မြန်မာနိုင်ငံတွင် မော်တော်ယာဉ်နှင့် စက်ပစ္စည်းများ ငှားရမ်းဝယ်ယူခြင်း၊ ရောင်းချခြင်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အပြည့်အစုံ ဝန်ဆောင်မှုပေးလျက်ရှိသည်။
Yoma Fleet Limited သည်မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အငှား ဝန်ဆောင်မှုလုပ်ငန်းဖြင့် ၂၀၁၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မိခင်ကုမ္ပဏီဖြစ်သည့် ရိုးမအုပ်စု (Yoma Strategic Holdings Ltd)၏ ရိုးမဘဏ္ဍာရေး ဝန်ဆောင်မှုများ လက်အောက်တွင် မော်တော်ယာဉ်နှင့် လုပ်ငန်းသုံး စက်ယန္တရားများကို ငှားရမ်းဝယ်ယူနိုင်သည့်လုပ်ငန်းကိုပါ တိုးချဲ့ခဲ့သည်။ Yoma Fleet သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ငှားရမ်းဝယ်ယူသည့် ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ဆောင်နေပြီးလက်ရှိတွင်သယ်ယူပို့ဆောင်ရေးဆိုင်ရာလုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် IoT ဝန်ဆောင်မှု အစရှိသည့် အဓိကဝန်ဆောင်မှုလုပ်ငန်း အမှတ်တံဆိပ်၇ ခုကိုစီမံလုပ်ဆောင်လျက်ရှိသည်။