Yoma Car Share ရဲ့ကားအငှားဝန်ဆောင်မှုကတော့ မိုဘိုင်းလ်အက်ပလီကေးရှင်းကနေတစ်ဆင့် ကားကို အချိန်မရွေး နေရာမရွေးမှာ ကားမော်ဒယ်မျိုးစုံကို အဆင်ပြေချောမွေ့စွာ နာရီပိုင်းမှ စတင်ကာ လပိုင်းထိ မြန်မာနိုင်ငံတစ်ဝန်းမှာ ကိုယ်တိုင်မောင်းစနစ်ဖြင့် ကားကိုငှားရမ်းနိုင်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုကတော့ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားတာကြောင့်လွယ်ကူ၊ လျင်မြန်ပြီး အခြားသော သာမန်ကားအငှားဝန်ဆောင်မှုများနှင့် မတူပဲ အမြဲဆန်းသစ်နေမှာ ဖြစ်ပါတယ်။ ယနေ့ခေတ်ခရီးသွားများနှင့် လုပ်ငန်းကိစ္စသွားလာသူများအနေဖြင့် မိမိတို့၏ သွားရေးလာရေးအတွက် Yoma Car Share ကို ရွေးချယ်သင့်ပြီး အကောင်းဆုံးကားငှားရမ်းမှု အတွေ့အကြုံများကို ခံစားကြရမှာဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုထားသော ဝန်ဆောင်မှုများဖြစ်သည့် သော့မဲ့စနစ် (Keyless Entry) Biometric နည်းပညာလုံခြုံရေး (Biometric Security) ကဲ့သို့အခြားစမတ်ကျသော လုပ်ဆောင်မှု (Feature) များ ပါဝင်သည့် ကျွန်ုပ်တို့၏ Mobile App အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။
ဘိုင်းလ်အက်ပလီကေးရှင်း မှတစ်ဆင့် လွယ်ကူစွာကားငှားနိုင်ခြင်း
Yoma Car Share မှာ ကားကိုစတင်ငှားရမ်းနိုင်ရန်အတွက် Mobile App မှတစ်ဆင့် အောက်ပါလုပ်ဆောင်ချက်များကို အလွယ်တကူပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်တို့ Mobile App ကို iOS App Store ၊ Google Play Store နှင့် Huawei App Gallery စသည်တို့တွင် အလွယ်တကူ Download ရယူကာ အသုံးပြုနိုင်ပါသည်။
လွယ်ကူမြန်ဆန်စွာ Membership စာရင်းသွင်းနိုင်ခြင်း
Yoma Car Share ရဲ့ Member တစ်ယောက်ဖြစ်လာဖို့အတွက် အီးမေးလ်း၊ နေရပ်လိပ်စာ၊ သက်တမ်းရှိ မြန်မာယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ်၊ ID-Selfie နှင့် Visa/Master Debit/Credit ကတ်တို့ဖြင့် လွယ်ကူမြန်ဆန်စွာ စာရင်းသွင်းနိုင်ပါသည်။
Reservationကို လွယ်ကူစွာ ပြုလုပ်နိုင်ခြင်း
Membership အကောင့် အတည်ပြုပြီးပါက ငှားရမ်းလိုသည့်ကားကို ရွေးချယ်ကာ လိုအပ်သလို နာရီပိုင်းမှ လပိုင်းအထိ မိမိတို့နှင့်နီးစပ်ရာ Rental Hub ကိုရွေးချယ်ပြီး ကားကို ကြိုတင်ကာ Reserve လုပ်နိုင်ပါသည်။
ငွေသားဖြင့်ပေးချေရန် မလိုအပ်ခြင်း
ငွေပေးချေမှုတွင် ငွေသားဖြင့်ပေးချေရန် မလိုအပ်သော Cashless စနစ် ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ Mobile App တွင် မိမိနှစ်သက်ရာ Digital ငွေပေးချေမှုများကို စိတ်ကြိုက်ရွေးချယ် ပြုလုပ်နိုင်သည့်အပြင် လူချင်းတွေ့ဆုံပြီး ဆက်သွယ် ပြောဆိုရန်မလိုအပ်သောကြောင့် မိမိတို့၏တန်ဖိုးရှိသော အချိန်များကုန်ဆုံးခြင်းကိုလဲ သက်သာစေပါသည်။
