မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသိုက်အဝန်း ကို AWS Cloud Service များ အသုံးပြု၍ တိုးတက်အောင်လုပ်ဆောင်ခြင်း

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသိုက်အဝန်း ကို AWS Cloud Service များ အသုံးပြု၍ တိုးတက်အောင်လုပ်ဆောင်ခြင်း

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသိုက်အဝန်း ကို AWS Cloud Service များ အသုံးပြု၍ တိုးတက်အောင်လုပ်ဆောင်ခြင်း

မြန်မာနိုင်ငံ၏ IT အဖွဲ့အစည်းကို cloud နည်းပညာများဖြင့် ဖွံ့ဖြိုးတိုးတက်မှု စေရန် Yoma Fleet သည်အမြဲတစေ လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် AWS Community Day Myanmar နှင့် AWS User Group Meetups ကဲ့သို့သောပွဲများတွင် တက်ကြွစွာပါဝင်ခဲ့ပါသည်။

အဆိုပါပွဲများကို ကျင်းပရသည့်အဓိကရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် လက်တွေ့ အကူအညီများနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များအား ပေးဆောင်နိုင်ရန် ရည်ရွယ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ ဒစ်ဒစ်ဂျစ်တယ်အသိုက်အဝန်းကို ပိုမိုကြီးထွားလာစေရန်၊ တီထွင်ဖန်တီးမှုပိုမိုကောင်းလာစေရန်၊ နှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုများပြားလာစေရန် အဓိကထား၍ ဆောင်ရွက်လျက်ရှိပါသည်။

AWS Community Day Myanmar 2023: မြန်မာနိုင်ငံ၏ IT အသိုက်အဝန်းကို ပေါင်းစည်းခြင်း

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်၌ AWS Community Day Myanmar ပွဲကို ကျင်းပခဲ့ပါသည်။ ၄င်းအခမ်းအနားကို လူဦးရေ ၄၀၀ ကျော်တက်ရောက်ခဲ့ပြီး AWS အသုံးပြုသူများနှင့် IT ပညာရှင်များအတွက် အရေးပါသော အခမ်းအနားတစ်ခုအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများသည် ၎င်းတို့၏ ကျွမ်းကျင်သည့် နယ်ပယ်နှင့်ပတ်သက်သော အသိပညာများကို မျှဝေပြီး လက်တွေ့လေ့လာမှုများတွင် ပါဝင်ခဲ့ကြသည်။

ပွဲအခမ်းအနားတွင် Yoma Fleet ၏ အခန်းကဏ္ဍ

Yoma Fleet မှအဖွဲ့ဝင်အချို့သည် အခမ်းအနားတွင် speaker များနှင့် facilitator များအား ပိုမို အဆင်ပြေချော့မွေ့စွာ အသိပညာများနှင့် အတွေ့အကြုံများကို မျှဝေနိုင်င်ရန်အတွက် အစီအစဉ်များကို စနစ်တကျ တာဝန်ယူခဲ့ကြပါသည်။ ဤအခမ်းအနားတွင် တက်ရောက်လာကြသူများသည် ၎င်းတို့ကို အသိပညာများ၊ လှုပ်ရှားမှုများနှင့် အတွေ့အကြုံများ ပေးစွမ်းနိုင်သည့် အမှတ်တရ အခမ်းအနားတစ်ခုဖြစ်ခဲ့သည်ဟု ပြောခဲ့ကြပါသည်။

  • ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှု့များနှင့် Lightning Session များ – Yoma Fleet မှဝန်ထမ်းအချို့သည် AWS နည်းပညာများအကြောင်း ဆွေးနွေးပွဲများကို ဦးဆောင်ပြုလုပ်ခဲ့ကြပြီး၊ microservices development နှင့် အခြားစိတ်ဝင်စားဖွယ်နည်းပညာများကို ဖော်ပြဆွေးနွေးခဲ့ပြီး တက်ရောက်သူအားလုံးအတွက် အသိပညာအတွေ့အကြုံအပြည့်အဝရရှိစေခဲ့ပါသည်။
  • AWS GameDay – AWS GameDay အခမ်းအနားကို စီစဉ်ပေးရာတွင်လည်း Yoma Fleet အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဤပွဲတွင် ပါဝင်သူများသည် အချိန်နှင့်တပြေးညီ AWS စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရပြီး၊ လက်တွေ့ကျသော အတွေ့အကြုံများ ရရှိစေခဲ့ပါသည်။

