Yoma Fleet ၏ ၁၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

Yoma Fleet ၏ ၁၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

Yoma Fleet ၏ ၁၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

Yoma Fleet သည် ၂၀၂၅ ခုနှစ်တွင် ဆန်းသစ်တီထွင်မှု၊ အောင်မြင်မှုများစွာဖြင့် ၁၁ နှစ်တာ ခရီးတစ်ခုကို မှတ်တိုင် အဖြစ်ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ဤအောင်မြင်မှုကို ဂုဏ်ပြုသောအားဖြင့် ကုမ္ပဏီသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့သည်။ Yoma Fleet ၏ အခမ်းအနားတစ်လျောက် အဓိကပုံရိပ်များကို အောက်တွင် ကြည့်ရှုကြပါစို့။

CEO ၏ မိန့်ခွန်း အမှာစကား

Yoma Fleet ၏ CEO ဖြစ်သူ မစ္စတာ Ben Koo သည် ကုမ္ပဏီ၏ ၁၁ နှစ်တာ ခရီးစဥ်အကြောင်းကို ပြန်လည်ဝေမျှ ခြင်းဖြင့် မိန့်ခွန်းကို စတင်ပြောကြားခဲ့ပါသည်။ CEO သည် ဝန်ထမ်းများ ၏ ကြိုးပမ်းအားထုတ်မှုများ အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ အဓိကရရှိခဲ့သော ပန်းတိုင်များကို ပြောကြားခဲ့ကာ၊ Yoma Fleet ၏ အနာဂတ်အတွက် ရည်မှန်းချက်များကို မျှဝေခဲ့ပါသည်။ မစ္စတာ Ben Koo သည် ကုမ္ပဏီ၏ ရည်မှန်းချက်ကို ပြန်လည်သတိရစေဖို့မှာကြားခဲ့ပြီး၊ အနာဂတ်တွင် အကောင်းဆုံးဖြစ်စေရန် ဆက်လက်ကြိုးစားကြဖို့ ပြောကြားခဲ့ပါသည်။

11 Years Celebration: Yoma Fleet CEO's Speech
Yoma Fleet CEO ၏ မိန့်ခွန်း အမှာစကား

ကြိုးစားအားထုတ်မှုများနှင့် ထူးချွန်မှုများ အတွက် ဂုဏ်ပြုခြင်း

ယခင်နှစ်မှ ဆုရရှိသူများသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် ဇာတ်လမ်းများကို မျှဝေခဲ့ပြီး ယခုနှစ်အတွက် ဆုများကို ချီးမြှင့်ခဲ့သည်။ ဆုရရှိသူများသည် ကိုကောင်းမြတ် (Above & Beyond Award)၊ မဆုပိုင်ကျော် (Rising Star Award)၊ မဝါဝါအောင် (Best Employee Award) နှင့် Yoma Fleet Operations Team (Best Team Award) တို့ဖြစ်ပါသည်။ ဤဆုများသည် Yoma Fleet ၏ အောင်မြင်မှုအတွက် အဓိက အရေးပါသော စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှုနှင့် ထူးချွန်မှု့တို့ကို ဂုဏ်ပြုခဲ့သော ဆုများဖြစ်ကြပါသည်။

11 Years Celebration- Past Award Winners
အခမ်းအနားပုံရိပ်များ
11 Years Celebration- Awards Ceremony
အခမ်းအနားပုံရိပ်များ
11 Years Celebration- Awards Winners
အခမ်းအနားပုံရိပ်များ

ဖျော်ဖြေမှု့များ

ဤအခမ်းအနားတွင် စွမ်းရည်ပြိုင်ပွဲများ၊ Q&A လှုပ်ရှားမှုများ၊ အလှဆုံးဝတ်စားဆင်ယင်သူဆုများ၊ ကံထူးရှင်ဆုများ ပါဝင်ခဲ့ပြီး ညနေခင်းဖျော်ဖြေမှု့များအတွက် စိတ်လှုပ်ရှားမှုကို ပိုမိုတိုးမြှင့်ပေးခဲ့သည်။

11 Years Celebration- Talent Show
အခမ်းအနားပုံရိပ်များ
11 Years Celebration- Talent Show
အခမ်းအနားပုံရိပ်များ
11 Years Celebration- Q&A Session
အခမ်းအနားပုံရိပ်များ

ဆယ်စုနှစ်တစ်ခုတာ အောင်မြင်မှုများအား ပြန်လည်ကြည့်ရှုခြင်း

ပြီးခဲ့သောနှစ်တွင် ကျင်းပခဲ့သည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲသည် Yoma Fleet ၏ ပထမဆုံး ဆယ်စုနှစ်တစ်ခုတာ အောင်မြင်မှုများကို ဂုဏ်ပြုခဲ့ပြီး ပိုမိုကြီးမားသော အောင်မြင်မှုများအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့ပါသည်။ ဤပွဲသည် အဖွဲ့သားများအား အချင်းချင်း ပိုမိုနီးကပ်စေခဲ့ပြီး၊ ကုမ္ပဏီ၏ အနာဂတ်အတွက် မြင်ကွင်းကို ပိုမိုခိုင်မာစေခဲ့ပါသည်။

ကျေးဇူးတင်လွှာနှင့် အနာဂတ်အောင်မြင်မှုများအတွက် ဆုတောင်း

Yoma Fleet ၏ ၁၁ နှစ်ပြည့် အထိမ်းအမှတ်ပွဲသည် သာမန်အထိမ်းအမှတ်ပွဲတစ်ခုထက် ပိုခဲ့ပါသည်— ဤပွဲသည် အဖွဲ့အစည်းလိုက် လုပ်ဆောင်မှု၊ အားထုတ်မှုနှင့် အတူတကွ အောင်မြင်မှုတို့၏ သက်သေတစ်ခုဖြစ်ပါသည်။ ခိုင်မာသော အခြေခံနှင့် ရှင်းလင်းသော မျှော်မှန်းချက်ဖြင့် အနာဂတ်တွင် အောင်မြင်မှုနှင့် ဆန်းသစ်တီထွင်မှုများ ဆက်လက်ရှိစေရန် ဆုတောင်းပေးပါသည်။

Yoma Fleet တွင် ပါဝင်လိုပါသလား? ကျွန်ုပ်တို့၏ Career website ကို ဤနေရာတွင် ဝင်ရောက်ကြည့်ရှုပါ။

11 Years Celebration- Highlights
အခမ်းအနားပုံရိပ်များ
11 Years Celebration- Highlights
အခမ်းအနားပုံရိပ်များ