အသေးစိတ်: https://bit.ly/Howtomakereservation

Keyless Entry စနစ်ဖြင့် ကားကို အလွယ်တကူ အသုံးပြုနိုင်ခြင်း
ကျွန်ုပ်တို့၏ကားများကို အသုံးပြုရာတွင် ကားသော့ဖြင့် ကိုင်ဆောင်အသုံးပြုရန် မလိုအပ်ပါ။ ဆိုလိုသည်မှာ RFID (Radio Frequency Identification) နှင့် Bluetooth Authorization နည်းပညာများကို အသုံးပြုထားသောကြောင့် Bluetooth၊ Internet/Wi-Fi function (သို့မဟုတ်) Tap Card တို့ကို သုံးပြီး ကားတံခါး အဖွင့်အပိတ် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
Bluetooth၊ Internet / Wi-Fi ရဲ့လုပ်ဆောင်ချက်
မိမိ၏ Mobile App ထဲရှိ လက်ရှိ ကားငှားရမ်းထားသော Current Reservation တွင် Bluetooth function ကိုသုံးပြီး ကားတံခါး အဖွင့် အပိတ် ပြုလုပ်နိုင်သည့်အပြင် Internet/Wi-Fi function ကိုလဲ ပြောင်းလဲ အသုံးပြုနိုင်ပါသည်။
Tap Card ရဲ့လုပ်ဆောင်ချက်
Tap Card သည်လည်း ငှားရမ်းထားသည့် Reservation တိုင်း၏ကားများတွင်အမြဲ ထားရှိပေးထားပြီး ကားတံခါး အဖွင့်အပိတ်ပြုလုပ်ရန်နေရာမှာ အသုံးပြုရန်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ကားတံခါး ဖွင့်/ပိတ် ပြုလုပ်သည့် အချိန်တွင် Bluetooth function (သို့) Internet/Wi-Fi functionများကို အသုံးပြုရန် အခက်အခဲရှိလာပါက ၎င်း Tap Card ကို ကားရဲ့ လေကာမှန် ဘယ်ဖက်ထောင့်၌ ညွှန်ပြထားသည့် နေရာသို့ ထိလိုက်ခြင်းဖြင့် ကားအဖွင့်/အပိတ်ကို ဆက်လက် ပြုလုပ်နိုင်မှာဖြစ်ပါသည်။
ယခုဖော်ပြပါ လုပ်ဆောင်ချက်များသည် သင့်ခရီးစဥ်တိုင်းတွင် လွယ်ကူ၊ မြန်ဆန်ပြီး အဆင်ပြေစေပါသည်။
Biometric Security ဖြင့် လုံခြုံစွာအသုံးပြုနိုင်ခြင်း
ကျွန်ုပ်တို့ဝန်ဆောင်မှုသည် လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးအတွက် ကိုလည်း ထိပ်တန်းဦးစားပေးထားသောကြောင့် လက်ဗွေရာစကင်ဖတ်ခြင်း (Fingerprint) (သို့မဟုတ်) မျက်နှာမှတ်သားခြင်းစနစ် (Facial Recognition) စသည့် Biometrics Authentication နည်းပညာများကို အသုံးပြုထားသည့်အတွက် သင့်အကောင့်သို့ ဝင်ရောက်ရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ လုံခြုံရေးကို အပြည့်ကာကွယ်ပေးထားပါသည်။

ကားငှားရမ်းစဥ် အဓိကအသုံးပြုရမည့် Mobile App Feature များအကြောင်း
Yoma Car Share ဝန်ဆောင်မှုသည် နည်းပညာပေါ်တွင် အခြေခံပြီး ဝန်ဆောင်မှုပေးသည် ဖြစ်သော ကြောင့် ကားစတင်ငှားချိန်မှစတင်ပြီး ခရီးစဥ်ပြီးဆုံးသည်အထိ အဆင်ပြေချောမွေ့ နိုင်စေရန်အတွက် ခရီးစဥ်အတွင်း Mobile App ရှိ အဓိကအသုံးပြုရမည့် လုပ်ဆောင်ချက်များ အကြောင်းကိုလည်း ဖော်ပြပေးလိုက်ပါသည်။