ပွဲတက်ရောက်သူများ၏ တုံ့ပြန်မှုများသည် ဤပွဲ၏ အောင်မြင်မှုကို သက်သေပြနေပြီး၊ မြန်မာနိုင်ငံ၏ IT ပညာရှင်များအနေဖြင့် AWS နည်းပညာ အသိပညာကို တိုးတက်စေရန် အားပေးခဲ့သော ပွဲတစ်ခုကို ကူညီပံ့ပိုးပေးနိုင်ခဲ့ခြင်းမှာ ကျွန်ုပ်တို့အတွက် အထူးဂုဏ်ယူဖွယ်ဖြစ်ပါသည်။

📸 အမှတ်တရ ပုံရိပ်များ

📸 အမှတ်တရ ပုံရိပ်များ

📸 အမှတ်တရ ပုံရိပ်များ

AWS User Group Myanmar Meetup in Bangkok 2024: နိုင်ငံတကာဆက်ဆံရေးများအား ခိုင်မာတိုးတက်စေခြင်း

၂၀၂၄ ခုနှစ် ဇွန်လတွင် AWS User Group Myanmar Meetup ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ AWS ရုံးတွင် မြန်မာနိုင်ငံမှ IT ပညာရှင်များနှင့် အတူ Yoma Fleet သည် စီစဉ်ကျင်းပခဲ့ပါသည်။ ဤပွဲ၏ ရည်ရွယ်ချက်မှာ ပြည်ပတွင်နေထိုင်ကြသော မြန်မာမှ IT ပညာရှင်များအား စုစည်းပေးပြီး အသိပညာမျှဝေမှုများကို လှုံ့ဆော်ပေးရန်ဖြစ်သည်။ ဤအစီအစဉ်သည် မြန်မာနိုင်ငံရှိ IT ကဏ္ဍ၏ နိုင်ငံတကာဆက်ဆံရေးများအား ခိုင်မာတိုးတက်စေရန် အရေးပါသောအခမ်းအနားတစ်ခုဖြစ်လာခဲ့သည်။

ပွဲအခမ်းအနားတွင် Yoma Fleet ၏ အခန်းကဏ္ဍ

Yoma Fleet ၏ အဖွဲ့ဝင် တစ်ဦးမှ microservices development အကြောင်းကို တင်ပြခဲ့ပြီး၊ cloud tools များကို အသုံးပြုခဲ့ကာ စိတ်ဝင်စားဖွယ်ဖြစ်သော scalable နှင့် high-performance systems တည်ဆောက်ပုံကို လက်တွေ့ဆောင်ရွက်မှုများနှင့်အတူ ပြသခဲ့ပါသည်။ ဤတင်ပြမှုတွင် AWS ၏ အရေးပါသောအခန်းကဏ္ဍကို လှုံ့ဆော်ပြသခဲ့ပြီး၊ သီအိုရီပိုင်း အသိပညာများနှင့် လက်တွေ့အသုံးချနိုင်မှုအကြားရှိ ကြားဝင်ချက်ကို ကျွမ်းကျင်စွာဖြေရှင်းပေးနိုင်မှုအရေးပါမှုကို မြန်မာ IT ပရော်ဖက်ရှင်နယ်များအတွက် အထူးသဖြင့် ပြည်ပတွင်အလုပ်လုပ်နေသူများအတွက် ရှင်းလင်းတင်ပြခဲ့ပါသည်။ သီအိုရီကျသော အသိပညာများနှင့် လက်တွေ့စမ်းသပ်အသုံးချမှုများအကြား ချိတ်ဆက်မှုတွင် AWS နည်းပညာသည် အရေးကြီးကြောင်း ပြသခဲ့သည်။ ထိုအကြောင်းအရာသည် နိုင်ငံတကာတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံရှိ IT ပညာရှင်များအတွက် များစွာ အကျိုးရှိစေခဲ့သည်။

မတူညီသော IT နယ်ပယ်များမှ တက်ရောက်သူ ၁၅၀ နှင့်အတူ အဆိုပါပွဲသည် နိုင်ငံတကာဆက်ဆံရေးများအား ခိုင်မာတိုးတက်စေရန်နှင့် အသိပညာဖလှယ်မှုမြှင့်တင်ရန် အရေးကြီးကြောင်း အလေးပေးဖော်ပြခဲ့သည်။ Yoma Fleet သည် ဘန်ကောက်ရှိ မြန်မာ၏ IT အသိုက်အဝန်းကို ပေါင်းစည်းရန် ပံ့ပိုးကူညီခဲ့ပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့ရသည့်အတွက် ဂုဏ်ယူပါသည်။

