Yoma Fleet ၏ မြန်မာနိုင်ငံ၌ ဖြတ်သန်းခဲ့သော မှတ်တိုင်များ နှင့် အနာဂတ်ခရီး – ကားအငှား ဝန်ဆောင်မှုမှစတင်ကာ ကားနှင့်ပက်သက်သောစီမံခန့်ခွဲမှု ၀န်ဆောင်မှုများမှ ဘဏ္ဍာရေး ဝန်ဆောင်မှုများဆီသို့ 

Yoma Fleet ၏ မြန်မာနိုင်ငံ၌ ဖြတ်သန်းခဲ့သော မှတ်တိုင်များ နှင့် အနာဂတ်ခရီး – ကားအငှား ဝန်ဆောင်မှုမှစတင်ကာ ကားနှင့်ပက်သက်သောစီမံခန့်ခွဲမှု ၀န်ဆောင်မှုများမှ ဘဏ္ဍာရေး ဝန်ဆောင်မှုများဆီသို့ 

Yoma Fleet ၏ မြန်မာနိုင်ငံ၌ ဖြတ်သန်းခဲ့သော မှတ်တိုင်များ နှင့် အနာဂတ်ခရီး – ကားအငှား ဝန်ဆောင်မှုမှစတင်ကာ ကားနှင့်ပက်သက်သောစီမံခန့်ခွဲမှု ၀န်ဆောင်မှုများမှ ဘဏ္ဍာရေး ဝန်ဆောင်မှုများဆီသို့ 

Yoma Fleet ကို ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့ရှိ လုပ်ငန်းအဖွဲ့အစည်းများအတွက် ယုံကြည်စိတ်ချရသော ကားငှားဝန်ဆောင်မှုများပေးရန် ရိုးရှင်းသောအတွေးတစ်ခုဖြင့် စတင်ခဲ့ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံရှိ ကားငှားလုပ်ငန်းများသည် သမားရိုးကျ ရိုးရာစနစ်များအတိုင်းသာ လည်ပတ်နေသေး သည်။ Yoma Fleet သည်လည်း ရိုးရာစနစ်များအတိုင်း ခိုင်မာမှုရှိပြီး ယုံကြည်စိတ်ချစွာ ဖြင့်ငှားရမ်းနိုင်မည့် ဝန်ဆောင်မှုကို B2Bမိတ်ဖက်လုပ်ငန်း အဖွဲ့အစည်းများကို အဓိကထား ၀န်ဆောင်မှု များပေးခဲ့ပြီး  စျေးကွက်ယုံကြည်မှုကို တည်ဆောက်ခဲ့ကြပါသည်။  

၂၀၁၇ ခုနှစ်မှာတော့ Yoma Fleet သည် ခေတ်မီသောအဆင့်သစ်တစ်ခုသို့ စတင်ပြောင်းလဲကာ လူပုဂ္ဂိုလ်များနှင့် အသေးစားလုပ်ငန်းများအတွက် နေ့စဉ်/ရက်တို ကားငှားဝန်ဆောင်မှုဖြစ်သော Yoma Car Share ကို စတင်မိတ်ဆက်ခဲ့ပြီး၊ ယာဉ်အနည်းငယ်ဖြင့် စတင်ခဲ့ပါသည်။ ဤအပြောင်းအလဲသည် စျေးကွက်တိုးချဲ့ခြင်းသာမက၊ အနာဂတ်အတွက် ဆန်းသစ်သော လိုအပ်ချက်များကို နားလည်သဘောပေါက်လာစေပါသည်။ Customer များအတွက် လွယ်ကူသော ရွေးချယ်မှုများ လိုအပ်လာခဲ့ပြီး၊ Yoma Fleet တွင်လည်း ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သော ပလက်ဖောင်း စနစ်တစ်ခုက ရှိနေခဲ့ပါသည်။ 

၂၀၁၈ မှာတော့ ပထမဆုံးသော မိုလ်ဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် နာရီပိုင်းမှစတင်ပြီး နေ့အလိုက်အထိ  ငှားရမ်းနိုင်သော ကားအငှားဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပြီး ဒစ်ဂျစ်တယ်  စနစ်ခေတ် ဖက်ကိုပြောင်းလဲနိုင်ဖို့အတွက်လှုံဆောင်ပေးလိုက်သည့်အရွေ့တစ်ခုပင်ဖြစ်လာပါသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်တို့သည် စနစ်များကိုတည်ဆောက်ခြင်း၊ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားခြင်းများနှင့်အတူ  မြန်မာနိုင်ငံတွင် မော်တော်ယာဉ်စျေးကွက်ဝန်ဆောင်မှုအသစ်ကို  ပုံဖော် ဖန်တီးလာခဲ့ကြသည်။  

