ယာဉ်ယန္တရားများကို စီမံရာတွင် လုံခြုံမှုဆိုသည်မှာ ယာဉ်များအသုံးပြုသွားလာသည့် လမ်းမများပေါ်တွင်သာမက ယာဉ်များ၏ အရေးကြီး အချက်အလက်များကိုပါ သိရှိထိန်းသိမ်းထားနိုင်ရန် လိုအပ်ပါသည်။ ယာဉ်များကို IoT နည်းပညာနှင့် ချိတ်ဆက်စီမံလာသည် နှင့်တပြိုင်နက် ချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းထားရန် ပိုမိုလိုအပ်လာပါသည်။
အသုံးပြုသူများထံမှ စိုးရိမ်ချက်များမှာ-
“ လမ်းမှာ ရုတ်တရက် ကားပျက်သွားရင် ဘယ်လိုလုပ်မလဲ”
“ ယာဉ်တွေကို လွဲမှား အသုံးပြုနေရင် ဘယ်လိုလုပ်မလဲ”
“ သွားခဲ့တဲ့ လမ်းကြောင်းအချက်အလက်မှတ်တမ်းတွေရော လုံခြုံရဲ့လား”
ထိုအချက်များကြောင့် Encryption နှင့် Monitoring တို့၏ အခန်းကဏ္ဍက အရေးပါလာခြင်းဖြစ်ပါသည်။
Encryption ဆိုတာ သင့်ဒေတာအချက်အလက်များအား လုံခြုံအောင် ထိန်းသိမ်းထားသည့် စနစ်ဖြစ်ပါသည်။ ခရီးသွားမှတ်တမ်း၊ GPS တည်နေရာ၊ ဆီသုံးစွဲမှု အစရှိသည့် အချက်အလက်များကို လုံခြုံစွာ ကာကွယ်ပေးထားပါသည်။ သင်နဲ့ သင်ခွင့်ပြုထားသူများသာ ကြည့်ရှုနိုင်ပြီး အခြားသူများ ဝင်ရောက်ကြည့်ရှုဖို့ မဖြစ်နိုင်ပါ။
Monitoring ဖြင့် သင့်ယာဉ်တွေကို အချိန်မရွေး စောင့်ကြည့်နိုင်ပါသည်။
ကားများ သတ်မှတ်လမ်းကြောင်းအတိုင်း မလိုက်နာခြင်း၊ အမည်မသိလော့ဂ်အင်များ ဝင်လာခြင်း၊ သို့မဟုတ် စနစ်ထဲတွင် မူမမှန်သည့် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခြင်းများကို စောင့်ကြည့်ပြီး ချက်ချင်း သတိပေးပို့ပေးသောကြောင့် သင့်ဘက်က လိုအပ်သည့် ကာကွယ်မှုများကို အလျင်အမြန် ဆောင်ရွက်နိုင်ပါသည်။
အကျိုးရလဒ်များအနေနှင့်
• သင့်ယာဉ်ဒေတာတွေကို လုံခြုံစိတ်ချစွာ ထိန်းသိမ်းနိုင်ခြင်း
• မသမာသော ဝင်ရောက်မှု သို့မဟုတ် မသင့်တော်တဲ့အသုံးချမှုကနေ ကာကွယ်နိုင်ခြင်း
• သင့်ယာဉ်များကို လုံခြုံစနစ်ကျစွာ စီမံနိုင်ခြင်း
Yoma InnoSights ၏ IoT ဝန်ဆောင်မှုဖြင့် သင်၏ယာဉ်များကို စီမံစစ်ဆေးရုံတင်သာမက နေ့တိုင်း ပို၍ တိကျစွာ၊ လုံခြုံစွာ၊ ဘေးကင်းစွာ စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။