စည်းမျဥ်းစည်းကမ်းများ

စည်းမျဥ်းစည်းကမ်းများ

Yoma Fleet အကြောင်း
    Yoma Fleet Limited ကိုမြန်မာနိုင်ငံတွင် မော်တော်ယာဉ်အငှား ဝန်ဆောင်မှုလုပ်ငန်းဖြင့် ၂၀၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မိခင်ကုမ္ပဏီဖြစ်သည့် ရိုးမအုပ်စု (Yoma StrategicHoldings Ltd)၏ ရိုးမဘဏ္ဍာရေး ဝန်ဆောင်မှုများ လက်အောက်တွင် မော်တော်ယာဉ်နှင့် လုပ်ငန်းသုံးစက်ယန္တရားများကို ငှားရမ်းဝယ်ယူနိုင်သည့် လုပ်ငန်းကိုပါတိုးချဲ့ခဲ့သည်။ Yoma Fleet သည် 2020 ခုနှစ်တွင် Yoma Plus (PLUS+) ကို မိတ်ဆက်ခဲ့ပြီး ဝန်ထမ်းများ၏ ငွေကြေးကိစ္စအဆင်ပြေအောင် ဂရုစိုက်ပေးခြင်းဖြင့် လုပ်ငန်းခွင်တွင် ဝန်ထမ်းများမြဲမြံစေရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန်အတွက် ဖန်တီးထားသည့် အစီအစဉ်ဖြစ်ပါသည်။ Yoma Fleet Limited သည် ကားစီမံခန့်ခွဲမှုစက်မှုလုပ်ငန်းကို ပြောင်းလဲစေမည့် စီမံချက်များစွာကို ဦးဆောင်လုပ်ဆောင်လျက်ရှိသည်။ Yoma Fleet ၏ PLUS+ သည် ဝန်ထမ်းများအား ပိုမိုပါဝင်ခွင့်ရစေရန် နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဝန်ထမ်းများအတွက် ဖန်တီးမှုအပြည့်ဖြင့် ထုတ်လုပ်ထားသည့် e-commerce ပလက်ဖောင်းများကို ထောက်ပံ့ပေးပြီး ဘဏ္ဍာရေးပါဝင်မှုကို မြှင့်တင်ပေးပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ မကြာသေးမီက မိတ်ဆက်ထားသည့် IoT ဆန်းသစ်တီထွင်မှုများသည် သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ကုန်များတွင် လွယ်ကူချောမွေ့မှုနှင့် ထိရောက်မှုကို ပြန်လည်သတ်မှတ်ပေးနိုင်မည်ဖြစ်ပါသည်။ အရည်အသွေး၊ ဆန်းသစ်တီထွင်မှုနှင့် ဖောက်သည်ကျေနပ်မှုများကို အထူးအလေးပေးကာ ကျွန်ုပ်တို့သည် သယ်ယူပို့ဆောင်ရေး၊ နည်းပညာနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများတွင် ဆက်လက်ပြီး ဆန်းသစ်တိုးတက်မှုများကို ဦးဆောင်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သုံးစွဲခြင်းနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ စည်းမျဉ်းစည်းကမ်းများကို လက်ခံခြင်း
    (က) Yoma Fleet Limited ၏ ဝန်ဆောင်မှုများကို သုံးစွဲခြင်းဖြင့် သင်သည် ဤစည်းမျဉ်းစည်းကမ်းများကို လက်ခံပြီး လိုက်နာရန် သဘောတူပါသည်။ (ခ) ဤစည်းမျဉ်းစည်းကမ်းများနှင့် သဘောမတူပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သုံးစွဲခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၂။ ရရှိနိုင်သော ဝန်ဆောင်မှုများ
    Yoma Fleet Limited သည် ကားငှားရမ်းခြင်း (Yoma Car Share, Truck & Trailer by Yoma Fleet), ကားနှင့် ပစ္စည်းများ၏ ဘဏ္ဍာရေးဆိုင်ရာငှားရမ်းခြင်း (Easy Lease and Lease-to-Buy), ဝန်ထမ်းများ၏ ဘဏ္ဍာရေးဆိုင်ရာ အကျိုးစီးပွားအစီအစဉ် (PLUS+), မြန်မာနိုင်ငံ၏ ပထမဆုံး အရောင်းအဝယ်ပြုလုပ်နိုင်သော ပလက်ဖောင်း (Yoma Link), အီလက်ထရွန်းနစ် ငှားရမ်း-ဝယ်ယူနိုင်သည့်အစီအစဉ် (Better Combo), IoT ဆန်းသစ်တီထွင်မှုများ (Yoma InnoSights) နှင့် အခြားဆက်စပ်သော ဝန်ဆောင်မှုများကို ပေးသည်။
