Yoma InnoSights မိုဘိုင်းအက်ပလီကေးရှင်းအား မိတ်ဆက်ခြင်း အခမ်းအနား

Yoma InnoSights မိုဘိုင်းအက်ပလီကေးရှင်းအား မိတ်ဆက်ခြင်း အခမ်းအနား

Yoma InnoSights မိုဘိုင်းအက်ပလီကေးရှင်းအား မိတ်ဆက်ခြင်း အခမ်းအနား

မြန်မာနိုင်ငံရှိ မော်တော်ယာဥ်စီမံခန့်ခွဲမှု့ကို တိုးတက်စေရန် မြှင့်တင်ပေးမည့် ခြေလှမ်းတစ်ခု 🚀

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် Yoma Fleet သည် ရန်ကုန်မြို့ရှိ မလီယာ ဟိုတယ်တွင် Yoma InnoSights မိုဘိုင်းအက်ပလီကေးရှင်းအား မိတ်ဆက်ခြင်း အခမ်းအနား ကို ကျင်းပခဲ့ပါသည်။ အဆိုပါပွဲအခမ်းအနားတွင် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ မော်တော်ယာဥ်စီမံခန့်ခွဲမှု့တာဝန်ရှိသူများ နှင့် စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များကို စုပေါင်း ဖိတ်ခေါ်ခဲ့ပြီး Yoma InnoSights မိုဘိုင်းအက်ပလီကေးရှင်း ၏ လုပ်ဆောင်ချက်များအား ပြသခဲ့ပါသည်။

နွေးထွေးစွာ ကြိုဆိုခြင်းနှင့် အနာဂတ်အတွက် ခြေလှမ်းတစ်ခု 🌟

အခမ်းအနားကို တက်ရောက်လာသူအားလုံးအား နွေးထွေးစွာ လှိုက်လှဲ ကြိုဆိုခဲ့ကြပါသည်။ အခမ်းအနားမှု့းသည် မော်တော်ယာဥ်စီမံခန့်ခွဲမှု့ကို Yoma InnoSights မိုဘိုင်းအက်ပလီကေးရှင်းက မည်ကဲ့သို့ တိုးတက်စေရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားရင်း အခမ်းအနားအစီအစဉ်ကို စတင်ခဲ့သည်။

Yoma Fleet ၏ ထုတ်ကုန်ဆိုင်ရာ အထွေထွေမန်နေဂျာ မကေတီဟိန်းမှ လှိုက်လှဲစွာ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ သူမသည် IoT (Internet of Things) ၏သဘောတရားနှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှုတွင် IoT ၏အရေးပါသောအခန်းကဏ္ဍကို ရှင်းပြခဲ့သည်။ Yoma Fleet ၏ နည်းပညာပိုင်းဆိုင်ရာ အခြေအနေတိုးတက်မှုများနှင့်အတူ နောင်လာမည့် IoT ထုတ်ကုန်များအကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။

IoT နှင့် မော်တော်ယာဥ်စီမံခန့်ခွဲမှု့ အပေါ်ထင်မြင်ချက်🌐🚛

ကြိုဆိုမိန့်ခွန်းအပြီးတွင် Yoma Fleet ၏ Operation Services ဆိုင်ရာ အထွေထွေမန်နေဂျာ ဖြစ်သူ ကိုညွန့်လင်းအောင်က “ မြန်မာနိုင်ငံရှိ အများဆုံးမော်တော်ယာဥ်စုကို စီမံခန့်ခွဲခြင်းနှင့် IoT” ဟူသောခေါင်းစဉ်ဖြင့် တင်ပြချက်တစ်ခုပြုလုပ်ခဲ့ပါသည်။ မော်တော်ယာဥ်စီမံခန့်ခွဲမှု့တွင် IoT မှလုပ်ဆောင်ပေးသော အကျိုးကျေးဇူးများဖြစ်သည့် အချိန်နှင့်တပြေးညီ မော်တော်ယာဥ်များအား စောင့်ကြည့်ခြင်း၊ သတ်မှတ်နေရာများ၌ Geofencing နည်းပညာကို အသုံးပြုပြီး Alert များပေးပို့ခြင်း၊ နှင့် ဒေတာအခြေပြု အစီရင်ခံစာများကို ထုတ်ပေးခြင်း အစရှိသည်တို့ကို မျှဝေပြသခဲ့သည်။

Yoma Fleet ၏ IoT နည်းပညာဆိုင်ရာ ဖြေရှင်းချက်များသည် လုံခြုံရေးကို တိုးတက်စေခြင်း၊ ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊ လုပ်ငန်းအောင်မြင်မှုကို မြှင့်တင်ပေးခြင်းစသည် တို့ကိုလုပ်ဆောင်နိုင်ကြောင်း အထူးအလေးပြုဖော်ပြခဲ့ပြီး ၎င်းသည် ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း အဓိကထားကာ ပြောကြားခဲ့ပါသည်။

