အက်ပ်များတွင် Unit Test နှင့် Automation Test ပေါင်းစပ်ခြင်း၏ အကျိုးကျေးဇူးများ

အက်ပ်များတွင် Unit Test နှင့် Automation Test ပေါင်းစပ်ခြင်း၏ အကျိုးကျေးဇူးများ

အက်ပ်များတွင် Unit Test နှင့် Automation Test ပေါင်းစပ်ခြင်း၏ အကျိုးကျေးဇူးများ

ယုံကြည်စိတ်ချရသော အရည်အသွေးမြင့် ဆော့ဖ်ဝဲတစ်ခုကို တည်ဆောက်ခြင်းသည် လုပ်ငန်းအောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်သည့်အရာပင် ဖြစ်ပါသည်။ ဆော့ဖ်ဝဲလ်တစ်ခုကို အမှားအယွင်းနည်းပြီး ယုံကြည်စိတ်ချရကြောင်း သေချာစေရန်အတွက် အဓိက စမ်းသပ်မှု နည်းလမ်းနှစ်မျိုး ရှိပါသည်။ ၎င်းတို့မှာ Automation Testing နှင့် Unit Testing တို့ပင်ဖြစ်ပါသည်။ ဤစမ်းသပ်မှု နည်းလမ်းများသည် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာ ရရှိယုံသာမက ဆော့ဖ်ဝဲ၏ အရည်အသွေးကိုပါ ထိရောက်စွာနှင့် စရိတ်သက်သာစွာ ဖန်တီးနိုင်စေပါသည်။

Unit Test သည် အဘယ်ကြောင့် အရေးကြီးသနည်း

Unit Test သည် ယူနစ်များ ဟုခေါ်သည့် အက်ပ်၏ အစိတ်အပိုင်းများကို မှန်ကန်စွာ အလုပ်လုပ်ကြောင်း သေချာစေရန် စမ်းသပ်ခြင်း ဖြစ်ပါသည်။ ဤစမ်းသပ်မှုသည် နည်းစနစ်ကျသည့် ဆော့ဖ်ဝဲတည်ဆောက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု အနေဖြင့် ပါဝင်နေပါသည်။ ၎င်းသည် အစောပိုင်း အသေးစားပြဿနာများကို ရှာဖွေပြီး နောက်ဆုံး ထုတ်ကုန်မထွက်မှီ ပြင်ဆင်ပေးနိုင်ခြင်း၊ နောက်ပိုင်းတွင် ဖြစ်နိုင်ချေရှိသော ပြဿနာများကို လျှော့ချခြင်းတို့ကြောင့် အမှားအယွင်းနည်းသော အရည်အသွေးမြင့် နောက်ဆုံးထုတ်ကုန်ကို ဖြစ်ပေါ်စေပါသည်။ Unit Test များကို ပြုလုပ်ထားခြင်းကြောင့် developer များသည် ဆော့ဖ်ဝဲကို အပြောင်းအလဲများ ပြုလုပ်ပြီး တစ်စုံတစ်ခု မှားယွင်းသွားပါက အစောတလျှင် သိရှိနိုင်သောကြောင့် ဆော့ဖ်ဝဲလ်ကို အဆင့်မြင့်တင်ရန်နှင့် တိုးတက်စေရစေ ပိုမိုလွယ်ကူစေနိုင်ပါသည်။ ထို့အပြင် Unit Test သည် ဆော့ဖ်ဝဲလ်ထွက်ပြီးမှ ပြဿနာများကို ဖြေရှင်းခြင်းထက် ကြိုတင်သိရှိနိုင်စေစောကြောင့် များစွာစျေးသက်သာပြီး ကုန်ကျစရိတ်ကို သိသိသာသာ သက်သာစေပါသည်။

