မင်္ဂလာပါ။ ဒီတစ်ခေါက်မှာတော့ IoT ဝန်ဆောင်မှုဆိုတာ ဘယ်လိုလုပ်ငန်းအမျိုးအစားတွေအတွက် လိုအပ်လဲ။ ဘာကြောင့် လိုအပ်တာလဲ ဆိုတာကို မျှဝေဆွေးနွေးပေးသွားမှာပါ ဖြစ်ပါသည်။ IoT Solutions ဆိုတာ မိတ်ဆွေတို့ သိပြီးဖြစ်သည့်အတိုင်း Internet မှတစ်ဆင့် သင်ပိုင်ဆိုင်သည့် တန်ဖိုးမြင့်ပစ္စည်းများကို အချိန်မရွေး စီမံစောင့်ကြည့်နိုင်သည့် နည်းပညာပဲ ဖြစ်ပါသည်။ ဒါ့ကြောင့် IoT ဝန်ဆောင်မှုဟာ အချိန်၊တည်နေရာအသေးစိတ်နှင့် လုပ်ငန်းလည်ပတ်မှုပုံစံကို သိရှိရန် သို့မဟုတ် စောင့်ကြည့်ရန် လိုအပ်သည့် လုပ်ငန်းအမျိုးအစားများအတွက် လိုအပ်သည်ဟု ဆိုရပါမည်။ ဒီနေ့ခေတ်မှာ မည်သည့်လုပ်ငန်းအမျိုးအစားများက IoT နည်းပညာကို အသုံးပြုပြီး ထိရောက်သော လုပ်ငန်းလည်ပတ်မှုတွေ လုပ်ဆောင်နေလဲဆိုတာ အောက်တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။
(က) သယ်ယူပို့ဆောင်ရေးလုပ်ငန်း (Transportation)
သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် လုပ်ငန်းသုံးယာဉ်များ၏ တည်နေရာ၊ ယာဉ်မောင်း၏ ယာဉ်မောင်းနှင်ပုံ၊ ဆီစားနှုန်း၊ လိုအပ်တဲ့ စက်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကို သိရှိနိုင်ရန်နှင့် ခိုးယူဖျက်စီးမှုရန်ကို လျှော့ချနိုင်ရန် IoT ဝန်ဆောင်မှုကို အဓိက အသုံးပြုကြပါသည်။
(ခ) ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း (Logistics & Supply Chain)
ကုန်စည်ထောက်ပံ့ပို့ဆောင်သည့် လုပ်ငန်းများတွင် ကုန်ပစ္စည်း၏ အပူချိန်၊ စိုထိုင်းမှု စသည့် အခြေအနေ၊ ကုန်စည်ပို့ဆောင်တာနှင့် ထိန်းသိမ်းသိုလှောင်ထားသည့် အချက်အလက်များကို အတိအကျ သိရှိနိုင်ရန်အပြင် အချိန်မီ ကုန်ပို့ဆောင်နိုင်ရန်အတွက် သင့်တော်သည့် လမ်းကြောင်းရွေးချယ်ရာမှာ IoT ဝန်ဆောင်မှုကို အသုံးများပါသည်။
(ဂ) ဆောက်လုပ်ရေးနှင့် လုပ်ငန်းသုံးယန္တရားများ (Construction & Heavy Equipment)
လုပ်ငန်းသုံး ကိရိယာများ ပျက်စီးပျောက်ဆုံးသည့် ပြဿနာမှ ကာကွယ်ရန်နှင့် စက်ပစ္စည်းအသုံးပြုခြင်အပါအဝင် ဆီစားနှုန်းကိုပါ စစ်ဆေးနိုင်ပြီး ပြုပြင်ရန်လိုအပ်သည်များကို ကြိုတင်သိရှိနိုင်ရန်အတွက် IoT ဝန်ဆောင်မှုက အရေးကြီးသော အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါသည်။
(ဃ) စိုက်ပျိုးရေးလုပ်ငန်း (Agriculture)
စိုက်ပျိုးရေးလုပ်ငန်းတွင် ပတ်ဝန်းကျင်အပူချိန်ကို တိုင်းဆနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို အစဉ်အမြဲ စောင့်ကြည့်နိုင်ရန်နှင့် IoT ဝန်ဆောင်မှုကို အဓိက အားကိုးကြရပါသည်။
ယခုမျှဝေပေးခဲ့သည် လုပ်ငန်းခွင်(၄)ခုကတော့ ယနေ့ခေတ်မှာ IoT နည်းပညာကို မဖြစ်မနေအသုံးပြုပြီး အချိန်ကုန်လူပင်ပန်းစေသည့် ပြဿနာများကို လျှော့ချရင်း လုပ်ငန်းလည်ပတ်မှု ပိုမိုတွင်ကျယ်ထိရောက်စေရန် စတင်လုပ်ဆောင်နေပြီပဲ ဖြစ်ပါသည်။
သင်ရော သင့်လုပ်ငန်းခွင် ပိုမိုတိုးတက်ရန်အတွက် IoT ဝန်ဆောင်မှုတွေ အသုံးပြုနေပြီလား…
အသေးစိတ်ကို အောက်ပါအတိုင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
📞24/7 hotline – 09YOMAFLEET or 09966235338