📸 အမှတ်တရ ပုံရိပ်များ

📸 အမှတ်တရ ပုံရိပ်များ

📸 အမှတ်တရ ပုံရိပ်များ

မြန်မာနိုင်ငံ၏ IT အဖွဲ့အစည်းကို ခိုင်မာစွာ ဖွဲ့စည်းခြင်း

မြန်မာနိုင်ငံ၏ IT နှင့် cloud အဖွဲ့အစည်းများတွင် ကျွန်ုပ်တို့၏ ပံ့ပိုးမှုများသည် ကျွန်ုပ်တို့၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ခိုင်မာသော နည်းပညာ ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်း ကို ပြသပါသည်။ ၎င်းမှာ ခိုင်မြဲပြီး ဆက်စပ်နေသော နည်းပညာ အသိုက်အဝန်းတစ်ခု ဖန်တီးခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ပြောင်းလဲမှုလမ်းကြောင်းကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ဆောင်ရွက်မှုများသည် အကျိုးသက်ရောက်မှုရှိသည်ဟု ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ ပံ့ပိုးမှုများသည် အောက်ပါအချက်များအပေါ် အခြေပြုထားပါသည်။

  • အတတ်ပညာပိုင်း တိုးတက်မှုကို ပံ့ပိုးခြင်း – ကျွန်ုပ်တို့သည် cloud နည်းပညာများအကြောင်း ကို လက်တွေ့ကျသော အတွေ့အကြုံများဖြင့် အသိပညာမျှဝေမှုကို ပံ့ပိုးပေးနေပါသည်။
  • နိုင်ငံတကာဆက်ဆံရေး – မြန်မာနိုင်ငံ IT ပညာရှင်များသည် နိုင်ငံတကာဆက်ဆံရေးများကို ခိုင်မာစေရန် ဆောင်ရွက်ရာတွင်လည်း Yoma Fleet သည် မြန်မာ IT အသိုက်အဝန်း၏ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းပေးရန် ဆောင်ရွက်ပေးနေပါသည်။
  • အသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်မှု – ကျွန်ုပ်တို့သည် အဖွဲ့အစည်းများအား ရည်ရွယ်ပြီး ကျင်းပသော ပွဲများကို ရင်းနှီးမြှုပ်နှံခြင်းအားဖြင့်၊ ကျွမ်းကျင်မှုများ၊ ကိုးကားချက်များနှင့် ပူးပေါင်းဆောင်ရွက်မှု့များကို လုပ်ဆောင်နေသာ ပတ်ဝန်းကျင်တစ်ခု ဖွဲ့စည်းရာတွင် ပံ့ပိုးပေးနေပါသည်။
  • အလုပ်အကိုင်အခွင့်အလမ်းများ – cloud နည်းပညာနှင့် IT ပညာရှင်များ ပိုမိုလိုအပ်နေသော ဤနည်းပညာခေတ်တွင် ကျွန်ုပ်တို့သည် အရည်အချင်းရှိသော ပညာရှင်များအား မြန်မာနိုင်ငံမှာ သာမက နိုင်ငံတကာတွင်ပါ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန် ကူညီပေးပါသည်။

အနာဂတ်တွင် မြန်မာနိုင်ငံရှိ IT အဖွဲ့အစည်း ကို တိုးတက်စေရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံနှင့် နိုင်ငံခြားတွင်ရှိနေသော IT ပညာရှင်များအား ပွဲများနှင့် သင်တန်းများကျင်းပခြင်းဖြင့် အကူအညီပေးရန်၊ သတင်းအချက်အလက်များနှင့် ဆက်ဆံရေးများကို ဆက်လက် ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ တိုးတက်မှု၊ ဖန်တီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လှုံ့ဆော်ခြင်းဖြစ်ပါသည်။

အနာဂတ်တွင် Yoma Fleet သည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်လည်း မြန်မာနိုင်ငံရှိ IT အသိုက်အဝန်းကို တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် IT လုပ်ငန်းခွင်တွင် နည်းပညာဆိုင်ရာခေါင်းဆောင်များအသစ်များကို တိုးပွာလာစေရန် နှင့် မြန်မာနိုင်ငံ၏ cloud နည်းပညာပြောင်းလဲမှုအတွက် အစိတ်အပိုင်းတစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားပါသည်။