ထို့အပြင် Unit Test များသည် development အဖွဲ့၀င်အသစ်များအား ဆော့ဖ်ဝဲလ်၏ အစိတ်အပိုင်းများ အလုပ်လုပ်ပုံကို အချိန်တိုတိုဖြင့် နားလည်နိုင်ရန် ကူညီပေးသည့်အတွက် အလုပ်လုပ်ရာတွင် မြန်ဆန်စေပါသည်။ Unit Test များသည် လျင်မြန်သောတုံ့ပြန်ချက်များကို ပေးစွမ်းနိုင်ပြီး ဆော့ဖ်ဝဲတိုးတက်နေမှု အခြေအနေကို မြန်ဆန်စွာ သိရှိအောင် ပြုလုပ်နိုင်သည်။ ဆော့ဖ်ဝဲလ်၏ Unit Testing ဖြင့် အစိတ်အပိုင်းတစ်ခုစီကို သေချာစွာ စမ်းသပ်ထားသောကြောင့် ကုဒ်များအား စနစ်ကျစေပြီး ဆော့ဖ်ဝဲနှင့်ပတ်သက်သည့် ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်စေပါသည်။ ဤ Unit Test သည် မကြာခဏ ဆော့ဖ်ဝဲလ်များ အဆင်မြင့်တင်ခြင်းကို လုပ်ဆောင်ရသည့် Agile development နှင့် ပိုမို လိုက်လျောညီထွေပြီး အပြောင်းအလဲအသစ်များ ရှိပါကလည်း ပြဿနာအသစ်များ ထပ်မံမပေါ်ပေါက်စေရန် သေချာစေပါသည်။

Automation Test သည် အဘယ်ကြောင့် အရေးကြီးသနည်း

ဆော့ဖ်ဝဲတစ်ခုသည် ပိုမို ရှုပ်ထွေးလာသည့်အခါ ၎င်း၏အရည်အသွေးကို ထိန်းသိမ်းရန်အတွက် Automation Testing ကိုအသုံးပြုရန် အရေးကြီးလာပါသည်။ Automated testing များသည် လုပ်ငန်းစဉ်များကို မြန်ဆန်စေပြီး သေချာမှုရှိစေသောကြောင့် Developer များအတွက် ပိုမိုရှုပ်ထွေးသော ပြဿနာများကို အာရုံထား လုပ်ဆောင်လာနိုင်ပါမည်။ Automated testing များသည် စဉ်ဆက်မပြတ် ထပ်တလဲလဲ လုပ်ဆောင်နိုင်ပြီး အမှားများကို လျှော့ချပေးနိုင်ပါသည်။ Automated test များဖြင့် စမ်းသပ်မှုများကို နည်းပညာနှင့် သက်ဆိုင်သော မည်သည့်အခြေအနေတွင်မဆို ပြုလုပ်နိုင်သည်။ Automated testing စနစ်သည် ကနဦး လုပ်ဆောင်ခြင်းအတွက် စရိတ်စက များပြားသော်လည်း၊ ၄င်းအား ထပ်တလဲလဲ ပြန်လည် အသုံးပြုနိုင်ခြင်းကြောင့် စီးပွားရေးအရ အကျိုးရှိစေပါသည်။ ပြဿနာများကို နောက်ဆုံးထုတ်ကုန်သို့ မရောက်မီ ဖော်ထုတ်ပြီး ဖြေရှင်းပေးနိုင်သောကြောင့် နောက်ပိုင်းတွင် အမှန်တကယ် အသုံးပြုချိန်တွင် ဖြစ်နိုင်မည့် အခြေအနေများကြောင့် ဖြစ်ပေါ်လာမည့် ငွေကုန်ကြေးကျမှုများသော ပြင်ဆင်မှုများကိုလျော့နည်း စေပါသည်။

လုပ်ဆောင်ချက် အသစ်များကို မကြာခဏ ထည့်သွင်းရသည့် အက်ပ်များတွင် အဆင်မြင့်တင်ရန် လုပ်ဆောင်သည့်အချိန်တိုင်း ၄င်းအသစ်နှင့် ဆက်စပ်သော လုပ်ဆောင်ချက်များကို တစ်ခုချင်းစီ လိုက်စစ်ရသည်မှာ မလွယ်ကူသည့် အခြေအနေဖြစ်ပါသည်။ Automation testing သည် ထိုအခက်အခဲများကို လွယ်ကူစွာ ဖြေရှင်းပေးပြီး၊ အဆင့်မြင့်တင်မှု တစ်ခုလုပ်တိုင်း အက်ပ်၏ လုပ်ဆောင်ချက်များကို တစ်ပြိုင်နက်တည်း စစ်ဆေးနိုင်ပါသည်။