Yoma InnoSights မိုဘိုင်းအက်ပလီကေးရှင်းအား မိတ်ဆက်ခြင်း 📲✨

IoT အရောင်းပိုင်း မန်နေဂျာ မစောစန္ဒာထက်မှ အချိန်နဲ့တစ်ပြေးညီ ခြေရာခံခြင်း၊ စိတ်ကြိုက်ပြုပြင်နိုင်သော အစီရင်ခံစာများနှင့် geofencing လုပ်ဆောင်ချက်များကဲ့သို့သော Yoma InnoSights ၏အဓိက လုပ်ဆောင်ချက်များအား ပြသခဲ့သည်။ သူမသည် တစ်ဦးချင်းစီ onboarding လုပ်ဆောင်ပေးခြင်း၊ အသုံးပြုသူလမ်းညွှန်၊ ဆက်လက်ဆောင်ရွက်နေသော ထောက်ပံ့မှုများနှင့် နောက်ဆက်တွဲ ဝန်ဆောင်မှုများ အကြောင်းကိုလည်း မိတ်ဆက်ခဲ့သည်။ အနာဂတ်တွင်လည်း Yoma InnoSights မိုဘိုင်းအက်ပလီကေးရှင်းကို ပိုမိုတိုးမြှင့်ထားသည့် စီးပွားရေးထောက်လှမ်းမှူကိရိယာများ၊ ဒေတာဆန်းစစ်မှုဆိုင်ရာ တိုးချဲ့မှု့များ၊ စိတ်ကြိုက်ပြင်ဆင်နိုင်သော ဒက်ရှ်ဘုတ်များ၊ AI ဖြင့်လုပ်ဆောင်နိုင်မည့် ဝန်ဆောင်မှု့များနှင့် အဆင့်မြှင့်နိုင်သော ဖြေရှင်းချက်များစသည်တို့ကို ပိုမိုထည့်သွင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိတ်ဖွဲ့ခြင်းနှင့် ဆုလက်ဆောင်ပေးခြင်း အစီအစဥ်များ 🎁🍽️

Yoma InnoSights မိုဘိုင်းအက်ပလီကေးရှင်းကို မိတ်ဆက်ပြီးနောက်၊ ဧည့်သည်များအား လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံဖလှယ်ခြင်းများနှင့် မိတ်ဖွဲ့ခြင်းကို ပြုလုပ်နိုင်ရန် အတက် အကျွေးအမွေးအစီအစဥ်သို့ ဖိတ်ခေါ်ခဲ့ပါသည်။ Yoma InnoSights သည် မော်တော်ယာဥ်စီမံခန့်ခွဲမှု့ကို မည်ကဲ့သို့ တိုးတက်ပြောင်းလဲသွားစေရန်ကူညီပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားပွဲပြီးဆုံးခါနီးတွင် ဆုလက်ဆောင်ပေးခြင်း အစီအစဥ်များကို ပြုလုပ်ခဲ့ပြီး၊ ကံထူးရှင်များသည် Yoma Fleet ၏ ထူးခြားသော လက်ဆောင်ပစ္စည်းများအား ရရှိခဲ့ကြသည်။ ဤအခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ပြီး ပွဲတက်ရောက်သူများသည် Yoma InnoSights App ကို ၎င်းတို့၏ မော်တော်ယာဥ်စီမံခန့်ခွဲမှု့နည်းဗျူဟာများတွင် ထည့်သွင်းအသုံးပြုရန် ပြင်ဆင်ခဲ့ကြပါသည်။

မြန်မာနိုင်ငံရှိ မော်တော်ယာဉ်စီမံခန့်ခွဲမှုအတွက် မှတ်တိုင်တစ်ခု 📈🇲🇲

ဤအခမ်းအနားသည် Yoma Fleet နှင့် မြန်မာနိုင်ငံရှိ မော်တော်ယာဉ်စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။ Yoma InnoSights မိုဘိုင်းအက်ပ်ကို မိတ်ဆက်ခြင်းသည် စီးပွားရေးလုပ်ငန်း အရွယ်အစားမရွေး ထိရောက်မှုရှိခြင်း၊ ပွင့်လင်းမြင်သာမှုခြင်းနှင့် လုပ်ငန်းလည်ပတ်မှုကို အဆင်ပြေစေခြင်း စသည်တို့ကို တိုးတက်လာစေရန် လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။

Yoma InnoSights မိုဘိုင်းအက်ပ် ကို ဒေါင်းလုဒ်ဆွဲပါ။⬇️

Yoma InnoSights ဝဘ်ဆိုဒ် ကိုဝင်ရောက်လေ့လာပါ။ ⬇️

www.yomainnosights.com

မော်တော်ယာဉ်စီမံခန့်ခွဲမှု၏ အနာဂတ်ကို ကိုယ်တိုင် ဝင်ရောက်ခံစားကြည့်ပါ! 🚚📲