမူနှင့် ယာဉ်ရပ်နားထားချိန် (idling time) များကို စောင့်ကြည့်ပြီး ဆီသုံးစွဲမှုကို ထိရောက်စွာ သုံးသပ်နိုင်ပါသည်။
Fuel Sensor များ၏ လုပ်ငန်းများပေါ် အကျိုးသက်ရောက်မှုများ
ကုန်ကျစရိတ်ထိန်းချုပ်နိုင်ခြင်း – ခွင့်မပြုထားသည့် ဆီအသုံးပြုမှုများကို တားဆီးပြီး ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း
လုပ်ငန်းလည်ပတ်မှု ထိရောက်ခြင်း – လောင်စာဆီ ပြန်လည်ဖြည့်ရမည့် အချိန်ကို စနစ်တကျ လုပ်ဆောင်ပေးနိုင်ပြီး ပိုမိုထိရောက်သည့် လမ်းကြောင်းများ ဖော်ပြပေးနိုင်ခြင်း
အချက်အလက်များအား သိရှိနိုင်ခြင်း – လောင်စာဆီအသုံးစရိတ်များကို တိတိကျကျ မှတ်တမ်းပြုစုနိုင်ပြီး ငွေကြေးစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေခြင်း
ကြိုတင်ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ခြင်း – စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်စေနိုင်သည့် လောင်စာဆီအသုံးပြုမှုများကို ဖော်ပြနိုင်ခြင်း
နိဂုံးချုပ်
Fuel Sensor များသည် စောင့်ကြည့်စစ်ဆေးပေးသည့် ကိရိယာတစ်ခုထက် ပိုသည့် ယာဉ်စီမံခန့်ခွဲခြင်းအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ IoT နည်းပညာဖြင့် လောင်စာဆီ အသုံးပြုမှု စောင့်ကြည့်စီစစ်ခြင်းဖြင့် လုပ်ငန်းများအနေနှင့် တာဝန်ခံမှုကို မြှင့်တင်နိုင်ပြီး ကုန်ကျစရိတ်လျော့ချနိုင်ရုံသာမက လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကိုလည်း ပိုမိုမှန်ကန်ချောမွေ့စွာ ချမှတ်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။