Yoma Car Share App တွင် Unit Test နှင့် Automation Test ကိုအသုံးပြုထားခြင်း

Yoma Car Share App တွင် ဆော့ဖ်ဝဲ၏ အစိတ်အပိုင်းများသည် ယုံကြည်စိတ်ချရမှုရှိကြောင်းကို အတည်ပြုနိုင်ရန် Automated Unit နှင့် Functional Testing များကို အသုံးပြုကာ စမ်းသပ်မှုများ ပြုလုပ်ပါသည်။ Unit Testing ကို ကုတ်များ ပြန်လည်စစ်ဆေးမှုများတွင် စမ်းသပ်ပြီး CI/CD development တစ်လျှောက်တွင် ထည့်သွင်းထားပါသည်။ Unit Testing သည် User Creation, Data Management, Vehicle Management နှင့် Reservation Booking အစရှိသည့် အစိတ်အပိုင်းများကို အသေးစိတ် စစ်ဆေးပေးပြီး၊ ဖြစ်နိုင်ချေရှိသော ပြဿနာများကို စောစီးစွာ သိရှိနိုင်စေပါသည်။ ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းသည် ဆော့ဖ်ဝဲ၏ တည်ငြိမ်မှုကို မြှင့်တင်ပေးရုံသာမက နောက်ပိုင်းတွင် လုပ်ဆောင်ရမည့် ပြုပြင်မွမ်းမံမှုများကိုလည်း ပိုမိုလွယ်ကူစေပါသည်။

Unit Testing သည် ဆော့ဖ်ဝဲ၏ အစိတ်အပိုင်းအသီးသီးကို စစ်ဆေးစဉ်၊ End-to-End (E2E) Testing သည် အပ်ပ်တစ်ခုလုံးကို အစမှအဆုံး ချောမွေ့စွာ အလုပ်လုပ်ကြောင်း သေချာစေသည်။ Yoma Car Share အပ်ပ်တွင် ကျွန်ုပ်တို့သည် အပလီကေးရှင်းတစ်ခုလုံးကို ချောမွေ့စွာအလုပ်လုပ်ပြီး အသုံးပြုသူများအား ကောင်းမွန်သော အတွေ့အကြုံကိုပေးဆောင်ကြောင်း သေချာစေရန်အတွက် E2E Testing ကို အသုံးပြုပါသည်။  E2E Testing သည် စီးပွားရေးလုပ်ငန်း ဆိုင်ရာ လုပ်ဆောင်ချက်များ အားလုံးကို ပေါင်းစပ်၍ စမ်းသပ်ပေးသောကြောင့် Manual Testing များဖြင့် မသိရှိနိုင်သည့် ပြဿနာများကိုပါ ဖော်ထုတ်ပေးနိုင်ပါသည်။ ထို့အပြင် အသုံးပြုသူများ လက်တွေ့အသုံးပြုနေစဉ်တွင် ဖြစ်တတ်သော အခက်အခဲများကို ဖော်ထုတ်ပေးနိုင်သောကြောင့်  လက်တွေ့အခြေအနေများတွင် အပလီကေးရှင်းက မည်ကဲ့သို့လုပ်ဆောင်နေသည်ကို သိမြင်ရန်လည်း ကူညီပေးပါသည်။

