ပိုလွယ်၊ ပိုမြန်၊ ပိုကောင်းတဲ့ PLUS+ နှင့်အတူ သင့်လိုအပ်ချက်တွေကို ဖြည့်ဆည်းလိုက်ပါ။
PLUS+သည် မြန်မာနိုင်ငံရှိ တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများရှိ ဝန်ထမ်းများ၏ ပျော်ရွှင်မှုနှင့် စိတ်ချမ်းသာမှုကို မြှင့်တင်ရန်အတွက် ဝန်ထမ်းအကျိုးခံစားခွင့် ပလက်ဖောင်းတစ်ခုအဖြစ် ငှားရမ်းဝယ်ယူနိုင်ရန် ဒီဇိုင်းရေးဆွဲထားသည့် ပရိုဂရမ်တစ်ခု ဖြစ်ပါသည်။ ဝန်ထမ်းများသည် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို သတ်မှတ်ကာလအတွင်း ၎င်းတို့၏ လစဉ်လစာထဲမှ ဖြတ်တောက်၍ ဝယ်ယူနိုင်သည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအားလုံးသည် ကျွန်ုပ်တို့၏ အသုံးပြုသူများအတွက် အပြန်အလှန် ဆက်သွယ်မှုတိုင်းကို ပိုမိုမြန်ဆန်၊ အဆင်ပြေစေကာ ပိုမိုစမတ်ကျစေပြီး ဝန်ဆောင်မှုအားလုံးကို အွန်လိုင်းတွင် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။
PLUS+ သည် ကုန်ကျစရိတ် အခမဲ့ဖြင့် ဝန်ထမ်းများ၏ အကျိုးခံစားခွင့်အား ရရှိရန် အစပျိုး၍ ဆောင်ရွက်ပေးလျှက်ရှိသည်။ PLUS+ ပရိုဂရမ်မှတဆင့် ဝန်ထမ်းများအား လက်ရှိအချိန်တွင် ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများကို ကူညီပေးရန်နှင့် အနာဂတ်အတွက် ကောင်းမွန်သော ဘဏ္ဍာရေးအစီအစဉ်များကို ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ဝန်ထမ်းများကို ငွေကြေးဆိုင်ရာ ဖြေရှင်းချက်များဖြင့် ပံ့ပိုး လုပ်ဆောင်ပေးလျှက်ရှိသည်။
ပေါင်းစည်းမှုနှင့် ချိတ်ဆက်မှုတို့သည် ကျွန်ုပ်တို့၏ PLUS+ ပရိုဂရမ်၏ အဓိကရည်မှန်းချက် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် ဝေးလံခေါင်သီသော ဒေသများရှိ ဝန်ထမ်းများထံ ကုန်ပစ္စည်းများအားသေချာပေးပို့နိုင်ရန် မိတ်ဖက်များနှင့် နီးကပ်စွာ လုပ်ဆောင်ထားသောကြောင့် မြို့ကြီးများတွင်သာမက နိုင်ငံတစ်ဝန်းလုံးရှိ ဝန်ထမ်းများအတွက်ပါ ဝန်ဆောင်မှုရယူနိုင်ရန် ဆောင်ရွက်ပေးထားပါသည်။
သင့်၏ အဖွဲ့အစည်းသည် PLUS+ တွင် အဖွဲ့ဝင်ဖြစ်ရန်အတွက် ကိုက်ညီချက်ရှိမရှိ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
PLUS+ နှင့်အတူ ငွေကြေးဆိုင်ရာ ပါဝင်မှုကို ပံ့ပိုးပေးခြင်းဖြင့် သင့်၀န်ထမ်း အခွင့်အရေးကို မြှင့်တင်လိုက်ပါ။