Yoma Car Share ကနေ သင်နဲ့ သင့်မိသားစုကို ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်နေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့လည်း ထပ်မံဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ သီတင်းကျွတ်အားလပ်ရက်ဆိုတာက မိမိတို့ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံဆည်းကြရတဲ့လ ဖြစ်တဲ့အတွက်ကြောင့် ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။
အောက်တိုဘာလဆိုတာက မြန်မာနိုင်ငံမှာသာမကပဲ နိုင်ငံတကာမှာပါ ထူးခြားတဲ့ လဖြစ်ပါတယ်။ နိုင်ငံတကာနည်းတူ ဒီလမှာ ရင်သားကင်ဆာအကြောင်း အသိပညာကို မြှင့်တင်တဲ့ အနေနဲ့ ကျွန်ုပ်တို့ရဲ့ လူမှု့ကွန်ရက် စာမျက်နှာတွေနဲ့ စာမျက်နှာတွေရဲ့ ဒီဇိုင်းတွေမှာ ပန်းရောင်ဖဲကြိုးကို ထည့်သွင်း ရေးဆွဲထားမှာပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ ရင်သားကင်ဆာရှိနေရင်တောင် စောစောစီးစီးသိရှိနိုင်ရင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်ုပ်တို့က ဒီအသိပညာကို ဖြန့်ဝေပေးပြီး ကျန်းမာရေးအသိပညာကို မြှင့်တင်ပေးဖို့ ရည်ရွယ်ထားပါတယ်။