PLUS+ by Yoma Fleet App တွင် Unit Test နှင့် Automation Test ကိုအသုံးပြုထားခြင်း

PLUS+ by Yoma Fleet App တွင် သုံးစွဲသူပရိုဖိုင်များဖန်တီးခြင်း၊ သုံးစွဲသူဒေတာများအား စီမံခြင်း၊ ထုတ်ကုန်မှာယူမှုများ လုပ်ဆောင်ခြင်းနှင့် စာရင်းစစ်ဆေးခြင်းများတွင် တိကျမှုနှင့် ယုံကြည်စိတ်ချရမှုသေချာစေရန် Unit Testing ကို အသုံးပြုပါသည်။ ဤကဲ့သို့ အသုံးပြုခြင်းဖြင့် ဆော့ဖ်ဝဲ၏ ယုံကြည်စိတ်ချရမှုကို သေချာစေပြီး အသုံးပြုသူများအား လွယ်ကူချောမွေ့သော အတွေ့အကြုံကို ပေးစွမ်းပါသည်။ Unit Testing သည် ပြဿနာများကို စောင့်ကြည့်ဖော်ထုတ်ပေးနိုင်သောကြောင့် ပြုပြင်ထိန်းသိမ်းရန် ပိုမိုလွယ်ကူစေပြီး စရိတ်ကုန်ကျမှုများကိုလည်း လျော့ချပေးပါသည်။ Unit Test များသည် လုပ်ဆောင်ချက် မှတ်တမ်းစာရင်းအနေဖြင် လည်း အသုံးဝင်သောကြောင့် အသစ်ရောက်လာသည့် development အဖွဲ့ဝင်များအတွက်လည်း ဆော့ဖ်ဝဲ၏ အစိတ်အပိုင်းအသီးသီးသည် မည်ကဲ့သို့အလုပ်လုပ်ကြောင်းကို နားလည်နိုင်ရန် ကူညီပေးပါသည်။ ထို့ကြောင့် Unit Test သည် Agile နည်းလမ်းများနှင့်အညီ ရှင်းလင်းသပ်ရပ်သော ကုတ်ပုံစံမျိုးကို ပေးစွမ်းနိုင်ပါသည်။

PLUS+ App ၏ Admin ဆိုင်ရာ လုပ်ဆောင်မှု အပိုင်းတွင်လည်း Automation Testing သည် Smoke Testing များကို ချောမွေ့စေသောကြောင့် စမ်းသပ်မှုလုပ်ငန်းစဉ်များတွင် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါသည်။  ဤကဲ့သို့ လုပ်ဆောင်ချက်များကို ထပ်တလဲလဲဖြင့် အလိုအလျောက်လုပ်ဆောင်နိုင်ခြင်းသည် အချိန်ကုန်သက်သာစေသည့် အပြင် ကျွန်ုပ်တို့၏ developers များသည်လည်း အက်ပ်၏ လုပ်ဆောင်ချက်များအား ပြုပြင်မွမ်းမံခြင်းအပေါ် ပိုမို အာရုံစိုက်နိုင်ပါသည်။။ PLUS+ တွင် Unit Test နှင့် Automation Test ၏ ပေါင်းစပ်မှုသည် အက်ပ်ကို ယုံကြည်စိတ်ချနိုင်ပြီး အသုံးပြုသူများ၏ လိုအပ်ချက်များအတိုင်း ထိရောက်စွာ ပြင်ဆင်ပေးနိုင်မည်ဖြစ်ပါသည်။

နိဂုံး

Yoma Fleet တွင် ကျွန်ုပ်တို့သည် ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်အတွင်း Automation Test နှင့် Unit Test များကို ပေါင်းစပ်အသုံးပြုခြင်းကို ဦးစားပေးဆောင်ရွက်ပါသည်။ Automation Testing သည် လုပ်ငန်းစဉ်ကို မြန်ဆန်စေပြီး တိကျမှုကို မြှင့်တင်ပေးကာ Unit Testing သည် ဆော့ဖ်ဝဲလ်အစိတ်အပိုင်းတစ်ခုစီ၏ မှန်ကန်သောလုပ်ဆောင်နိုင်စွမ်းကို အတည်ပြုပေးပါသည်။ ကျွန်ုပ်တို့၏ထုတ်ကုန်များတွင် ဤစမ်းသပ်မှုနည်းလမ်းများကို အသုံးပြုခြင်းဖြင့် ဆော့ဖ်ဝဲများ အား တည်ငြိမ်မှုရှိစေခြင်း၊ အသုံးပြုသူစိတ်ကျေနပ်မှုရှိခြင်း၊ နှင့် လိုက်လျောညီထွေရှိမှုရှိခြင်းကို ရရှိနိုင်ပါသည်။