ကားစစ်ဆေးခြင်း (Check Car)
ငှားရမ်းထားသောကားကို စတင်အသုံးမပြုမီ ကားအတွင်းပိုင်းနှင့် အပြင်ပိုင်းရှိ ပျက်စီးမှုများကိုတွေ့ရှိပါက ဓာတ်ပုံရိုက်ယူကာ ပုံနှင့်တကွ အချက်အလက် များကိုဖြည့်ပြီး Check Car မှတစ်ဆင့် အကြောင်းကြားနိုင်သည့် လုပ်ဆောင်ချက် တစ်ခုဖြစ်ပါသည်။
ထိခိုက်ပျက်စီးမှုကို တင်ပြခြင်း (Damage Report)
လက်ရှိငှားရမ်းထားသော Reservation တွင်လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ခရီးစဥ်အတွင်း မတော်တဆထိခိုက်မှုနှင့် ကားပျက်စီးမှုများ ဖြစ်ခဲ့ပါက Mobile Appရှိ လက်ရှိ Reservation တွင် Damage Report မှတစ်ဆင့် မတော်တဆထိခိုက်မှု ဖော်ပြချက်ကို ဖြည့်စွက်ပြီး ထိခိုက်ပျက်စီးသွားသောယာဉ်၏ အစိတ်အပိုင်းများကို ဓာတ်ပုံရိုက်ယူပြီး အကြောင်းကြားရပါမည်။
ဆီဖိုးပြန်လည်တောင်းခံခြင်း (Fuel Claim)
ကားငှားရမ်းထားစဥ် ဆီဖြည့်ရန်လိုအပ်ပါက Denko၊ Max Energy၊ PT Power၊ BOC နဲ့ 360 Petro စက်သုံးဆီဆိုင်များတွင် ကားထဲရှိ Starter Pack ထဲတွင် ထားရှိပေးထားသော Fuel Card (သို့) ဆီစာအုပ်ကိုအသုံးပြုပြီး အပိုငွေပေးဆောင်ရန် မလိုပဲ ဆီကို လိုသလောက် ဖြည့်နိုင်ပါသည်။ သို့သော် ဖော်ပြပါစက်သုံးဆီဆိုင်များမရှိသည့် နေရာများတွင် ဆီဖြည့်ရန်လိုအပ်လာပါက ဆီဖြည့်ခဲ့သောပြေစာ (Fuel Receipt) ကို ခရီးစဥ် (End Trip) မပြီးဆုံးခင် မှာ Mobile App ရှိ Fuel Claim နေရာတွင် Photo Upload တင်ပြီး ဆီဖိုးငွေ ပြန်လည် တောင်းခံ နိုင်ပါသည်။
ခရီးစဥ် ပြီးဆုံးခြင်း (End Trip)
ခရီးစဥ်ပြီးဆုံးသွားပါက ကားပြန်လည်အပ်နှံသောအခါတွင် Mobile App ရှိ Current Reservation တွင် ပေးထားသောအချက်အလက်များကို အသေးစိတ်စစ်ဆေး အတည်ပြုပြီး “End Trip” ခလုတ်ကိုနှိပ်ပြီး ကားပြန်လည်အပ်နှံနိုင်ပါသည်။
ယခုလုပ်ဆောင်ချက်များသည် အချိန်မကုန်ပဲ အလုပ်ရှုပ်သက်သာသည့်အပြင် လူချင်းဆက်သွယ်ပြောဆို အကြောင်းကြားရန် မလိုအပ်သောကြောင့် ဝန်ဆောင်မှု အသုံးပြုသူတိုင်း အတွက် စိတ်ကျေနပ်မှုပေးစွမ်းနိုင်ပြီး အတွေ့အကြုံကောင်းများကို ခံစားရရှိမှာဖြစ်ပါသည်။
ထို့ကြောင့် နည်းပညာတီထွင်ဆန်းသစ်မှုများဖြင့် စိတ်ချယုံကြည်စွာအသုံးပြုနိုင်သော Yoma Car Share ၏ဝန်ဆောင်မှုသည် တစ်ဦးတစ်ယောက်ချင်းအတွက်မှစတင်ပြီး လုပ်ငန်းအဖွဲ့အစည်းများ၏ သွားရေးလာရေး လိုအပ်ချက်တိုင်းအတွက် အချိန်မရွေး နေရာမရွေး ငှားရမ်း အသုံးပြုနိုင်သော ကားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပါသည်။
နီးနီးဝေးဝေး ခရီးစဥ်တိုင်းကို Yoma Car Share နှင့်အတူတူသွားကြပါစို့။