၃။ အသုံးပြုသူ၏ တာဝန်များ
    (က) သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း အသုံးပြုရန် သဘောတူပါသည်။ (ခ) သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တရားမဝင်ခြင်းဖြစ်စေ၊ လိမ်လည်ခြင်းဖြစ်စေ၊ ခွင့်ပြုချက်မဲ့ လုပ်ဆောင်ခြင်းဖြစ်စေ၊ မည်သည့်နည်းဖြင့်မဆို အလွဲသုံးစားမပြုရန် သဘောတူပါသည်။ (ဂ) သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ သို့မဟုတ် စနစ်များကို ၀င်ရောက်စွက်ဖက်ခြင်း ၊ သို့မဟုတ် ဖျက်ဆီးခြင်း မပြုရန် သဘောတူပါသည်။
၄။ အကြောင်းအရာ၏ အသုံးပြုမှု
    (က) ဤဝက်ဘ်ဆိုက်ပေါ်ရှိ အကြောင်းအရာသည် အထွေထွေသတင်းအချက်အလက်နှင့် အသုံးပြုမှုအတွက်သာဖြစ်သည်။ သတိပေးချက်မရှိဘဲ ပြောင်းလဲနိုင်သည်။ (ခ) ဤဝဘ်ဆိုဒ်ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းသည် ပျက်စီးဆုံးရှုံးမှုကို ပေးဆောင်ရမည့် ချမှတ်ချက်တစ်ခု ဖြစ်စေသည့်အပြင် ရာဇဝတ်မှုတစ်ရပ်အဖြစ် အရေးယူခံရနိုင်ပါသည်။
၅။ ငွေပေးချေမှု
    (က) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် သက်ဆိုင်ရာ အခကြေးငွေများကို ပေးချေရန် သဘောတူပါသည်။ (ခ) ကျွန်ုပ်တို့၏ စျေးနှုန်းမူဝါဒအရ ဤအခကြေးငွေများတွင် စာရင်းသွင်းခြင်း၊ အသုံးပြုခြင်း၊ လုပ်ငန်းစဉ်ကြေးအစရှိသော အခြားအခကြေးငွေများ ပါဝင်နိုင်သည်။ (ဂ) ကျွန်ုပ်တို့သည် ကြိုတင်အသိပေးချက်ဖြင့် ကျွန်ုပ်တို့၏ အခကြေးငွေများနှင့် စျေးနှုန်းများကို ပြောင်းလဲနိုင်သည်။ (ဃ) ကျွန်ုပ်တို့၏ အခကြေးငွေများနှင့် စျေးနှုန်းများတွင် ပြောင်းလဲမှုများ သို့မဟုတ် အပ်ဒိတ်များကို ပြန်လည်ကြည့်ရှုပါ။
၆။ ကိုယ်ရေး အချက်အလက်နှင့် ဒေတာကာကွယ်မှု
    (က) ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးအချက်အလက်ကို အထူးတန်ဖိုးထားပြီး ကာကွယ်ပေးပါသည်။ သင့်ကိုယ်ရေးအချက်အလက်၏ လုံခြုံမှုကို ထိန်းသိမ်းထားရန် အရေးကြီးကြောင်း နားလည်ပြီး ကာကွယ်ပေးရန် ကတိပြုပါသည်။ (ခ) ကျွန်ုပ်တို့သည် သင့်ဒေတာကို စည်းကမ်းတကျ လုံခြုံစွာ စီမံခန့်ခွဲခြင်း၊ လုပ်ဆောင်ခြင်းနှင့် ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒဖြင့် အသုံးပြုပါသည်။ (ဂ) ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်မူဝါဒတွင် ကျွန်ုပ်တို့ စုဆောင်းသော ကိုယ်ရေးအချက်အလက်အမျိုးအစားများ၊ စုဆောင်းရသည့် ရည်ရွယ်ချက်နှင့် တရားဝင်အခြေခံချက်များ၊ ထိုအချက်အလက်များကို မည်သို့ သိမ်းဆည်းကာ ကာကွယ်ထားသည့်အကြောင်းနှင့် အချက်အလက်ပိုင်ရှင်အဖြစ် သင့်အခွင့်အရေးများကို အသေးစိတ်ဖော်ပြထားပါသည်။ (ဃ) သင့်ဒေတာကို အထူးဂရုစိုက်အလေးထား၍ ကျွန်ုပ်တို့၏ ဒေတာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုကို ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၇။ မူပိုင်ခွင့်