ယနေ့အချိန်ထိဖြတ်သန်းခဲ့သည့် ဆယ်တစ်နှစ်တာ ကာလအတွင်းမှာ Yoma Fleet သည် မြန်မာနိုင်ငံတွင် အကြီးမာဆုံးသော ယာဥ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း အဖြစ်ရပ်တည်လျက်ရှိပြီး  ကာလတို ငှားရမ်းခြင်းနှင့် ကာလရှည်ငှားရမ်းခြင်းများကို တစ်နေရာတည်းတွင် ပြီးပြည့်စုံစွာဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကားငှားခြင်းဆိုင်ရာဝန်ဆောင်မှုများကိုပေးရုံသာမကပဲ မော်တော်ယာဉ်နှင့် လုပ်ငန်းသုံး စက်ယန္တရားပစ္စည်းများမှစပြီး အီလက်ထရောနစ်ပစ္စည်းများအထိ  ဆန်းသစ်သော နည်းပညာကိုအသုံးပြုကာ ငှားရမ်းဝယ်ယူနိုင်သည့် ဝန်ဆောင်မှုများကို ပေးလျက် ရှိပါ သည်။  

၂၀၂၄ ခုနှစ်ကိုရောက်ရှိလာချိန်မှာတော့ Yoma Fleetသည် Telematics ကုမ္ပဏီတစ်ခုကို ဝယ်ယူခဲ့ပြီး နည်းပညာပိုင်းနှင့် တီထွင်ဆန်းသစ်မှုများအပေါ်တွင် ပိုမိုအာရုံစိုက်ကာ နောက်ထပ်ခြေလှမ်း အသစ်အနေဖြင့်  မြန်မာနိုင်ငံတွင် IoT ဝန်ဆောင်မှုအား ယုံကြည်မှုအပြည့်နှင့် ပေးနိုင်ဖို့အတွက် စတင်ခဲ့ပါသည်။ Yoma Fleet၏ လုပ်ငန်းများအတွက် ဒီဂျစ်တယ်နည်းပညာကိုအခြေခံသည့် လုပ်ငန်းပိုင်းဆိုင်ရာ Mobile Application  ၃ခုနှင့်အတူ Website ၅ခုမှတစ်ဆင့် ဝန်ဆောင်မှုများကို မြန်မာတစ်နိုင်ငံလုံးကို မြန်ဆန်လွယ်ကူစွာပေးနိုင်ခဲ့ပါသည်။  

ကျွန်ုပ်တို့အနေဖြင့် ယာဥ်၊ယန္တရားစက်ကိရိယာများနှင့် နည်းပညာပိုင်းဆိုင်ရာကိုသာမကပဲ သုံစွဲသူများအပေါ်မှာ အကျိုးသက်ရောက်မှုရှိခြင်းကိုလည်း အဓိကထားပြီးဆောင်ရွက်ပါသည်။ သို့ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံရှိ လူနေထိုင်မှုပုံစံများနှင့် ငွေပေးချေခြင်းဆိုင်ရာများတွင် ပိုမိုတိုးတက်ကောင်းမွန်သော အတွေ့အကြုံများကိုရရှိစေရန်ရည်ရွယ်ကာ သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေါင်းစပ်ဖော်ဆောင်ထားသည့် ဝန်ဆောင်မှုအသစ်များကို ပေးနိုင်ဖို့လည်း စမ်းသပ်လုပ်ဆောင်လျက်ရှိပါသည်။  နည်းပညာများနှင့်အတူ ယှဥ်တွဲနေထိုင်နေရတဲ့ ယနေ့ခေတ်မှာ ရေရှည်တည်တံ့သော ဖြေရှင်းချက်နည်းလမ်းများဖြင့် ပိုမိုကောင်းမွန်သော အနာဂတ် – ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံကို တည်ဆောက်ရန်မှာ ကျွန်ုပ်တို့၏ ရည်မှန်းချက်တစ်ရပ်ပင် ဖြစ်ပါသည်။ 

ရန်ကုန်မြို့၌ စတင်ခဲ့သော ကားအငှားဝန်ဆောင်မှုပေးခြင်းမှ မော်တော်ယာဥ်စီမံခန့်ခွဲခြင်း၊ နိုင်ငံတစ်ဝန်း လုံးတွင် ယာဉ်နှင့်လုပ်ငန်းသုံး စက်ယန္တရားများကို ငှားရမ်းဝယ်ယူခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အခန်းကဏ္ဍများမှဝန်ဆောင်မှုများပေးခြင်းသို့ရောက်ရှိလာသော  Yoma Fleet ၏ ခရီးစဥ်မှာ ဆန်းသစ် တီထွင်မှုများဖြင့် စဥ်ဆက်မပြတ် ပြောင်းလဲတိုးတက်ခြင်းများနှင့်အတူ ရှေ့ဆက်နေမှာဖြစ်ပါသည်။