    (က) Yoma Fleet Limited သည် ကျွန်ုပ်တို့၏ ပလက်ဖောင်းများပေါ်တွင် ပြသထားသော အကြောင်းအရာများနှင့် ပစ္စည်းများအားလုံးကို အပြည့်အဝ ပိုင်ဆိုင်မှုနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကို ပိုင်ဆိုင်သည်။ ဤအရာများတွင် စာသား၊ ပုံများ၊ ဂရပ်ဖစ်များ၊ လိုဂိုများနှင့် ဆော့ဖ်ဝဲအပါအဝင် ဖြစ်သည်။ (ခ) Yoma Fleet Limited ၏ သဘောတူခွင့်ပြုချက်မရှိဘဲအကြောင်းအရာများကို ပြန်လည်ထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်း မပြုရပါ။ (ဂ) အကြောင်းအရာများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း သို့မဟုတ် ပြန်လည်ထုတ်ဝေခြင်းကို တင်းကြပ်စွာ တားမြစ်ထားပြီး ဥပဒေရေးရာ အရေးယူမှု ဖြစ်နိုင်သည်။ (ဃ) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မူပိုင်ခွင့် အခွင့်အရေးများကို အလေးထားပြီး ၎င်းတို့ကို ကာကွယ်ရန် လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၈။ တာဝန်ကန့်သတ်ချက်
    (က) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှ ဖြစ်ပေါ်လာသော တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက်၍သော်လည်းကောင်း ၊ မတော်တဆသော်လည်းကောင်း ၊ အထူးသဖြင့် သို့မဟုတ် ဆက်စပ်ဖြစ်ပေါ်လာသော နစ်နာမှုများအတွက် ကျွန်ုပ်တို့သည် တာဝန်မရှိပါ။ (ခ) ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်း၏ အန္တရာယ်များကို ကျွန်ုပ်တို့၏ အသုံးပြုသူများသိရှိစေရန်နှင့် ဆိုးကျိုးများအတွက် ကျွန်ုပ်တို့သည် တာဝန်မရှိနိုင်ကြောင်း နားလည်စေရန် ကျွန်ုပ်တို့သည် သေချာစေလိုပါသည်။ (ဂ) အသုံးပြုသူများအားလုံးသည် သင့်တော်သော သတိပြုမှုများကို လုပ်ဆောင်ပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုစဉ်အတွင်း အန္တရာယ်များကို ဂရုစိုက်ရမည်ဖြစ်သည်။
၉။ ရပ်စဲခြင်း
    (က) Yoma Fleet Limited သည် သင့်ဝန်ဆောင်မှုများကို အချိန်မရွေး အဆုံးသတ်ရန် သို့မဟုတ် ရပ်ဆိုင်းရန် အခွင့်အရေးရှိသည်။ (ခ) ကျွန်ုပ်တို့သည် သင့်အား သတိပေးချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အကြောင်းပြချက်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်‌‌စေ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ယာယီ သို့မဟုတ် အပြီးတိုင် ရပ်ဆိုင်းနိုင်သည်။ (ဂ) ရပ်စဲခြင်းကို ဆုံးဖြတ်ပါက ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ကို သင့်အား အသိပေးပြီး လိုအပ်ပါက အကြောင်းပြချက်တစ်ခုကို ဖော်ပြပါမည်။ ကျွန်ုပ်တို့သည် ဆုံးဖြတ်မှုလုပ်ငန်းစဉ်တွင် တရားမျှတပြီး အကျိုးအကြောင်းဆီလျောသော ဆုံးဖြတ်ချက်ကို ခံယူရန် ကြိုးစားပါမည်။
၁၀။ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲခြင်း
    (က) Yoma Fleet သည် ဤစည်းမျဉ်းစည်းကမ်းများကို ကြိုတင်အသိပေးချက်မရှိဘဲ အပ်ဒိတ်လုပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းကို ပြုလုပ်နိုင်သည်။ (ခ) အချက်အလက်များကို ပြင်ဆင်ပြီးနောက် ဝဘ်ဆိုဒ်ကို ဆက်လက်အသုံးပြုခြင်းသည် ထိုပြင်ဆင်မှုများကို လက်ခံရမည်ကို ဖေါ်ပြသည်။ Yoma Fleet ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ဤစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ မေးခွန်းများရှိပါက aung@yomafleet.com သို့ ဆက်သွယ်ပါ။